မိန်းမဟူသမျှ ဖန်တန်တန်ပါပဲ
---------------------------------------
တစ်ခါက ပုဏ္ဏားကြီးတစ်ယောက် နန်းတော်ထဲ အခစားဝင်ရင်း ရှင်ဘုရင်နဲ့ အလွန်တရာ ရင်းနှီးသူဖြစ်တာကြောင့် အတွင်းဆောင်ထဲကို ရှင်ဘုရင်နဲ့ တွေ့ဖို့ဝင်လာခဲ့တယ်။
ရှင်ဘုရင်နဲ့ မတွေ့ပဲ ရှင်ဘုရင်ရဲ့ မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက်ရတယ် လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့တပ်မက် ဖွယ် အာရုံကို မြင်တွေ့သွားတယ်။
ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ် မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ် အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံ မလဲ ဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ်ပေါ့။
နောက်ရက်တွေကျတော့ ပုဏ္ဏားကြီး နန်းတော်မဝင်တော့ဘူး ပုဏ္ဏားကြီး နေမကောင်းလို့ အခစား မဝင်နိုင်ကြောင်း ရှင်ဘုရင်ကို လျှောက်တင်ထားကြောင်းလည်း သတင်းစကားကြားလိုက်ရတော့..
မိဖုရားကြီးက စဉ်းစားတယ် ဟိုတစ်နေ့က ကိစ္စနဲ့ ပက်သက် နေသလားပေါ့ ပုဏ္ဏားကြီးက ပညာတော်တယ် အတွေ့အကြုံများ တယ် တိုင်းပြည်အတွက် အားကိုးရလို့ ဘုရင်ကြီးကလည်း အားထား နေရတယ်။
ပုဏ္ဏားကြီးကလည်း ဟိုတစ်နေ့က မြင်ခဲ့ရတဲ့ မိဖုရားရဲ့ နေရောင် မခတဲ့ လျှို့ဝှက်သော အလှကို မျက်စိထဲကကို မထွက်ဘူး ခက်တာ က ရှင်ဘုရင်ရဲ့ မိဖုရား ရှင်ဘုရင်ကိုသတ် ပလ္လင်ပေါ်တက်နိုင်မှအလို ဆန္ဒ ပြည့်ဝရမယ့် အဖြစ် ....
ရင်ထဲဖြစ်တဲ့ ဝေဒနာကို ကျိတ်ခံစားရင်း စားလို့လည်းမရ အိပ်လို့လည်းမရ ကြံမရ စည်မရ ဖြစ်နေတုန်း နန်းတွင်း အစေခံ တစ်ယောက်က မိဖုရားအလှဒေဝီက ပုဏ္ဏားဆီကို အခစား ဝင်စေ အမိန့်တော် ချွေလိုက်သတဲ့ ။
အိုး……… ရင်တွေ တလှပ်လှပ် ဘဝင်မှာ လေဟပ်သလို မြင်ချင် စိတ်နဲ့ သိချင်စိတ်က မစားနိုင် မသောက်နိုင်နဲ့ အိပ်ယာထဲလဲနေတဲ့ ပုဏ္ဏား ဆေးကောင်းစားလိုက်သလို ငေါက်ကနဲထ နန်းတော်ကို ကြွပြီပေါ့။
နန်းတော်လည်း ရောက်ရော မိဖုရားကြီးက အပြုံးလေးနဲ့ ကြိုဆိုရင်း ပုဏ္ဏာကြီး နေမကောင်းဘူဆိုလို့ မေးလိုက်တော့..
မှန်လှပါဘုရား…… အိပ်လို့လည်း မပျော် စားလို့လည်းမရ ရင်ထဲမှာ တမ်းတနေတာက ဘာလိုလို ညာလိုလိုနဲ့ ဘာကိုမှ အလိုမကျ ဖြစ်နေရပါတယ်ဘုရား…………လို့
လူကြီးကြူနည်းနဲ့ စကားလမ်းခင်းကြူသံလေးနဲ့ လျှောက်တင် တာပေါ့လေ။
မိဖုရားကြီးကလည်း သြော်… ပုဏ္ဏားကြီးရယ် ကျမကလည်း ဒါကို သိလို့ ပုဏ္ဏားကြီးအတွက် ဆေးကောင်းသုံးခွက် ဖော်စပ် ပေးထား ပါတယ်လို့ အပြုံးလေးနဲ့ ပြောလိုက်ရင်း
ရှေ့မှာတင်ထားတဲ့ ဆေးခွက်ကို လက်ကမ်းပေးလိုက်တော့
ကိုရွှေပုဏ္ဏားက ဘာပြောကောင်းမလည်း တစ်ကျိုက်တည်းပေါ့ မော့ချပြစ်လိုက်တယ် ဘာမှ မေးမနေတော့ဘူး ချစ်သူတိုက်တဲ့ ဆေးလေ ကောင်းမှ ကောင်းပေါ့
မိဖုရားက နောက်တစ်ခွက် ကမ်းပေးလိုက်ပြန်တယ် ပုဏ္ဏားက လည်း မော့ချပြစ်လိုက်တာပဲ ဒီတခွက်ကျတော့ ဆေးအရသာကို နည်းနည်း ခံစားမိသွားတယ်
ဒုတိယခွက်ကုန်သွားတော့ မိဖုရားက တတိယမြောက် ဆေးခွက်ကို ကမ်းပေးပြန်တယ် ပုဏ္ဏားက နည်းနည်းတွန့်လာပြီ ဆေးခွက်ကို သေချာ ကြည့်နေတယ်
မိဖုရားက သောက်လိုက်ပါ ပုဏ္ဏားကြီးရယ် အားရှိသွားပြီး ရောဂါ ပျောက်တာပေါ့လို့ ချိုချိုလေး ပြောလိုက်တော့ မော့ချ လိုက်ပြန် တယ် ဒီတစ်ခါတော့ ပုဏ္ဏားက မိဖုရားကို သေချာ ပြန်ကြည့်တယ်
နောက် စဉ်းစားနေတယ် ဘာလည်းပေါ့
မိဖုရားကလည်း ဒါကို ရိပ်မိတော့ ပုဏ္ဏားကြီး
၁။ပထမ ခွက်က ဘာခွက်လည်းလို့ မေးလိုက်တော့
ကြေးခွက်ပါဘုရားတဲ့
ဘာအရသာရှိလည်းဆိုတော့
ဖန်တန်တန်နဲ့ပါ ဘုရားတဲ့
၂။ ဒုတိယခွက်က ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော့
ငွေခွက်ပါဘုရားတဲ့
ဘာအရသာ ရှိပါသလည်းဆိုတော့
ဖန်တန်တန်ပါပဲ ဘုရား……တဲ့
၃။ တတိယခွက်ကကော ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော့
ရွှေခွက်ပါဘုရား………တဲ့
ဘာအရသာများ ရှိသလည်းဆိုတော့
ဖန်တန်တန်ပါပဲဘုရား………တဲ့
ပုဏ္ဏားကြီးက မိဖုရားရဲ့ အမေးကို ဖြေနေရင်းနဲ့ စဉ်းစားမိလာတယ် သြော်……… အပေါ်ယံ ခွက်ကသာ ပြောင်းပေမယ့် အထဲက အရသာ က မပြောင်းဘူးဆိုတာ မိဖုရားက ပြောချင်နေတာပဲ
ဘာကြောင့် ပြောချင်နေတာလည်းလို့ ထပ်စဉ်းစားတော့ မိဖုရားကို စွဲလမ်းနစ်သက်မိတဲ့ အတွက်ကြောင့်ပဲ။
မိဖုရားအဆောင် အယောင်တွေနဲ့ ဆိုတော့ ရွှေခွက်နဲ့တူတယ်။
အိမ်က ပုဏ္ဏမက ပုဏ္ဏား အဆောင်အယောင်နဲ့ဆိုတော့ ငွေခွက်နဲ့တူတယ် အရသာကတော့ ဖန်တန်တန်ကြီးပါပဲပေါ့ ဒါကို မိဖုရားက ပြောချင်တာပဲဆိုပြီး သဘောပေါက်သွားတယ်။
မှန်လှပါ သဘောပေါက်ပါပြီ မိဖုရားကြီး မိဖုရားကြီးက ပညာရှိပါ ပေတယ်လို့ ချီးမွှန်းလိုက်တယ်။
မိဖုရားကြီးကလည်း ပုဏ္ဏားကြီးကလည်း ပညာရှိပါပေတယ်လို့ ပြန်ပြောလိုက်တယ်။
ဒီတော့မှ ပုဏ္ဏားကြီးလည်း စိတ်ရောဂါတွေ ပျောက်ပြီး ပုံမှန်အတိုင်းပဲ စားနိုင် အိပ်နိုင် အလုပ် လုပ်နိုင်သွားပါတော့တယ်။
ဒီလိုနားလည်မယ်ဆိုရင်တော့
အိမ်ထောင်ဖက်အပေါ် သစ္စာဖေါက်စရာ မလိုတော့ဘူးပေါ့
အားလုံးက ဖန်တန်တန်ပဲလေ။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏
အခြေပြုပဌာန်းတရားတော် စာအုပ်မှ
အာရုံအကြောင်း ရှင်းပြပုံ ဥပမာကို မှီငြမ်းပါသည်။
Credit
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
👉တိကျမှန်ကန်တဲ့သတင်းအချက်အလက်များ
👉ခေတ်နဲ့အညီပြောင်းလဲတိုးတတ်နေသော နည်းပညာများ
👉သုတ၊ရသ၊ဟာသ၊ကဗျာ စာပဒေသာများ
👉ကျန်းမာရေး ဗဟုသုတများ
👉တေးသီချင်းများ
👉ဗုဒ္ဓစာပေများ
👉Modelအလှဓာတ်ပုံများ
တို့ကို သင့်ဖုန်းနဲ့ သွားလေရာ အလွယ်တကူ ဖတ်ရှုနိုင်ပါပြီ ဂျာနယ်တစ်စောင် ၇၀၀ ပေးဖတ်စရာမလိုပဲ တစ်ရက် အင်တာနက် ၅မိနစ်လောက်ဖွင့်ပေးရုံနဲ့ အားလုံး က သင့်ထံရောက်လာပါပြီ။
မြန်မာလူငယ်သတင်းစုံ နေက်ဆုံးဗားရှင်းရဲ့ Mobile Data Saving System ကြောင့် မိမိမနှစ်သက်တဲ့ သတင်းလိုင်းတွေကို ဖြုတ် ပြီး ဖုန်းဘေ ကို ချွေတာနိုင်ပါပြီ။
တစ်ခုတည်းနဲ့ပြီးပြည့်စုံတဲ့ မြန်မာလူငယ်သတင်းစုံ ကို ဒီနေရာမှာနှိပ်ပြီးအခုပဲရယူလိုက်ပါ။
ကျွန်တော်သိကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ
ကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်
ကျွန်တော့်ပို့ စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများအားအထူးကျေးဇူးတင်ဥပကာရတင်ရှိပါသည်။
ဖြိုးလေး (Myanmar Youth) ph-09791169860
Thursday, March 2, 2017
7:40 PM
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment