သက်ရောက်မှုတိုင်းမှာ ပြန်လည်သက်ရောက်မှု ရှိနိုင်တယ်ဆိုတာ နယူတန်ရဲ့ နိယာမပေါ့နော်။ ဒါက မှန်ကန်တဲ့အချက်ပါပဲ။ သက်ရောက်မှုတိုင်းမှာ ပြန်လည်သက်ရောက်မှုဆိုတာ အမှန်တကယ် ရှိနိုင်ပါတယ်။ မေတ္တာတရားနဲ့ပဲ ဥပမာ ပေးကြည့်မယ်။ ကိုယ့်ကို မုန်းတီးနေတဲ့ လူတစ်ယောက်ကို သူမုန်းသလို ပြန်မမုန်းပဲ မေတ္တာတရားနဲ့သာ ဆက်ဆံပေးလိုက်ပါ။ မေတ္တာတရားရဲ့ သက်ရောက်မှုကို အဲ့ဒီမုန်းတီးနေတဲ့လူက ဘယ်လိုမှ မခံနိုင်ပါဘူး။ ပထမအဆင့် ဒီလူက ငါမုန်းနေတာတောင် ငါ့ကို မမုန်းဘူးဆိုပြီး အံ့သြနေပါလိမ့်မယ်။ ဒုတိယအဆင့် မမုန်းတဲ့အပြင် မေတ္တာတရားတွေနဲ့ ဆက်ဆံပေးတာကို မြင်လာတဲ့အခါ သူမုန်းတီးပေမယ့် ပြန်မမုန်းတဲ့အပြင် မေတ္တာထားနေတဲ့အတွက် သူ့လုပ်ရပ်တွေကို ရှက်လာလိမ့်မယ်။ တတိယအဆင့် သူ့လုပ်ရပ်တွေကို ရှက်လာပြီး သူ့အပြစ်တွေကို မြင်လာပြီး မေတ္တာတရားတွေပေးနေသူကို သူပြန်ပြီးမေတ္တာတရားတွေ ပြန်ပေးပါလိမ့်မယ်။ ဒါက စစ်မှန်တဲ့မေတ္တာတရားတွေပေးလို့ ပြန်လည်သက်ရောက်မှု ခံစားရတာပါ။ မှားနေတဲ့လူတစ်ယောက် အမှန်မြင်လာဖို့အတွက် အချိန်တစ်ခုတော့ စောင့်ဆိုင်းပြီး အသိပညာပေးဖို့ လိုတာပေါ့နော်။
သက်ရောက်မှုတိုင်းမှာ အမှန်တကယ် ပြန်လည်သက်ရောက်မှု မရှိနိုင်ဘူးဆိုပြီး ယူဆထားသူတွေအတွက် ဖြစ်နိုင်တဲ့အခြေအနေလေးတွေကို
ပြောပြပေးချင်ပါတယ်။ ဖြစ်နိုင်တာက ကိုယ့်ရဲ့မေတ္တာတရားတွေက မျှော်လင့်ချက်တွေ ပါနေသလား တနည်းအားဖြင့် စစ်မှန်ရဲ့လား ကိုယ့်ဘာသာ ပြန်မေးကြည့်ပါ။ နောက်တစ်ခုက မေတ္တာတရားက ရောင်ပြန်ဟပ်ဖို့ အချိန်တစ်ခု စောင့်ဖို့လိုပါတယ်။ အဲ့ဒီအချိန်တစ်ခုမရောက်သေးပဲနဲ့ ငါ့မေတ္တာတရားတွေက ရောင်ပြန်မဟပ်ဘူးလို့တော့ မသုံးသပ်လိုက်ပါနဲ့။
ရွှေရသော်(BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment