၁ - ခန္ဓာကိုယ်ပုံစံ
ရုပ်ရည်ပိုင်း အားနည်းပေမဲ့ ခန္ဓာကိုယ် ပိုင်းက ပြင်ဆင်လို့ ရပါတယ်။ ဥပမာ- လက်ပြင် ကုန်းရင် ပြင်ဆင်ပြီး ခန္ဓာကိုယ်ကို မတ်မတ်လျှောက်ပါ။
၂ - သန့်ရှင်းစွာ
ဆံပင်၊အသားအရေ စတာတွေကို သန့်သန့်ရှင်းရှင်း ထားပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုရှိပါ။
၃ - ယုံကြည်မှု
ယုံကြည်မှုရှိမယ်လို့ ထင်တဲ့ အရာမျိုးကို လေ့လာ ဆည်းပူးပါ။ ဥပမာ - ရုပ်ရည် အားနည်းနေပေမဲ့ နယ်ပယ် တစ်ခုမှာ ထူးချွန် တာမျိုးပါ။
၎ - ဆံပင်ပုံစံ
ဆံပင်ဟာ ဒုတိယ မျက်နှာပါ။ ရုပ်ရည်ပြေပြစ် သူတောင် လိုက်ဖက်တဲ့ ဆံပင်ပုံစံ မရှိရင် ရုပ်ဆိုး သွားတတ် ပါတယ်။ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ရှာဖွေပြီး ညှပ်ပါ။
၅ - မျက်နှာ
မျက်နှာကို ဂရုစိုက်ပါ။ ပုံမှန်ပေါင်းတင်ပါ။ ဖြစ်နိုင်ရင် ယုံကြည်ရတဲ့ တန်ဖိုးမြင့် အလှကုန် ပစ္စည်းကိုပဲ သုံးပါ။
၆ - မိတ်ကပ်
မိတ်ကပ်သုံးပါ။ အလွန်အကျွံ ပြင်ဆင် တာမျိုးကို မလိုအပ်ဘဲ မလုပ်ပါနဲ့။
၇ - စိတ်ထားကောင်းပါ
စိတ်ထားကောင်းဖို့ လိုပါတယ်။ ကိုယ့် စိတ်ထားဟာ မျက်နှာမှာ ဖော်ပြပါတယ်။ တစ်ချို့လူတွေဟာ ရုပ်ရည်ပိုင်း အားနည်းပေမဲ့ လူချစ် လူခင် ပေါတာ စိတ်ထားကြောင့်ပါ။
၈ - ပြုံးပါ
မျက်နှာ ချိုတာကလည်း လူတွေကို ဆွဲဆောင်နိုင် ပါတယ်။ အမြဲပြုံးပါ။
၉ - အဝတ်အစား
လိုက်ဖက်တဲ့ အဝတ်အစားကိုပဲ ဝတ်ပါ။ ခေတ်စားနေတဲ့ စတိုင်တွေ နောက်ကို မလိုက်ပါနဲ့။
၁၀ - အစားအသောက်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် တွေပဲစားတဲ့ အလေ့အကျင့်လည်း ရှိပါ။ နေ့စဉ် အသီးအနှံ ဖျော်ရည် တစ်ခွက် သောက်ပါ။
Credit:ဆိုင်မွန်
Sunday, January 15, 2017
1:26 PM
ရုပ်မချောပေမဲ့လှအောင်ဘယ်လိုနေမလဲ
Myanmar Youths Technology Group
No comments
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment