လူအများစု ဘဝစာမေးပွဲကို ကျရတဲ့အကြောင်း
အရင်းက တစ်ဦးချင်းစီမှာ မတူညီတဲ့မေးခွန်းလွှာ
ရှိတာကို မသိပဲ အခြားတစ်ဦးဆီက ကူးယူဖို့
ကြိုးစားလို့ပါပဲ"
ငယ်ငယ်တုန်းက စာမေးပွဲတွေ ဖြေတဲ့အခါ
ကိုယ်စာမရတဲ့ အလှည့်ဆိုရင် ဘေးကလူဆီက
အရမ်းကြည့်ချင်မိတယ်။ တစ်ခါတစ်လေ ချွေးပျံ
နေတဲ့အချိန် သူငယ်ချင်းကလည်း မပြရင် ထတောင်
လုပစ်လိုက်ချင်တယ်။ အဲ့ဒီအချိန်တုန်းက အဲ့ဒီ
စာမေးပွဲလေးတွေကို အခက်ဆုံးလို့ ထင်ခဲ့တာပေါ့။
တကယ်အသက်ကြီးလာတဲ့အချိန်ကျမှ ဘဝဆိုတဲ့
စာမေးပွဲကြီးကသာ အခက်ခဲဆုံးဆိုတာ သဘော
ပေါက်လာရတယ်။ ပြီးတော့ ငယ်ငယ်တုန်းကလို
သူများဆီက လှမ်းကြည့်လို့ မရမှန်းသိလာတယ်။
ကျွန်တော်တို့ ရထားတဲ့ မေးခွန်းလွှာတွေ မတူကြ
ဘူး။ ကျွန်တော်တို့မေးခွန်းစာရွက်ပေါ်က ခက်ခဲမှု
တွေကလည်း တစ်ယောက်နဲ့ တစ်ယောက်မတူ
ညီကြဘူး။ အချို့လူတွေရဲ့ ဘဝက ခက်ခဲကြမ်းတမ်း
ပြီး အချို့လူတွေက လွယ်ကူကြတယ်။
အရင်တုန်းကဆို ဟိုလူ့ကိုဖြစ်ချင်၊ ဒီလူလို့ ဖြစ်ချင်
နဲ့အရမ်း စိတ်ပင်ပန်းဖူးတယ်။ အခုနောက်ပိုင်းတော့
မိမိရဲ့ မေးခွန်းလွှာက ခြားနားနေမှန်းသဘောပေါက်
လာတဲ့။ မိမိမေးခွန်းလွှာကို မိမိဘာသာအာရုံစိုက်ပြီး
အဖြေရှာရတာကို ပိုစိတ်ဝင်စားလာတယ်။ သူများ
တွေ လုပ်တိုင်းလိုက်မလုပ်ဖြစ်တော့ဘူး။ သူများတွေ
ရဲ့ အဖြေတွေလည်း သိပ်စိတ်မဝင်စားဖြစ်တော့ဘူး။
ကိုယ့်ဘာသာပဲတိတ်တိတ်လေး ကြိုးစားရင်းနေပျော်
လာတယ်။ ခက်တဲ့မေးခွန်းတွေကိုလည်း စိတ်လှုပ်ရှား
ဖွယ်ရာတစ်ခုအနေနဲ့ ရင်ဆိုင်တတ်လာတယ်။
✍ကောင်းမွန်တဲ့နေ့ရက်တွေက ပျော်ရွှင်မှုတွေလက်
ဆောင်ပေးတယ်။
✍ဆိုးရွားတဲ့နေ့ရွက်တွေက အတွေ့အကြုံတွေကို
လက်ဆောင်ပေးတယ်။
✍အဆိုးရွားဆုံးနေ့ရက်တွေကြောင့် သင်ခန်းစာတွေ
ရခဲ့တယ်။
✍အကောင်းဆုံးနေ့ရက်တွေကြောင့် အပျော်ရွှင်ဆုံး
အမှတ်တရလေးတွေ ရရှိခဲ့တယ်။
✍ကိုယ့်မေးခွန်းလွှာလေးနဲ့ ကိုယ်ပျော်တတ်လာခဲ့ပါပြီ။
#Credit_မိုးရှင်း (I.M.T)
Photo credit: Pint....
အောင်မြင့်မြတ်(Myanmar Youths)
Wednesday, April 12, 2017
10:45 AM
ဘဝဆိုတာအခက်ခဲဆုံးစာမေးပွဲတစ်ခုပါ
Myanmar Youths Technology Group
No comments
MR: EDITOR
Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment