ရည်ရွယ်ချက်မျိုးစုံနဲ့ စာဖတ်ကြလေ့ ရှိပါတယ်။ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ဖတ်တဲ့စာအရည်အသွေး၊ စာအမျိုးအစား ကွာခြားသွားမှာပါ။ ပျင်းလို့စာဖတ်တဲ့သူက အပျင်းပြေစေမယ့် ပေါ့ပေါ့ပါးပါး အပျော်ဖတ် စာပေတွေ ဖတ်မယ်၊ တစ်ခုခု ဗဟုသုတလိုချင်တဲ့သူက ဗဟုသုတ ရရှိဖွယ်စာအုပ်စာပေမျိုးတွေ ဖတ်မယ် စသဖြင့် မျိုးစုံရှိပါတယ်။ အသက်အရွယ်အလိုက်လဲ စာဖတ်ရတဲ့ရည်ရွယ်ချက်မျိုးစုံ ကွဲပြားသွားပါလိမ့်မယ်။
ဘယ်လိုရည်ရွယ်ချက်နဲ့ စာဖတ်သင့်လဲ ဆိုရင်တော့ ဗဟုသုတရချင်လို့၊ အကျိုးရှိချင်လို့၊ ဘ၀အတွက် တစ်ခုခုအထောက်အကူ ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဖတ်သင့်ပါတယ်။ စာဖတ်တဲ့အတွက် အချိန်တစ်ခုတော့ ပေးရမှာပဲလေ။ အဲ့ဒီအချိန်ပေးရတာနဲ့ ညီမျှတဲ့အကျိုးရလာဒ်တစ်ခုတော့ ရမှဖြစ်မှာပေါ့။ ကိုယ့်အတွက် ဘာမှအကျိုးမရှိတဲ့ စာမျိုးကို ဖတ်နေရင် အချိန်ကုန်တာပဲ အဖတ်တင်မှာပေါ့။
ရွှေရသော်(BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment