Monday, August 15, 2016

"အိမ်ထောင်ပြုတယ်ဆိုတာ ဘ၀များစွာကို ဖန်တီးထုဆစ်ဖို့အတွက် ခြေလှမ်းအစပဲ"


"အိမ်ထောင်ပြုတယ်ဆိုတာ ဘ၀များစွာကို ဖန်တီးထုဆစ်ဖို့အတွက် ခြေလှမ်းအစပဲ"
++++++++++++++++++++++++++++++
အိမ်ထောင်တစ်ခုပြုတယ်ဆိုတာ ဘ၀နှစ်ခုကို ပေါင်းစည်းခြင်းတစ်ခုလို့ ဆိုပေမယ့် အဲ့ဒီပေါင်းစည်းလိုက်တဲ့ ဘ၀တစ်ခုကနေ နောက်ထပ်ဘ၀ပေါင်းများစွာကို ထုဆစ်ဖို့အတွက် ခြေလှမ်းအစတစ်ခုပဲလေ။ အိမ်ထောင်ပြုပြီး ရင်နှစ်သည်းခြာလေးတွေ ရလာတဲ့အခါ သူတို့တစ်ဦးချင်းရဲ့ ဘ၀ဘ၀တွေကို လှပအောင် သာယာအောင် ထုဆစ်ပေးဖို့အတွက် မိဘဆိုတဲ့နေရာကို ရောက်လာကြတော့မှာမဟုတ်လား။ 

အဲ့ဒီအတွက် အိမ်ထောင်တစ်ခုပြုခြင်းဟာ သိပ်ကိုအရေးကြီးပါတယ်။ အိမ်ထောင်မပြုမီမှာ သေချာစဉ်းစားဖို့လိုတယ်။ ဒီဘ၀တစ်ခုကတစ်ဆင့် နောက်ထပ်ဘ၀တွေကို အကောင်းဆုံးဘယ်လိုထုဆစ်ကြမှာလဲ။ အိမ်ထောင်ရှင်နှစ်ဦးစလုံး စိတ်တူကိုယ်တူနဲ့ အနာဂတ်တစ်ခုကို ဖန်တီးကြဖို့အတွက် ခွန်အားတွေကို အတူတူရှာဖွေရမှာပါ။ 

ဒါကြောင့်လည်း အိမ်ထောင်ဖက်ကောင်းရဖို့ သိပ်ကိုအရေးကြီးပါသေးတယ်။ ကိုယ့်အိမ်ထောင်ဘက်ကို အချစ်တစ်ခုတည်းနဲ့ ရွေးချယ်လို့ မရသလို အချစ်မပါလို့လည်း အဆင်ပြေဖို့ခဲယဉ်းပါလိမ့်မယ်။ 

BeeTalk ချစ်သူလေးတွေလည်း အိမ်ထောင်ပြုဖို့စဉ်းစားမိတယ်ဆိုရင်ဖြင့် ကိုယ့်အိမ်ထောင်ရေးကို သေချာစဉ်းစားဆုံးဖြတ်ပြီး အကောင်းဆုံးတည်ဆောက်နိုင်ကြစေဖို့ ဆုမွန်ခြွေလိုက်ပါတယ်နော် ...

မုန်း (BeeTalk)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths