တစ်ခါတုန်းက တောကျီးကန်းလေးဟာ သူ့ဘဝ သူတွေးပြီး ကျေနပ်နေပါတယ်။ တစ်နေ့မှာတော့ တောကျီးကန်းလေး ဟာ ငန်းတစ်ကောင်ကိုမြင်ပြီး အခုလို တွေးထင်မိလိုက်တယ်။***
“ဒီငန်းလေးရဲ့ အရောင်အဆင်းက အရမ်းဖြူတာပဲ၊ ငါ့မှာတော့ မဲလိုက်တာ ၊ ဒီငန်းလေးက လောကမှာ အပျော်ရွှင်ဆုံးငှက် ဖြစ်ရမယ်။”
တောကျီးကန်း ဟာ အဲ့ဒီအကြောင်းကို ငန်းလေး ကို ပြောပြတော့ ငန်းလေး က အခုလိုပြန်ပြောလိုက်တယ်။
“အရမ်းလှတဲ့ ကြက်တူရွေးလေးကို မမြင်ဖူးခင်တုန်းက ကိုယ့်ကိုကိုယ် အပျော်ရွှင်ဆုံးသူအဖြစ် ထင်ခဲ့ဖူးတယ်၊ ကြက်တူရွေးက ငါ့ထက် ပိုလှတယ်လေ၊ အခုတော့ ဒီလောကမှာ ကြက်တူရွေးလေး သာ အပျော်ရွှင်ဆုံး ငှက် လို့ ငါထင်တယ်”
တောကျီးကန်း ဟာ ဒီတစ်ခါမှာတော့ ကြက်တူရွေး ဆီ သွားပြီး အဲ့ဒီအကြောင်းကို ပြောပြတော့ ကြက်တူရွေး က အခုလိုပြန်ပြောလိုက်တယ်။
“ငါလည်း ဒေါင်းတစ်ကောင်ကို မမြင်ဖူးခင်တုန်းကတော့ ပျော်ရွင်ဖူးတယ်လေ၊ ငါ့မှာက အရောင်နည်းနည်းပဲ ရှိတာလေ၊ ဒါပေမယ့် ဒေါင်း ကတော့ အရောင်စုံ ရှိတယ်လေ။”
အဲဒီနောက်မှာတော့ တောကျီးကန်းလေး ဟာ တိရိစ္ဆာန်ရုံ ထဲမှ ဒေါင်းလေးဆီ သွားခဲ့ပါတယ်။ လူတွေ အများကြီး ဒေါင်းလေးကို ဝိုင်းအုံကြည့်နေတာကို တောကျီးကန်းလေး တွေ့လိုက်ပြီး ကိုယ့်ကိုကိုယ် သိမ်ငယ် စိတ်ဝင်လာပါတယ်။
“အို . . . . ဒေါင်းလေးရယ် ၊ အရမ်းလှတာပဲ ၊ နေ့တိုင်း မင်းကို ကြည့်ဖို့ လူတွေအများကြီး လာကြတယ်နော်၊ ဒါပေမယ့် လူတွေက ငါ့လို တောကျီးကန်းကျတော့ အဝေးကိုပဲ မောင်းထုတ်ကြတယ်။ ဒေါင်းလေးရယ် ၊ မင်းကတော့ ဒီကမ္ဘာမှာအပျော်ဆုံးသူလို့ ငါ ထင်တယ်ကွာ။”
တောကျီးကန်းရဲ့ စကားသံကို ကြားတော့ ဒေါင်းလေး ဟာ ဝမ်းနည်းတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။
“ငါလည်း ဒီကမ္ဘာမှာ ငါ့ကိုယ်ငါ အလှဆုံးနဲ့
အပျော်ရွှင်ဆုံး လို့ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် ငါ့အလှ ကြောင့်ပဲ ဒီတိရိစ္ဆာန်ရုံ ထဲမှာ ပိတ်လှောင်ခံထား ရတယ်လေ၊စဉ်းစားလိုက်တဲ့အခါမှာတော့ ကျီးကန်းတွေ ပဲ လှောင်အိမ် ထဲ အထည့်မခံရဘူးဆိုတာ ငါ သဘော ပေါက်လာတယ်၊ ငါ အမြဲတွေးမိတယ်၊ ငါသာ ကျီးကန်း ဖြစ်ရင် လောကမှာ အပျော်ရွှင်ဆုံး ဖြစ်မယ်လို့လေ”
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ ။ ကျွန်တော်တို့တွေလည်း တစ်ယောက်နဲ့တစ်ယောက် ကြားမလိုအပ်ဘဲ နှိုင်းယှဉ်မှုတွေပြုလုပ်ပြီး ဝမ်းနည်းနေ ကြတယ်။ ပိုင်ဆိုင်ထားတဲ့ ဘဝကို တန်ဖိုးထားရ ကောင်း မှန်း မသိကြတဲ့အပြင် မရသေးတဲ့ ဘဝ ကိုပါ အားကျနေတတ်ကြပါတယ်။ ဒါတွေအားလုံးဟာ စိတ် မပျော်ရွှင်စေတဲ့အပြင် ပျက်စီးခြင်း ကိုပါ ဖြစ်စေပါတယ် ။ မရှိတာ ကို တောင့်တ နေမယ့်အစား ရှိတာလေး နဲ့ နေတတ်အောင် ပျော်ရွှင်အောင် လေ့လာပါ ၊ သင်ယူပါ။ လောကမှာ မတူညီမှုတွေက ရှိနေမှာပဲလေ။ ကိုယ့်မှာ ရှိတာ နဲ့ ကျေနပ် ရောင့်ရဲနိုင်တဲ့သူကတော့ လောက မှာ တကယ့် အပျော်ရွှင်ဆုံး လူသားပဲဖြစ်ပါတယ်။***
#Credit_
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။
ဖြိုးလေး(MyanmarYouth)ph-09791169860
Tuesday, May 2, 2017
9:38 PM
လွပ်လပ်သူ
MR: EDITOR
Unknown
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment