သူတစ်ပါးကြိုးစားမှုကြောင့် အောင်မြင်နေတာကိုကြည့်ပြီးမနာလိုဖြစ်နေလား။ ဒါဆိုသင်ပဲစိတ်ပင်ပန်း
ရမယ်လေ။ ကိုယ့်အကြောင်းထက်သူများအတင်းပြောဖို့စိတ်ဝင်စားနေလား။ ဒါဆိုခင်ဗျားဟာကိုယ့်အချိန်ကိုယ်တန်ဖိုးမထားတတ်မှန်းပေါ်လွင်နေတယ်လေ။ သူ့ကိုသိက္ခာချလိုက်ရလို့ခင်ဗျားပျော်နေလား။ ကြာကြာမပျော်နိုင်ပါဘူး။ ခင်ဗျားလည်းပူလောင်နေရမှာပဲ။
သူ့အောင်မြင်မှုအတွက်မုဒိတာမပွားနိုင်ရင်လည်းဥပေက္ခာပြုပြီး ကိုယ့်ဘဝအတွက်ကိုယ်ကြိုးစား၊ ဒါဆိုနှစ်ဦးနှစ်ဖက်လုံးအေးချမ်းမှုရလိမ့်မယ်။ တကယ်တမ်းစဉ်းစားကြည့်ရင်အနိုင်အရုံးဆိုတာ ခဏတာ သာယာမှုပဲ။
လူသားအချင်းချင်းကိုယ်ချင်းစာတရားဆိုတာရှိခဲ့ရင် စစ်ဆိုတာတွေဖြစ်လာမှာမဟုတ်ဘူး။ ဂုဏ်ပကာသနတွေယှဉ်ပြိုင်နေဖို့ထက် မာသာထရီဇာ လိုလူမျိုးတွေ များများပေါ်ထွက်ဖို့လိုအပ်တယ်။ ကိုယ်တိုင်မာသာထရီဇာမဖြစ်နိုင်ရင်လည်း သူတစ်ပါးကိုမနာလိုမဖြစ်ပဲ တိတ်တိတ်နေခြင်းဖြင့်ကူညီလိုက်ပါ။ ကိုယ်လည်းပရဟိတမလုပ်နိုင် ပရဟိတလုပ်နေတဲ့သူတွေကိုဝေဖန်တယ်ဆိုတာမဖြစ်သင့်ပါဘူး။
Credit #Original Writer
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment