
လူတစ်ယောက်ဟာ သူ့ကားအသစ်စက်စက်ကို တယုတယဖုန်သုတ်နေ တုန်း သူ့ရဲ့ ၄နှစ်အရွယ် သမီးလေးက ကားဘော်ဒီ ပေါ်မှာ သံချွန် နဲ့ခြစ်နေတာ တွေ့လိုက်ရတယ်။ ဒေါသတကြီးနဲ့ ကလေးရဲ့လက်ကို သံပေတံနဲ့ အကြိမ်ပေါင်းများစွာရိုက်ပစ်လိုက်မိတယ်။ အသိစိတ်ဝင် လို့ပြန်ကြည့်လိုက်တော့ ကလေးရဲ့ လက်ချောင်းလေးတွေက သွေးတွေ အများကြီးထွက်လာတာတွေ့လိုက်ရတယ်။ ဆေးရုံရောက်တဲ့အခါ ကလေးရဲ့လက်ချောင်းတစ်ချို့ဟာ ကျိုးကြေသွားလို့ လက်ချောင်းထိပ်လေးတွေ ဖြတ်ခဲ့ရတယ်။
အိမ်ပြန်ရောက်တဲ့အခါ..........
“ဖေဖေ ... သမီးရဲ့ လက်လေးတွေ ဘယ်တော့ အသစ်ပြန်ထွက်မှာလဲဟင်”
ကလေးရဲ့ ဖြူစင်လွန်းတဲ့ မေးခွန်းကြောင့် အဖေဟာ စိတ်ထိခိုက်သွားပြီး ကားကို သွားပြီးဆောင့်ကန်လိုက်တယ်။ ကန်နေရင်းကနေ အမှတ်တမဲ့ ကြည့်လိုက်မိတဲ့အခါ သမီးလေးလုပ်ခဲ့တဲ့ ခြစ်ရာဟာ “ဖေဖေ့ကိုချစ်တယ်” လို့ရေးထားတာမှန်း သိလိုက်ရတယ်။ စာရေးတတ်ခါစ သမီးလေးရဲ့ မညီမညာလက်ရေးကိုတွေ့ရတဲ့အခါ အဖေဟာ ကလေးကိုဖက်ပြီး ရှိုက်ကြီးတငင်ငိုလိုက်ပါတော့တယ်။
တကယ်တော့ အသုံးအဆောင်ဆိုတာ သုံးစွဲဖို့၊ မိသားစုဆိုတာ ချစ်ခင်ကြင်နာဖို့ပါ။ အသုံးအဆောင်ပစ္စည်း ကြောင့် မိသားစုကို နာကျင်ခံစားသွားအောင် မပြုလုပ်မိကြဖို့ ဆန္ဒပြုရင်း။
Ref - moralstories.org
Photo credit - inspirationalstories.xyz
စံဝန်းနီ (ရိုးရာလေး)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment