ဒီလိုလူတွေကို ရှောင်ပါ ...
(၁) သင့်ကို စိတ်ဓါတ်ကျစေတဲ့သူ
"မင်းလုပ်ရင် ဖြစ်မှာမဟုတ်ပါဘူး" ဆိုတဲ့ စကားအသွားအလာမျိုးနဲ့ သင့်ကို စိတ်ဓါတ်ကျအောင် လုပ်တတ်တဲ့သူမျိုးဆိုရင် ဝေးဝေးကနေရှောင်ပါ။
ဒီလို လူမျိုးတွေဆီက သင့်မှာ မျှော်လင့်စရာ ဘာမှမရှိတဲ့အပြင် သင့်မှာရှိတဲ့ ယုံကြည်မှုနဲ့ စွမ်းအင်ကိုပါ ယုတ်လျော့ထိခိုက်စေနိုင်ပါတယ်။
(၂) သင့်ကို မလေးစားတဲ့သူ
လေးစားမှုဆိုတာ လောကွတ်ချော်ပြီး အတင်းကာရော ပြုံးပြ၊ ကပ်ဖားယပ် ဖားလုပ်ပြနေတာကို ခေါ်တာ မဟုတ်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် ကြားရှိရမယ့် အခြေခံလေးစားမှုကို ဆိုလိုတာပါ။ သင့်အပေါ် မှာ လေးစား မှုမရှိတဲ့ လူတစ်ယောက်၊ သင့်ကို အထင်သေးနေတဲ့ လူတစ်ယောက်အနားဟာ သင်ရှိမနေသင့်တဲ့ ပတ်ဝန်းကျင်ပါ။ ဒါ့အပြင် သူ တို့တွေ သင့်ကိုအထင်သေး တာ မှားယွင်းတယ်ဆိုတာ သက်သေပြဖို့လည်း လိုပါတယ်။
(၃) သင့်ကို နာကျင်စေတဲ့သူ
သင့်ကို ထိခိုက်နာကျင်စေတဲ့သူတစ်ယောက်ဟာသင့်အတွက် လာခြင်းကောင်းသော သူတစ်ယောက် မဟုတ်ပါဘူး။ သင့်ရှိနေ သင့်တာ သင့်ကို နာကျင်စေတဲ့သူအနားမှာမဟုတ်ဘဲ သင့်အတွက် ချမ်းမြေ့ကြည်နူးခြင်းတွေ ယူဆောင်လာပေးမယ့်သူအနားမှာပဲ ဖြစ်သင့် ပါတယ်။
(၄) သင့်ကို လိမ်ညာတဲ့သူ
မရိုးသားတဲ့ သူတစ်ယောက်ဟာ သင့်ကိုထိခိုက်မှုတွေ၊နစ်နာမှုတွေ ဖြစ်စေပါ တယ်။သင့်ကိုလိမ်ညာနေတယ်ဆိုတဲ့အသိဟာသင့်ရဲ့စိတ်အပေါ်မှာ မကောင်း တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ရွှေညာမောင် (Focus Youth)
Ref: Success
Credit>>>Focus Youth E-magazine

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment