Sunday, May 21, 2017
8:39 AM
သင်ခန်းစာ
📒📒📒📒
တခါတုန်း က လူတစ်ယောက် လမ်းလျှောက်ထွက်ရင်း
ဗွက် တွေ ခြေထောက်မှာ ပေသွားတယ်
အဲ့တာနဲ့ သူမှာ ပါတဲ့ လက်ကိုင်ပဝါလေးနဲ့
ပွတ်ပြီးဖျက်လိုက်တယ် လမ်းဆက်လျှောက်သွားတယ်
ခဏနေတော့ ဗွက်ပေတဲ့ခြေထောက်ကို ပြန်ကြည့်တယ်
ပဝါနဲ့ဖျက်ထားပေးမယ် ဗွက်ကခြောက်ပြီး အရောင်
မှိန်မှိန်လေး ထင်ကျန်နေတယ် သူ ဘေးဘယ်ညာကြည့်တယ် ရေ ကွက်လေးတစ်ခုကိုတွေ့တော့
လက်နဲ့ ယူပြီးဆေးကြောလိုက်တယ်
သူလမ်းဆက်လျှောက်သွားတယ် နေကပူလာတော့
နဖူး မှာချွေးထွက်လာတယ် သူလက်နဲ့ သုတ်ဖို့ပြင်တော့
လက်မှာ ဗွက်ဆော်နံ နေတာ သူသိလိုက်တယ်
သူစိတ်ညစ်သွားတယ် ဘယ်သူမှ သူလက်မှာ
အနံစွဲနေမှန်းမသိပေမယ့် သူစိတ်သူမလုံသလို
ခံစားနေရတယ်...
သူရဲ့ မလုံတဲ့စိတ်ကြောင့်သူဟာ ပိုပင်ပန်းလာတယ်
သူလမ်းလျှောက်နေရင်း ပြန်စဉ်းစားတော့
ဒါဟာ ကိုယ်ရဲ့ စွန်းထင်း တဲ့ အရာတစ်ခုကို
ဖျောက်ဖျက် ဖို့ ကြိုးစားတိုင်း ဆက်တိုက်
တစ်ခုပြီးတစ်ခုဖြစ်လာတယ်ဆိုတာရယ်
ရေနဲ့ဆေးရရင်တောင် သူလက်တော့ရေစိုခံရမယ်
တကယ်စွန်းထင်ဖူးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ညာလို့
လိမ်လို့မရမှန်း သူသိလိုက်တယ်
ကျွန်တော်တို့ရော သူလိုပဲ ကိုယ်မှားခဲ့တဲ့
အမှားတွေကို ဖုံးကွယ်ဖို့ ကြိုးစားရင်း
ကိုယ့်ကိုယ်ကို ညာခဲ့မိတာတွေရှိတယ်
ဘယ်သူမှမသိဘူးဆိုပေမယ့်
တခါတလေမှာ လိပ်ပြာမလုံမှန်းကိုယ့်ဘာသာသိတယ်
တချို့အမှားတွေက ဘဝနဲ့ရင်းပြီးမှားတတ်ကြတယ်
မဖုံးကွယ်ပါနဲ့ မင်နီကြီးကြီးဝိုင်းလိုက်ပါ
ကိုယ်အမှားကိုသိထားပြီးရင်
နောက်တစ်ကြိမ် အမှားအောင်ကြိုးစားထိန်းပါ
အမှားဆိုတာ ဖုံးကွယ်ဖို့မှ မဟုတ်တာ
ဘဝ ရဲ့ သင်ခန်းစာမှာ အမှားဆိုတာ အမှန်ဖြစ်စေဖို့
လက်ပြတဲ့ မီးအိမ်တစ်လုံးပါ
အောင်မြင်သူတွေရဲ့ နောက်ကြောင်းကိုကြည့်ပါ
သူတို့ရဲ့အမှားတွေကို မဖုံးကွယ်ဘူး
အဲ့အမှားတွေကိုချနင်းပြီး အပေါ်ကိုတဖြည်းဖြည်း
တက်ရောက်သွားကြတာ
အဲ့တော့ အမှားတွေကို ဖုံးကွယ်နေဖို့ထက်
အမှားတွေထဲက သင်ခန်းစာယူပြီး နင်းတက်လိုက်ပါ
ခြေထောက်ပေနေလို့ လက်မခံတဲ့ ပန်းတိုင်ရယ်မရှိပါဘူး
စိတ်သန့်သန့်နဲ့ပန်းဝင်လိုက်ပါ
သင်ရော ကျွန်တော်ရော မှားဖူးတယ်
သင့်အမှားထဲမှာ ကျွန်တော်မျက်ရည်မပါစေနဲ့
ကျွန်တော်အမှားထဲမှာလည်း သင့်မျက်ရည်မလိုပါ။
ဘာမထီဘွား....အတွေးစာစုလေးများ
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။
ကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်
ဖြိုးလေး(Myanmar Youth)ph-09969535368
MR: EDITOR

Unknown
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment