Wednesday, August 17, 2016

သင်ဘယ်ကစသည်ဆိုတာထက် ဘယ်မှာဆုံးတယ်ဆိုတာက ပိုအရေးကြီးတယ်





"သင် ဘယ်ကစခဲ့သလဲ ဆိုတာ သင်ဘယ်နေရာမှာ ပြီးဆုံးသွားတယ် ဆိုတာလောက် အရေးမကြီးပါဘူး"

>> အကယ်၍ သင်ဟာ သင့်ကိုယ်သင်တောင် သနားမိတဲ့ အခြေအနေတစ်ခုကို ရောက်ခဲ့ပြီး ကျွန်တော့်ကို "ဇစ်(ခ်) မင်းငါ့အတိတ်ကို နားမလည်နိုင်ပါဘူး"လို့ ပြောခဲ့မယ်ဆိုရင် ကျွန်တော့်မှာ အကြံကောင်းတစ်ခု ရှိပါတယ်။

အဲ့ဒါကဘာလဲဆိုတော့ ဘာကြောင့် သင်မအောင်မြင်ရသလဲဆိုတာ ရှင်းပြမယ့်အစား၊ အခြားလူတွေ ဘယ်လိုအောင်မြင်ခဲ့လဲဆိုတာကို ပြောပြဖို့ပါ။

ဖရန့်ကလင်ဒီရုစဗဲ့လ်၊ ဆာဝင်စတန်ချာချီ၊ ကလာရာဘာတန်၊ ဟယ်လင်ကေးလား၊ မဟတ္တမ ဂန္ဒီ၊ မာသာထရီဇာ၊ မာတင်လူသကင်း ဂျူနီယာ တို့လို ကမ္ဘာ့ခေါင်းဆောင် ၃၀၀ ကို သုတေသနလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုက ဘာပြောလဲဆိုရင် အဲ့ဒီခေါင်းဆောင်တွေထဲက ၂၅ ရာခိုင်နှုန်းက ခန္ဓာကိုယ် သန်စွမ်းမှု ချို့ယွင်းနေကြပြီး နောက်ထပ် ၅၀ ရာခိုင်နှုန်းက အနိုင်ကျင့်ခံရမှုတွေ၊ ဆင်းရဲတဲ့ ပတ်ဝန်းကျင်ရှိတဲ့ ကလေးဘ၀ကို ပိုင်ဆိုင်ခဲ့ရတာပါတဲ့။ 

အဲ့ဒီခေါင်ေးဆာင်တွေဟာ လက်တွေ့ဘ၀ကို လက်လျော့ရမယ့်အစား ကြိုးစားရင်ဆိုင်ခဲ့ကြတယ်။ အဲ့ဒီတော့ အမြဲတမ်းသိထားပါ။ ဘ၀မှာ သင့်ကို ပြောင်းလဲစေမှာက သင့်အပေါ် သက်ရောက်နေတဲ့ အခြေအနေတွေမဟုတ်ပါဘူး။ အဲ့ဒီအခြေအနေတွေကို သင် ဘယ်လို ရင်ဆိုင်ကိုင်တွယ်ပြီး ရှေ့ဆက်သွားမလဲ ဆိုတာပါ။

(အောင်စည်သာ မြန်မာပြန်ဆိုတဲ့ ထိပ်ဆုံးသို့အရောက်သွားမည် ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်များ စာအုပ်မှ)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths