ရခိုင် အရင်သတ် နောက်မှမြွေပွေးသတ်
➖➖➖➖➖➖➖➖➖➖
ဒီ မြန်မာစကားပုံကိုကြားဖူးကြသော်လည်းအဓိပ္ပါယ် သေချာမသိသူတွေရှိပါတယ် အပြောမတတ်ရင် ဆဲတာနဲ့ တူတယ်ဆိုသလိုပေါ့ စကားပုံနဲ့ ပတ်သက်ပြီး အငြင်းပွားနေတာမြင်မိပါတယ်။
လူမျိုးရေးလည်းပါလာတော့ စိတ်မကောင်းဘူး။
ဒီစကားပုံ ကြားဖူးသူတိုင်းက …… ဟာ ဒီလောက်ဆိုးတဲ့မြွေပွေးကို အရင်မသတ်ခိုင်းဘဲ ရခိုင်ကိုအရင်သတ်ခိုင်းတာ ရခိုင်က တော်တော်ဆိုးလို့ မြွေပွေးထက်ကြောက်စရာကောင်းလို့ လို ထင်ကုန်ကြပါတယ်
အမှန်ကမဟုတ်ပါဘူး လုံးဝမှားယွင်းပါတယ်။
စကားပုံရဲ့  တကယ့်အဓိပ္ပါယ်အစစ်အမှန်က
မြွေပွေးအပေါက်ခံရတဲ့အခါ မြွေပွေးကိုမသတ်ခင် အရင်ဦးဆုံး ရခိုင်ဌက်ပျောကိုသတ်ခိုင်းတာပါ ရခိုင်ဌက်ပျောသီးကို အလယ်ကလှီးလိုက်ပြီး မြွေပေါက်ခံရတဲ့ နေရာကို အရင်ပွတ်သပ်အုံပြီးမှ မြွေပွေးကိုသတ်ပါလို့  အရေးပေါ်ဆေးနည်းကို စကားပုံနှင့်ဖေါ်ပြခဲ့တာပါ
ဒါကိုစကားပုံအဖြစ်ဘဲသိပြီး အဓိပ္ပါယ်မသိသူတွေက ရခိုင်ဆိုးလို့ လို့ ထင်နေကြတာပါ တကယ်က ရခိုင်ဒေသဟာ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အချိန်ကာလထဲက သာသနာပြန့် ပွားပြီး ကိုယ်စားတော်တောင်သွန်းလုပ် ပူဇော်ခဲ့တဲ့ ဒေသပါ
အထင်ရှားဆုံး သာဓကတခုက မန္တလေး မဟာမြတ်မုနိပေါ့ ရခိုင်မှာ ဘုရားရှင်ကိုယ်တော်မြတ် သက်တော်ထင်ရှား ရှိချိန်ကာလက ဘုရားရှင်ကိုယ်တိုင် ရင်ငွေ့ ခုနှစ်အုပ်သွင်းလို့ ညီတော်ဘုရားလို့ ဘွဲ့ တော်ပေးခဲ့တာပါ။
ဒါကြောင့် ကိုယ့်လူမျိုးအချင်းချင်းအမုန်းမပွား အချင်းမများစေလိုလို့  ဒီဖြေရှင်းချက်လေး တင်ပေးလိုက်ပါတယ်
ဖတ်ဖူးခဲ့တဲ့ စာအုပ်တအုပ်မှ ဖော်ပြထားပါသည်။
မှတ်ချက်။ ။ တချို့က အသီးမဟုတ်ပဲ
အပင်ရဲ့အလက်ကိုဖြတ်ပြီး
အစေးထွက်တဲ့ဖြတ်စနဲ့ မြွေပွေးကိုက်တဲ့နေရာကို
အဆိပ်စုပ်ထုတ်တယ် လို့ဆိုကြပါတယ်။
#credit_tO_oRiGiNaLwRiTeR
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။
ဖြိုးလေး(MyanmarYouth)ph-09791169860
Tuesday, May 2, 2017
8:21 PM
အထင်မှားအမြင်လွဲစေသောစကားပုံ
MR: EDITOR
Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment