လူတွေ ငြီးတွားတတ်တဲ့ စကားတစ်ခုရှိတယ်။
" ငါ ဘာလုပ်လုပ်မှားနေတော့တာပဲ"
တဖက်က ပြန်ကြည့်ပြီးပြောမယ်ဆို
"လူတိုင်း အမှားနဲ့ မကင်းကြပါဘူး"
တကယ်တော့ အမှားတွေ တွေ့ကြုံရတယ်ဆိုတာ
ဘဝမှာ ပုံမှန်ကြုံတွေ့နေရတဲ့ အရာတစ်ခုပါပဲ။
အင်္ဂလိပ်စကားပုံ တစ်ခုရှိတယ်
" Mistakes are the proof that you are trying" တဲ့။
"အမှားတွေဆိုတာ သင်ကြိုးစားနေတယ်ဆိုတာကို ပြသနေတဲ့ သက်သေတွေပဲဖြစ်တယ်"
တကယ်တော့ မှားတာက ပြသနာမဟုတ်သေးဘူး။
မှားတဲ့အပေါ်မှာ သင်ခန်းစာမယူပဲ ဆက်မှားနေတာက ပြသနာပါ။
ဒီထက်ပိုဆိုးတာက မှားမှာကြောက်လို့ ဘာမှ ဆက်မလုပ်တော့တာပဲ။
အရင်က ကမ္ဘာအကြီးဆုံး ဖုန်းကုမ္ပဏီကြီးဖြစ်တဲ့ Nokia ရဲ့ CEO ကပြောခဲ့ဘူးတယ်
" ကျွန်တော်တို့ အမှားတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး။ ကျွန်တော်တို့ ကျရှုံးခဲ့ရတယ်"
တကယ်တော့ Nokia ဆိုတာ တစ်ကမ္ဘာလုံးလေးစားရတဲ့ လက်ကိုင်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီးတော့ Apple၊ Samsaung စတဲ့ ဖုန်းကုမ္ပဏီတွေ ပေါ်လာတဲ့အချိန်ထိ ကမ္ဘာ့နံပါတ်တစ်နေရာကို အခိုင်အမာယူထားနိုင်ခဲ့တဲ့ ကုမ္ပဏီကြီးလဲဖြစ်ပါတယ်။
သူတို့ လက်ကိုင်ထားတဲ့ အဓိကနည်းစနစ်က အမှားတွေကို ရှောင်လွှဲပြီး လမ်းကြောင်းပေါ်မှာ အခိုင်အမာ မှန်မှန်လျှောက်နေဖို့ပါပဲ။
ဒါပေမယ့် သူတို့ကျရှုံးခဲ့တယ်။
အဓိက အကြောင်းအရင်းကို အဖြေထုတ်ကြတဲ့အခါမှာ ပြောင်းလဲဖို့ ခေါင်းမာနေခဲ့တာရယ်၊ အမှားတွေ့ကြုံမှာ ကြောက်တာကြောင့် ကျရှုံးနိုင်ချေနဲ့ အောင်မြင်ချေ တစ်ဝက်စီ အခွင့်အရေးရှိတဲ့အရာတွေကို တာဝန်ယူပြီး မရွေးချယ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
မှားမှာကြောက်လို့ ရှောင်လွှဲနေခြင်းဟာလဲ အကြီးမားဆုံးအမှားတစ်ခုပါပဲ။
Credit: မှတ်စုကြမ်း #nayaung
0 comments:
Post a Comment