Monday, August 22, 2016

အချိန် ၃ မိနစ်လောက်ပေးဖတ်စေချင်တယ်ဗျ



မောင်နှစ်မ နှစ်ယောက်ရှိတယ်။ မိဘတွေကတော့ သူတို့နှစ်ယောက် ငယ်စဉ်ကတည်းက ဆုံးပါး သွားရှာတယ်။ အကို ဖြစ်သူက ညီမဖြစ်သူကို ပြုစု စောင့်ရှောက်ထားတယ်။ အကို ဖြစ်သူဟာ ဘာသာတရားကို သက်ဝင်ယုံကြည်သူ တစ်ယောက် ဖြစ်တယ်။
ညီမဖြစ်သူက အကိုဖြစ်သူကို မချစ်ပါဘူး။ ဘာလို့ဆိုတော့ အကိုဖြစ်သူဟာ တစ်ပါးသူတွေ အတွက် အသက်ရှင်နေလို့ပါပဲ။ အကိုဖြစ်သူဟာ မိမိထက် တစ်ပါးသောသူတွေကို ပိုပြီး ချစ်ပါတယ်။ မိမိဆင်းရဲရင် ဆင်းရဲပါစေ တစ်ပါးသူတွေ ချမ်းသာရင် ကျေနပ်တယ်ဆိုတဲ့ လူတစ်ယောက်ပေါ့။

တစ်ညမှာတော့ သူတို့အိမ်ကို သူခိုးတစ်ယောက် ၀င်ပြီးခိုးပါတယ်။ သူခိုးဟာ အကိုဖြစ်သူကို ဓားဖြင့် ထောက်ပြီး စားစရာတွေ သူ့ကို ပေးဖို့ ပြောပါတယ်။ ထိုအခါ အကို ဖြစ်သူက သူ၏ ညီမလေးကို ခေါ်ပြီး စားစရာတွေ ပေးဖို့ ပြောလိုက်ပါတယ်။

ထိုအခါ သူခိုးက ဘာလို့ ကျွန်တော်ကို မကြောက်တာလဲလို့ မေးပါတယ်။ ကျွန်တော် ခင်ဗျားကို မကြောက်ပါဘူး။ သနား တာပါ။ ဆိုးသွမ်းနေတဲ့ လူတစ်ယောက်ကို တိရစ္ဆာန်လို ပြုမှုဆက်ဆံလိုက်မယ် ဆိုရင် သူဟာလဲ တိရိစ္ဆာန်လို ပြန်လည် ပြုမှုမှာပဲ။ ” လောကမှာ ပြင်းထန်သော အရာနှစ်ခု တွေ့ဆုံရင် ပေါက်ကွဲ ကြတာဟာ လောကရဲ့ သဘာဝပါ ”
သူခိုးဖြစ်သူက ကျွန်တော် ဒီနေ့မှ ထောင်ကထွက်လာတဲ့ ထောင်ထွက် တစ်ယောက်ပါ။ ကျွန်တော် ဘာလို့ ထောင်ကျသွားတာလဲ ဆိုတာကို ခင်ဗျားကို ပြောပြမယ်။ ကျွန်တော်မှာ မိန်းမရယ် ကလေးရယ် ရှိပါတယ်။ ကျွန်တော်တို့ မိသားစုမှာ စားစရာ မရှိအောင် ဆင်းရဲခဲ့တယ်။ ကျွန်တော်ကလည်း အရက်သမားဆိုတော့ ကျွန်တော် မိသားစုကို ဘာမှ ပြန်ပြီး မထောက်ပံ့ နိုင်တဲ့ အပြင် ရှိတဲ့ ပစ္စည်းတွေကိုလည်း ခိုးယူ ရောင်းချ ခဲ့တော့ အိမ်မှာ ဘာဆို ဘာမှ မရှိအောင် ဖြစ်ခဲ့တာပေါ့။
တစ်ညမှာတော့ ကလေးကလည်း ဗိုက်ဆာလို့ အရမ်းငိုနေတယ်။

မိန်းမကလည်း နေမကောင်း ဖြစ်နေတယ်။ ကျွန်တော်ကတော့ အရက်တွေမှုးနေတာပေါ့။ ကလေးကလည်း လသားလေးပဲ ရှိသေးတော့ ကျွန်တော့် မိန်းမ အလုပ်မလုပ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ မိသားစု အငတ်ဘေးကို ရင်ဆိုင်ရတယ်။ ကျွန်တော် ကလေးနဲ့ မိန်းမအတွက် တစ်ခြားသော အိမ်မှ အစားအစာတွေကို ခိုးဖို့ ဆုံး ဖြတ်လိုက်တယ်။ ကျွန်တော် ကံမကောင်းခဲ့ဘူး။ ကျွန်တော် ဖမ်းမိသွားပြီး ထောင်ကျခဲ့တာပေါ့။

တစ်နေ့ ထောင်က ထွက်လာတော့ ကျွန်တော်ကို ပတ်ဝန်းကျင်က ထောင်ထွက် တစ်ယောက်ဆိုပြီး ဘယ်သူမှ မခေါ်ချင် မပြောချင်တဲ့ အပြင် အလုပ်လည်း မပေးကြဘူး။ ရဲတွေကလည်း ကျွန်တော်ကို အမြဲတန်း စောင့်ကြည့်နေကြတယ်။ ကျွန်တော်တို့ အငတ်ဘေးကို နောက်ထပ် ကြုံတွေ့ရပြန်တာပေါ့ဗျာ။ ဒါကြောင့် ကျွန်တော် နောက်ထပ် ထပ်ပြီး ခိုးရခြင်း ဖြစ်ပါတယ်။

နိဂုံးချုပ်ဖြင်းဆိုသော် လူတစ်ယောက် ဖြစ်လာပြီ ဆိုတာနဲ့ ပတ်ဝန်းကျင် ဆိုတာကတော့ ရှိလာမှာပါ။ မိမိကောင်းတာ ဆိုးတာကို ဝေဖန်ထောက်ပြ ပေးနေတဲ့ အပြင် တစ်ခါတစ်ရံမှာ မိမိ ဘ၀ကိုပါ ဖျက်ဆီး ပစ်စေနိုင်ပါတယ်။ အဲလိုပဲ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံတဲ့ အခါမှာ အချိုကြိုက်သူကို အခါးကျွေးလို့ မရနိုင်သလို အခါးကြိုက်သူကိုလည်း အချိုသွားပြီး ကျွေးရင် ပြဿနာတွေ တက်မှာပါ။
ဒါကြောင့် ရန်ကို ရန်ခြင်း မတုန့်ပြန်ဘဲ အပှုကို အအေးနဲ့ ငြိမ်းကာ ဆိုးသွမ်းသူကို ပဲ့ပြင်ပေးခြင်း အားဖြင့် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ တန်းဖိုးရှိသော အဖိုးတန်သော လူသားတစ်ယောက် ဖြစ်ပါစေ။

Credit : ရိုးရာလေး


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths