Sunday, August 6, 2017

ပုပၸါးေတာင္သမိုင္း

ျမန္မာစာမမွန္ေသာဖုန္းမ်ားအတြက္Unicodeကိုေအာက္ဆံုးတြင္ဖတ္ရႉႏိုင္ပါသည္။
မြန်မာစာမမှန်သောဖုန်းများအတွက်Unicodeကိုအောက်ဆုံးတွင်ဖတ်ရှူနိုင်ပါသည်။

Zawgyi Version

19-6-2016

ပုပၸားေတာင္သမိုင္း
ဆရာ တင္နိင္တိုး
====================================

အေနာက္တိုင္းသားတို႔က နတ္တို႔ေပ်ာ္စံရာ အိုလံပတ္စ္ေတာင္ (Mt. Olympus, an abode of the Gods ) ႏွင့္တူသည္ဟူ၍လည္းေကာင္း အာရွတုိက္သားအခ်ိဳဳ႕က ဖူဂ်ီေတာင္ (Mt. Fuji) ႏွင့္တူသည္ ဟူ၍လည္း -ေကာင္း တင္စား ေျပာဆိုႀကသည္။

ပုပၸားႏွင့္ပတ္သက္၍ အဆိုႏွစ္ခု ရွိသည္။ ပထမအဆိုမွာ ပုပၸားသူသည္ ပုဗၺ-အေရွ႕အရပ္ဟူေသာ စကားမွ ဆင္းသက္လာျပီး ယင္းအေရွ႕အရပ္မွာ ခရစ္ႏွစ္ ၁၀၇-ခု၊ သမုဒၵရာဇ္မင္းသည္ ယုန္လႊတ္ကၽြန္း၌ ရြာေပါင္း ၁၉-ရြာျဖင့္ ပုဂံကိုတည္ေထာင္ေသာ ေခတ္ဦးပုဂံ ျဖစ္သည္။
သုိ႔ေသာ္ ရာဇ၀ံသဇာလိနီက်မ္းအဆုိအရ ယုန္ လႊတ္ကၽြန္းသည္ ဧရာ၀တီျမစ္နံေဘး ေျခာက္မိုင္ခန္႔အကြာရွိ တုရင္းေတာင္အေရွ႕ဖက္တြင္ရွိ၏-ဟု ဆုိေသာေႀကာင့္ ပုဗၺဟူေသာအဆို မျဖစ္ႏိုင္ပါ။ ဒုတိယအဆိုမွာ ပုပၸားဟူသည္ ပုပၹဟူေသာစကားမွ ဆင္း သက္လာျပီး ဓာတုပဋိသႏၶာရက်မ္းနိဒါန္းတြင္ ပုပၹာ၀နပဗၺတ-ပန္းေတာေတာင္-ဟုလည္း ဆုိထားသည္ ။
ေရွးစာေဟာင္းတို႔တြင္ ပုပၹ ပသေ၀တိ ဇေနတီတိ ပုပၸား-ဟု ဆုိေသာ၍ အဓိပၸာယ္မွာ ပန္းတို႔ကို ျဖစ္ေစ တတ္ေသာေႀကာင့္ ပုပၸားဟူ၍ျဖစ္သည္။ ယေန႔ေခတ္တြင္လည္း ပုပၸားေဒသသည္ အပူပုိင္းေဒသျဖစ္ေန ပါလ်က္ စိန္းလန္းစုိေျပကာ ရာသီအလုိက္ ပန္းတို႔ျဖင့္ ေ၀ေ၀ဆာဆာရွိေနသည္ကို ေတြ႔ရႏုိင္ေသာေႀကာင့္ ပုပၹဟူေသာစကားမွာ လကၡ့ံႏုိင္ဖြယ္စကားျဖစ္ေတာ့သည္။
ပုပၸားေတာင္သည္ မႏၱေလးတုိင္း၊ ေညာင္ဦးခရုိင္၊ ေက်ာက္ပန္းေတာင္းျမိဳ႕နယ္အတြင္း
ေက်ာက္ပန္းေတာင္းျမိဳ႕ အေရွ႕ေျမာက္ဖက္ ၁၀-မုိင္ခန္႔အကြာတြင္ တည္ရွိျပီး ပဲခူးျမိဳ႕၏ ေျမာက္ဖက္ျခမ္းတြင္ သီးျခားတည္ ရွိေနေသာ ေတာင္တန္းႀကီးျဖစ္သည္။
ရန္ကုန္ႏွင့္ပုပၸားျမိဳ႕သည္ ၄၀၅-မုိင္ကြာေ၀း၍ ေက်ာက္ပန္းေတာင္းျမိဳ႕၊ ျမင္းျခံျမိဳ႕၊ ပုဂံေညာင္ဦးျမိဳ႕တို႔မွ သြားေရာက္ႏုိင္ေသာ ပုပၸားေတာင္မႀကီး၏ အေနာက္ေတာင္ေျခတြင္တည္ရွိသည့္ ေရွးေဟာင္းျမိဳ႕ေလး တစ္ျမိဳ႕ျဖစ္သည္။ ပထမပုဂံ၏ ခုနစ္ဆက္ေျမာက္မင္းဆက္ျဖစ္သည့္ ေသလည္ေႀကာင္မင္း (ခရစ္ ၃၄၄)သည္ သီရိပစၥယာျမိဳ႕ေတာ္သစ္ကို ထူေထာင္ခဲ့သည္။
အေစာဆုံးမွတ္တမ္းအရ ဒုတိယပုဂံေခတ္ ေသ လည္ေႀကာင္မင္း (ခရစ္ ၃၄၄-၃၈၇)သည္ ဧရာ၀တီျမစ္တစ္ေလွ်ာက္ တေကာင္းမွပုဂံသို႔ ေမ်ာလာေသာ စကားပင္တုံးႀကီးကို ဆယ္ယူကာ နတ္ေမာင္ႏွမရုပ္တု ထုလုပ္ခဲ့သည္။ ထုိ႔ေနာက္ ပုပၸားေတာင္သို႔ပုိ႔ကာ နတ္ကြန္းေဆာက္၍ ပူေဇာ္ခဲ့သည္။ ယင္းမွ ပုပၸားျဖစ္တည္ခဲ့သည္ဟုဆို၏။ ယင္းေသလည္ေႀကာင္မင္း လက္ထက္တြင္ ေပၚေပါက္ခဲ့ေသာ ပုပၸားနတ္ေတာင္လကၤာသည္ အေစာဆုံးျမန္မာကဗ်ာတစ္ပုဒ္ျဖစ္ ခဲ့ျပီး ေက်ာ္ႀကားခ့ဲသည္။
ပုပၸားႏွင့္ပတ္သက္ႀကသူမ်ားကို အမ်ားအျပား ေတြ႔ရသည္။ အေနာ္ရထာဘုရင္ သည္ အမိ၀မ္းကြဲေတာ္စပ္သူ ေနာင္ေတာ္စုကၠေတးမင္းကို ပုန္ကန္စဥ္က ပုပၸားတြင္ ေျခကုပ္ယူကာ ေန ထုိင္ခဲ့ျပီး ေအာင္ျမင္ေသာအခါ ေရႊေအာင္ဇံေစတီကို တည္ထားခဲ့သည္။ ပထမပုံဂံမင္း၏ ၂၀-ဆက္ေျမာက္ ပုပၸားေစာရဟန္းမင္းသည္ ပုပၸားနယ္သားျဖစ္သည္။ သူရဲေကာင္းေလးဦးထဲမွ ငလုံးလက္ဖယ္သည္ ပုပၸား နယ္သားျဖစ္သည္။
ပုပၸားသည္ မည္သည့္အခ်ိန္က ေပၚေပါက္ခဲ့သည္ဟု အတိအက်ဆိုရန္ ခက္ခဲေသာ္ျငား ျမန္မာမွတ္တမ္းမ်ားတြင္ ဘုရားရွင္ပရိနိဗၺာန္စံျပီး ႏွစ္ေပါင္း၁၀၁-တြင္ ပုပၸားေတာင္ေျမမွ စုန္႔စုန္႔ေပၚလတၱံ႔ဟု ဗ်ာဒိတ္ေတာ္ရွိခဲ့သည္ဟု ဆိုသည္။ ဘုရားရွင္ပရိနိဗၺာန္စံခ်ိန္သည္ ဘီစီ၅၄၅-ျဖစ္၍ ယင္းအဆုိအရ ဘီစီ ၄၄၄-ျဖစ္ပါလိမ့္မည္။
မွတ္တမ္းတစ္ေစာင္တြင္ ၄၄၂-ဟုဆိုသည္။
ဘူမိေဘဒပညာရွင္တို႔ကမူ ပုပၸားေတာင္သည္ ေရွးကမီးေတာင္တစ္ခုျဖစ္ခဲ့ျပီး အႀကိမ္ႀကိမ္ေပါက္ကြဲ ခဲ့ကာ ေနာက္ပိုင္းမွ မီးေသေတာင္ျဖစ္ခဲ့သည္ဟုဆိုသည္။
သုေတသနျပဳခ်က္အရ သက္ေႏွာင္းကပ္ (Cenozoic Era)၏ မိုင္အိုဆင္းယုဂ္ (Miocene Period) ေႏွာင္းပုိင္း လြန္ခဲ့သည့္ႏွစ္ေပါင္း ၁၅-သန္းခန္႔က ပုပၸားမီးေတာင္ ေပါက္ကြဲဆဲျဖစ္ျပီး စတုတၳကပ္ ပလိုင္စတိုဆင္းယုဂ္ (Pleistocene Period) အလြန္ ႏွစ္ တစ္သန္းမွ ငါးေသာင္းကာလအတြင္းထိ မီးေသေတာင္မျဖစ္ေသးပဲ ေက်ာက္ေခ်ာေခတ္ (Neolithic Age) အစ လြန္ခဲ့ေသာ နွစ္ခုနစ္ေထာင္ခန္႔ေရာက္ေသာအခါမွ မီေသေတာင္ျဖစ္သည္-ဟု ခန္႔မွန္းရသည္ဆို၏။

ထိုအခ်ိန္က ပုပၸားတ၀ုိက္ ေက်ာက္ေခတ္လူသားတို႔ ေနထိုင္ေနျပီ-ဟု အေမရိကန္ပညာရွင္ Hellmut De Terra ႏွင့္ Hellam movius တို႔က ဆိုသည္။ အေထာက္အထားမ်ားကိုလည္း ေတြ႕ရသည္။
ပုပၸားေတာင္ကို အေနာက္ဖက္မွႀကည့္လွ်င္ ေတာင္ထြတ္ႏွစ္ခုကိုျမင္ရျပီး
ေျမာက္ဖက္မွႀကည့္လွ်င္ ဂ်ပန္ႏုိင္ငံရွိ ဖူဂ်ီရာမ (Mt. Fuji) ကဲ့သို႔ မီးေတာင္တစ္ခုကိုသာ ေတြ႔ရပါမည္။ ပုပၸားေဒသ၏ အပူခ်ိန္မွာ ၁၀၈ံ-ဖာရင္ဟုိက္ရွိျပီး အနိမ့္ဆုံးအပူခ်ိန္မွာ ၅၅ံ-ဖာရင္ဟုိက္ရွိကာ ႏွစ္စဥ္ပ်မ္းမွ်မုိးေရခ်ိန္မွာ ၄၅-လက္ မျဖစ္သည္။ မုိ္းရာသီတြင္ မုတ္သုန္ေလသည္ အေနာက္အရပ္မွတုိက္ေလ့ရွိ၍ ေႏြရာသီတြင္ အေရွ႕ေျမာက္ အရပ္မွ တိုက္ေလ့ရွိသည္။
*****ရာဇ၀င္ထဲကပုပၸား*****
၁။ပုဂံေခတ္

မဟာဂီရိနတ္ဟူေသာ ေ၀ါဟာရသည္ ပထမပုဂံ၏ ၇-ဆက္ေျမာက္ သီရိပစၥယာျမိဳ႕တည္ ေသလည္ေႀကာင္ မင္းလက္ထက္ကတည္းက ေပၚေပါက္ေနျပီျဖစ္သည္။
ျမန္မာရာဇ၀င္က်မ္းမ်ား၏ အဆုိအရမူ ဒုတိယ ပုဂံေခတ္ ေသလည္ေႀကာင္မင္း (၃၄၄-၃၈၇) လက္ထက္တြင္ ဧရာ၀တီျမစ္ေႀကာင္းတစ္ေလွ်ာက္ တေကာင္းမွပုဂံသို႔ေမ်ာလာေသာ စကားပင္တုံးႀကီးကို ဆယ္ယ္ကာ နတ္ေမာင္ႏွမရုပ္ထုလုပ္ခဲ့သည္။ ထို႔ေနာက္ ပုပၸားသို႔ပို႔ကာ နတ္ကြန္းေဆာင္ေဆာက္လုပ္၍ ပူေဇာ္ခဲ့သည္ဟုဆို၏။ ေသလည္ေႀကာင္မင္း လက္တြင္ ပုပၸားနတ္ေတာင္လကၤာေပၚထြက္ခဲ့သည္။
ပုပၸားနတ္ေတာင္လကၤာ

ေရႊႏွင့္ယုိးမွားပန္းစံကား
============
သုိးကေလ
ပုပၸါးနတ္ေတာင္
အေခါင္ျမင့္ဖ်ား၊စုံေတာျပား၌
နံ႐ွားၾကဳိင္လြင့္၊ခါတန္ပြင့္သည္
ေရႊႏွင့္ယုိးမွား၊ပန္းစံကား။
သုိးကေလ
စံကားပြင့္ႏွင့္
ႏႈိင္းတင့္ႏုိးသည္၊ရဲမ်ဳိးသမီး
ေမာင္ႀကီးႏွမ၊ညက္လွျပာစင္
မယ့္သည္ပင္သည္၊ခရီးသား
သုိးကေလ
ၿမိတ္လြတ္စုလည္း
အငယ္တည္းက၊ကြၽမ္းဝင္ၾကသည္
ေမြးဖတူရင္း၊မ်ဳိးသည္မင္းႏွင့္
ခ်စ္ျခင္းစု႐ုံး၊သက္ထက္ဆုံးသည္
ႏုလုံးမျခား၊ေစာင့္တရား။
ေဆြမိမင္း
မ်က္သုတ္နီစင္
ရထည္းဖ်င္ႏွင့္၊က်ဳိင္းစင္ျမဝါ
မတ္ႀကီးလ်ာကုိ
မယ္သာၾကဳိက္မိ၊တုမ႐ွိ။ ။
(ေ႐ွးစာဆုိ)

ပုဂံပထမမင္းဆက္ ၂၀-ဆက္ေျမာက္ ေစာရဟန္းမင္း(၆၄၀)သည္ ပုပၸားအရပ္သားျဖစ္သည္။ အေနာ္ရထာ မင္းသည္ ဘုရင္မျဖစ္မီ ေနာင္ေတာ္စုကၠေတးမင္းကို တုိက္ခို္က္ရန္ ပုပၸားအရပ္ကို ေျခကုပ္ယူစခန္းခ်ခဲ့ သည္။
သူရဲေကာင္းေလးဦးတြင္ တစ္ဦးအ၀င္အပါျဖစ္သည့္ ငလုံးလက္ဖယ္သည္ ပုပၸားအရပ္သားျဖစ္သည္။ က်န္စစ္သားမင္း (၁၀၈၄-၁၁၁၃)သည္ မဟာဂီရိနတ္ႏွင့္ အႀကိမ္ႀကိမ္စကားေျပာဖူးသည္ဟု ျမန္မာ ရာဇ၀င္က်မ္းမ်ားတြင္ဆိုသည့္အျပင္ ေျမးေတာ္အေလာင္းစည္သူ (၁၁၁၃-၁၁၆၀)၏ ဆရာမ်ားစာရင္းတြင္ မဟာဂီရိနတ္အမည္ပါ၀င္ေနသည္။
နရပတိစည္သူမင္း (၁၁၇၄-၁၂၁၁)လက္ထက္ေက်ာက္စာတြင္ မႏုဟာမင္း၏သားေတာ္ သုဓမၼရာဇ္၊ သုဓမၼရာဇ္၏သား အသ၀ဏ္ဓမၼာသည္ နရပတိစည္သူမင္း ၏ ေရႊေလာင္းေလွေတာ္ကို ပုပၸားအရပ္၍ သြားေရာက္အပ္ထားသည္။ ထို႔ေနာက္ျပန္လည္ အပ္ႏွံရာမွ အသ၀ဏ္ဓမၼာ၏သားေတာ္ နာဂသမန္းသည္ ဘုရင့္သမီးေတာ္ႏွင့္လက္ဆက္ခြင့္ရခဲ့သည္ဟုဆိုသည္။
ျမန္ မာရာဇ၀င္က်မ္းမ်ား၏ ဥဇနာမင္း(၁၂၄၉-၁၂၅၆)လက္ထက္ မွတ္တမ္းတြင္ ဥဇနာမင္း၏မိဖုရားေစာသည္ ပုပ႔ားအရပ္သူျဖစ္သည္။ ပုပၸားအေႀကာင္း၊ မဟာဂီရိအေႀကာင္းကို ျမန္မာရာဇ၀င္တြင္ မ်ားစြာဆို ထားေသာ္ျငား ပုဂံေခတ္ေက်ာက္စာတုိ႔တြင္ တစ္ခြန္းမွ် မဆိုထားျခင္းသည္ လြန္စြာသတိျပဳဖြယ္ျဖစ္ေတာ့ သည္။

၂။ပင္းယ၊အင္း၀ေခတ္
ပင္းယေခတ္တြင္ ေနာင္ေတာ္သီဟသူသည္ စစ္ကိုင္းအသခၤယာေစာယြမ္းမင္းကို လုပ္ႀကံရန္ ငခင္ညိဳကို နန္းတြင္းသို႔ တိတ္တဆိတ္လႊတ္လုိက္ရာ အခြင့္မသာသျဖင့္ အခ်ိန္ႀကာခဲ့သည္။
တစ္စုံတစ္ရာမစားရေသး ရကား ဆာဆာရွိသည္ေႀကာင့္ ဗလိနတ္စာကိုစားမိသျဖင့္ တစ္လုပ္စားဖူး သူ႔ေက်းဇူးကို သိတတ္သူျဖစ္ သည့္အေလ်ာက္ မသတ္ပဲျပန္လွည့္လာခဲ့သည္။ ဤတစ္ခ်က္သာေတြ႔ရသည္။ အင္း၀ေခတ္တြင္ ေတာင္ ပုပၸား စံကားပြင့္ဟူေသာ အဲခ်င္းလကၤာတစ္ပုဒ္ေပၚခဲ့သည္။

***ေတာင္ပုပၸား စံကားပြင့္***
ပုပၸားေတာင္သည္၊ ေရႊေတာင္တည့္ေလ၊ ေရႊေတာင္ပတ္လုံး၊ စံကားပင္ႏွင့္
ပန္းပင္ဖုံး၊ ေတာင္လုံးရနံ႔ ႀကိဳင္စြေလ။
ပုပၸားေတာင္တြင္၊ နတ္ရွင္ႏွစ္ပါး၊ ရႊင္စံစား၊ ဘုံျခားဗိမၺာန္၊ ျမိဳင္စြေလ။
လိႈင္စြေလ၊ လိႈင္စြေလ၊ လိႈင္စြေလ၊ လိႈင္စြစံကား၊ ေတာင္ပုပၸား၊ စံကားပ်ံ႕ႀကိဳင္မွ်၊
ပန္းလိႈင္စြေလး။
ေမာင္ေတာ္ေရထက္၊ မယ္မုတ္ေရ၊ ဆယ္ေလးသာစြေလ။
ဗိမၺာန္နန္းမွာ၊ ထီးစႀကၤာျဖန္႔ကာ၊ အုပ္မိုးကာစြေလး။

အင္း၀ေခတ္ အရွင္မဟာရ႒သာရႏွင့္ အရွင္မဟာသီလ၀ံသ
တို႔က နတ္ကိုးကြယ္မႈႏွင့္ပတ္သက္၍ ဗုဒၶ ဘာသာသာသနာေတာ္
ညိႈးႏြမ္းမည္ကို
မလိုလားေသာေႀကာင့္ ျပစ္တင္ရႈတ္ခ်ေရးသားခဲ့ႀကသည္။
မဟာဂီရိ၏အဓိပၸာယ္မွာ ေတာင္ႀကီးဟူေသာအဓိပၸာယ္ျဖစ္သည္။
ေရွးက သဘာ၀ေဘးအႏၱရာယ္ ကို ေႀကာက္ရြံ႕မႈေႀကာင့္
သစ္ပင္ေတာေတာင္မ်ားကို ကိုးကြယ္ျခင္းအေလ့ရွိခဲ့သည္ကိုလည္း
သတိျပဳရာပါသည္။

၃။ေတာင္ငူေခတ္

အင္း၀ေခတ္တြင္
မည္မွ်ပင္ေရးသားခဲ့ေစကာမူ ေတာင္ငူေခတ္မတိုင္မီထိ ပုပၸားနတ္ကို
ကၽြဲႏြားစသည္ သတ္ျဖတ္ပသႀကဟန္တူသည္။
ဘုရင့္ေနာင္မင္းတရားႀကီး(၁၅၅၀-၁၅၈၁)သည္ နတ္ကိုးကြယ္မႈကို
အမိန္႔ေတာ္ထုတ္ျပန္လွ်က္ တားျမစ္ခဲ့သည္ကို
တြင္းသင္းမဟာရာဇ၀င္သစ္(ဒုတိယတြဲ)တြင္ ေတြ႔ရသည္။

၄။ေညာင္ရမ္းေခတ္
ကသည္းေစာ္ဘြားတစ္ဦးသည္ ၁၅-ႏွစ္မွ်သာရွိေသးေသာ
ကသည္းမင္းသမီး ႏွင္းလုံခံကို စေနမင္း(၁၆၉၈-
၁၇၁၄)ထံ ဆက္သခဲ့သည္။ ဘုရင္မွ မင္းသမီးကို ပုပၸားျမိဳ႕စားအရာ
အပ္ႏွင္း၍ ကိုယ္လုပ္ေတာ္အရာ
ထားခဲ့သည္။ ေညာင္ရမ္းေခတ္ေႏွာင္း အင္း၀ေနာက္ဆုံးမင္းဆက္
မဟာဓမၼရာဇာဓိပတိမင္းကို မဏိ
ပူရေစာ္ဘြားဟုံသည္ အသက္ ၁၂-ႏွစ္သာရွိေသးေသာ
သမီးေတာ္ကသည္းမင္းသမီးကို ဆက္သခဲ့သည္။
ဘုရင္မွ ပုပၸားျမိဳ႕စားအရာအပ္ႏွင္းခဲ့သည္။ စိႏၱေက်ာ္သူဦးႀသ၏
က၀ိလကၡဏာသတ္ပုံက်မ္းတြင္
မိစၧာအားလုံး၊ လႊမ္းပိတ္ဖုံး၊ ေတာင္ျပဳံးညီေနာင္မင္း-ဟု
စပ္ဆိုခဲ့သည္။

၅။ကုန္းေဘာင္ေခတ္

အေလာင္းေတာ္မင္းတရားႀကီးသည္
ပုပၸားမဟာဂီရိနတ္ရုပ္မ်ားမွ ႏွမေတာ္နတ္ရုပ္၏ ဦးေခါင္းကိုငုံ၍ ေရႊ
ခ်ိန္ငါးပိႆာကို ဆက္သခဲ့သည့္အျပင္
နတ္ထိန္းခုနစ္အိမ္ေထာင္ကိုလည္း ခန္႔အပ္ေတာ္မူခဲ့သည္။
ဘိုးေတာ္ဘုရား(၁၇၈၂-၁၈၁၉)ကို ၁၇၈၄-ခုတြင္
ပုပၸားနယ္သားငဘုန္းသည္ ပုန္ကန္ခဲ့သျဖင့္ အုပ္ခ်ဳပ္ေရး
ပရိယာယ္ေႀကာင့္ေလာမသိ မဟာဂီရိနတ္ေမာင္ႏွမတို႔ကို
ခ်ီးေျမွာက္ျခင္းအဆက္သြယ္ရွိခဲ့သည္။ ခရစ္ ၁၇၈၅-တြင္ ေရႊစင္
၅၅-က်ပ္သားဆက္သခဲ့သည္။ မင္းထုန္းမင္းသည္လည္း
ပဥၥမသဂၤါယနာတင္မင္းတစ္ ပါးျဖစ္ေသာ္ျငား
ပုပၸားကိုစည္းရုံးေရးအသြင္ျဖင့္ ပုပၸားေဒသခံ
ဦးမႈံကို ျမိဳ႕အုပ္ရာထူးအပ္ႏွင္းခဲ့သည္။ သီေပါ မင္းလက္ထက္
နန္းသက္ခုနစ္ႏွစ္တြင္ ပုပၸားႏွင့္ပတ္သက္၍
ထူးျခားသည့္ဆက္ႏြယ္မႈမရွိခဲ့ေပ။

၆။ကိုလိုနီေခတ္

သီေပါမင္း ပါေတာ္မူျပီးေနာက္ ပုပၸားေဒသမွ
ဗုိလ္နက္ေက်ာ္သည္လည္း တြန္းလွန္တုိက္ခိုက္သူမ်ားအျဖစ္
ပါ၀င္ခဲ့သည္။ ၁၉၂၀-တြင္ ေဂါပကလူႀကီး ဦးသာတင္ဆိုသူက
ပုပၸားေတာင္ကလပ္ေပၚသို႔ တက္ေရာက္ႏုိင္ ရန္ လူသြားလမ္းကို
ခုတ္ထြင္ရွင္းလင္းခဲ့သည္။

၁၉၂၁-တြင္ က်ိဳက္ထီးရိုးဆရာေလး ဦးပန္းေအးသည္
- ေတာင္ကလပ္ေပၚတြင္ ေစတီတစ္ဆူတည္ထားခဲ့ျပီး ၁၉၂၄-တြင္
၁၈-ေပျမင့္ေသာ တံခြန္တိုင္ကို - ေမာေနယ်ကိုယ္ေတာ္၏
ဦးေဆာင္မႈျဖင့္ ေတာင္ကလပ္ေပၚတြင္ စုိက္ထူခဲ့သည္။ ၁၉၂၅-တြင္
ပထမဆုံး ဘာသာေရးပြဲေတာ္အျဖစ္ အေနကဇာတင္ပြဲကို
က်င္းပခဲ့သည္။ ေတာင္ကလပ္သို႔တက္ရာတြင္ သံေလွ ခါးျဖင့္
တက္ႏုိင္ရန္ ဆရာေတာ္ဦးေကာသလႅဦးေဆာင္ခဲ့သည္။

၇။ဂ်ပန္ေခတ္

မဟာမိတ္တပ္မ်ား ပုပၸားရြာသို႔ခ်ီတက္ေသာအခါ ေျမသားလမ္းအျဖစ္
ခ်ဲ႕ထြင္ေဖာက္လုပ္ခဲ့သည္။
၈။လြတ္လပ္ေရးေခတ္

ျမန္မာႏုိင္ငံသည္ ၄-၁-၁၉၄၈-တြင္ ျဗိတိသွ်အစိုးရလက္ေအာက္မွ
လြတ္ေျမာက္လာခဲ့သည္။ လြတ္လပ္ေရး ရျပီးေနာက္
ထင္ရွားသည့္အေဆာက္အဦအျဖစ္
ပုပၸားအနီး၀န္က်င္ရွိ ေတာင္ကုန္းမ်ားတြင္ အ၀င္ အပါျဖစ္ေသာ
သီလေတာင္ေပၚတြင္ ဥာဏ္ေတာ္ ၂၇-ေပျမင့္ေသာ
ဗ်ာဒိတ္ေပးရုပ္ပြားေတာ္တစ္ဆူကို ၁၉၅၉-တြင္
ဆရာေတာ္ဦးကုမာရႏွင့္ ဦးသာတင္တို႔က ညွိႏုိင္းကာ
တည္ထားခဲ့သည္။

*****အံ့ဖြယ္ပုပၸား*****
၁။သံသတၳဳမထြက္ဟုဆုိသည္။
ပန္းပဲေမာင္တင့္တယ္ႏွင့္ ႏွမမင္းရာ(မင္းျမတ္လွ)သည္ ပန္းပဲဖိုျဖင့္ ဖိုက်င္ထိုးလုပ္ႀကံစီရင္ျခင္း ခံခဲ့့ရသူမ်ားျဖစ္၍ ၄င္းတို႔ကတားျမစ္ထားေသာေႀကာင့္ ယင္းအလုပ္ျဖင့္ အသက္ေမြးသူမ်ား မႀကီးပြားႏုိင္ဟုဆိုသည္။ သုိ႔ေသာ္ ပုပၸားေဒသသည္ သံသတၳဳထြက္ရာအရပ္မဟုတ္ သျဖင့္ မထြန္းကားျခင္း ျဖစ္ႏုိင္ပါသည္။
၂။ေျမအို္းေျမခြက္လုပ္၍ မႀကီးပြားႏုိင္ဟုဆုိသည္။
သို႔ေသာ္ ပုပၸားေဒသသည္ ေရွးကမီးေတာင္ျဖစ္ခဲ့၍ အုိးလုပ္ရန္ သင့္ေတာ္ေသာ ရႊံ႕ေစးေျမမ်ိဳးမေတြ႔ရေသာေႀကာင့္လည္း ျဖစ္ႏုိင္သည္။
၃။ပန္းပဲေမာင္တင့္တယ္ေမာင္ႏွမတို႔၏ ေႀကကြဲဖြယ္
ဇာတ္လမ္းေႀကာင့္ ဇာတ္၊ရုပ္ေသး၊ပြဲ သဘင္ေထာင္ျခင္းျဖင့္ မထြန္းကားႏုိင္ဟုဆိုသည္။ သုိ႔ေသာ္ ပုပၸားေတာင္သည္ သူေတာ္စင္တို႔ႏွစ္ သက္ေသာ ဆိတ္ျငိမ္ရာအရပ္ျဖစ္သည္ကိုလည္းေကာင္း ပုပၸားေတာင္ႏွင့္ ၁၁-မုိင္ခန္႔မွ်သာေ၀းေသာ - ေက်ာက္ပန္းေတာင္းတြင္ ဇာတ္ေထာင္သူမ်ား၊ သဘင္ဂီတအႏုပညာရွင္မ်ား မ်ားစြာေပၚထြန္းခဲ့သည္ ကိုလည္းေကာင္း သတိျပဳသင့္ပါသည္။
၄။ေဆးဖက္၀င္အပင္တို႔ ေပါမ်ားသည္။ သက္ရင္းႀကီးေခါက္ကုိ အစဥ္သုံးသျဖင့္ ဆရာေတာ္ဦးနႏၵသည္ သက္ေတာ္၁၂၁-ႏွစ္ရွည္ခဲ့သည္ကိုလည္းေကာင္း ဘႀကီးေတာ္မင္းနန္းတက္စ ၁၁-၁၂-၁၈၁၉-တြင္ ဘုရင့္ ထံ ေဆးဖက္၀င္အပင္မ်ား စာရင္းတစ္ေစာင္ ဆက္သခဲ့ဖူးသည္ကိုလည္းေကာင္း သာယာ၀တီမင္းလက္ ထက္ ၄-၁-၁၈၄၁-တြင္ ယြန္းစု၀န္ႀကီးမင္း မဟာမင္းေက်ာ္စည္သူဦးစီး၍ အမတ္ႀကီးမဟာေဇယ်သႀကၤန္က ပုပၸားအရပ္မွ ေဆးမ်ိဳး ၇၄၈-မ်ိဳး၊ ေဆးအမည္ ၁၀၇၄-ပါး ပါ၀င္ေသာ ေဆးဖက္၀င္အပင္မ်ား ထပ္မံဆက္ သြင္းခဲ့သည္ကိုလည္းေကာင္း ၁၈-၂-၁၈၅၇-တြင္ နတ္အုပ္က၀ိေဒ၀ေက်ာ္သူ၏ မင္းတုန္းမင္းထံသို႔ ဆက္ သြင္းရေသာ စစ္တမ္းတြင္ ပုပၸားေတာင္မွ ေဆးဥ၊ေဆးျမစ္၊နတ္ေရစင္မ်ားကို လႊတ္ေတာ္တြင္ဆက္သြင္း ရျမဲျဖစ္ေႀကာင္း ပါရွိသည္ကိုလည္းေကာင္း ယင္းတို႔ကိုေထာက္ေသာအားျဖင့္ လကၡံရပါမည္။
၅။ပန္းမ်ိဳးစုံေပါသည္။ ပုပၨ-ဟူေသာစကားမွ ပုပၸားသို႔ျဖစ္လာခဲ့ျခင္းျဖစ္၍ ပန္းမ်ိဳးစုံေပါျခင္းသည္ မဆန္းပါ၊ ဗ်တၱပန္းဆက္သမားႏွင့္ ပန္းစားဘီလူးမ မယ္ကု၀ဏ္တို႔ဇာတ္လမ္းပင္ ေပၚထြက္ခဲ့ေသးသည္။ ပုပၸားေတာင္ ၏ ပန္းမ်ားႏွင့္ပတ္သက္၍ ေဒြးခ်ိဳး၊ေတးထပ္ကဗ်ာမ်ားစြာလည္း
ေပၚထြက္ခဲ့သည္။
ေဒြးခ်ိဳး = ပန္းပန္လွ်င္၊ နန္းဆန္တဲ့စကား၊ ပန္ခ်င္သူ ဤေတာင္ထြတ္က၊ ပန္းဆြတ္လို႔သြား။
ေတးထပ္ =
ဘယ္ဘယ္ဆီ မမွန္းတတ္ျပီဘု
ပန္းကလပ္ေတာင္စြယ္
သန္းဒဟပ္ေခ်ာင္က်ယ္တြင္
ေယာင္လည္လည္ေနလို႔
ႀကိဳလွည့္ေပါ့ ဆိုတဲ့သံရယ္
ငိုမဲ့ဟန္ေလးႏွင့္ကရို႕
လူးလြန္႔တဲ့ ဖူးညြန္႔ပ်ံမွာ
ျမဴးကြန္႔ဟန္တစ္ခ်ိဳ႕၊
ခူး၀ံ့ရန္ တစ္တို႔ႏွင့္
အစုိ႔စုိ႔ခုိင္ဆုိင္၊
ပန္း၀တ္မႈံ ကုကၤုမံေတြက
ထုံရနံ႔ သင္းလို႔ႀကိဳင္ႀကိဳင္
နယ္ရွစ္ရပ္ ရွစ္ထပ္လိႈင္သည္
ရွစ္ပတ္တိုင္ ေလေဗြဆန္းျပန္ေတာ့
ေရႊေငြတန္း စမ္းႀကျဖဴျဖဴ
ပန္းကႀကဴႀကဴ
ေမွ်ာ္တဲ့လို႔ ေခၚလွည့္ဆူတယ္
ေဖာ္မဲ့သူ ကူအုံးတဲ့ေလး…..။
၆။နတ္ျမင္းရွိသည္ဟုဆိုသည္။
အေထာက္ထားမေတြ႕ေသာ္ျငား ေမာင္ေတာ္နတ္ကြန္း
အေနာက္ေဆာင္နားဆီမွ အရွည္ ၁၁-ေပ၊ အျမင့္ ၆-ေပရွိသည့္ သဘာ၀ေက်ာက္ႏြားတစ္ေကာင္ႏွင့္ အရွည္ ၁၇-ေပ၊ အျမင့္ ၁၀-ေပရွိသည့္ သဘာ၀ေက်ာက္ႏြားတို႔ကို ဆိုလုိျခင္းျဖစ္ႏုိင္ရာသည္။
၇။သဘာ၀စိမ့္စမ္းေရ ေပါမ်ားသည္။
အစဥ္လာမွတ္သားခ်က္အရ ၉၉-ခုရွိ၍ ဘိုးေတာ္ဘုရား (၁၇၈၂- ၁၈၁၉) လက္ထက္ ဆက္သေသာရတုအရဆိုပါလွ်င္ အေရွ႕အရပ္မ်က္ႏွာတြင္ ၈၇-ခု၊ အေနာက္ဖက္တြင္ ၄၆-ခု၊ ေတာင္ဖက္တြင္ ၁၉-ခု၊ ေျမာက္ဖက္တြင္ ၂၃-ခု၊ ေပါင္း=၁၇၅-ခု ရွိသည္။ လက္ေတြ႔ရွာေဖြသူတို႔ အဆိုအရမူ ၁၃၂-ခုေတြ႔ရျပီး ထပ္မံစစ္ေဆးေသာအခါ ထို႔ထက္ပင္နည္းသြားေလျပီျဖစ္သည္။
၈။နတ္က်ားရွိသည္ဟုဆိုသည္။
မင္းမဟာဂီရိကုိ မရုိမေသျပဳသူတို႔ကို ျပသေလ့ရွိျပီး မင္းမဟာဂီရိေမာင္ -ႏွမကို မရိုမေသျပဳသူတို႔၏ ကၽြဲ၊ႏြားတို႔ကို ဖမ္းယူစားေသာက္တတ္သည္ဟုဆိုသည္။ ျမင္ဖူးသူမရွိေသာ္ လည္း ေျခရာကို ေတြ႔ရတတ္သည္ဆို၏။ ေတာတြင္းရွိ သာမန္က်ားေျခရာလည္း ျဖစ္ႏိုင္ပါသည္။
၉။ေျမြဆိုးမရွိဟုဆုိသည္။
ရာသီဥတုႏွင့္ မီးေတာင္ေျမသဘာ၀အေနထားအရ အဆိပ္ျပင္းေျမြ မရွိျခင္းလည္း ျဖစ္ႏုိင္ပါသည္။

*****သုေတသီတို႔ ေလ့လာစရာ*****
၁။ပုပၸားေတာင္ဥယ်ာဥ္ (Popa Mountain Park) = ၁၉၈၃-တြင္ တည္ေထာင္ျပီး ၁၉၉၃-တြင္ သဘာ၀အေျခခံ ခရီးသြားလုပ္ငန္းအျဖစ္ ေဆာင္ရြက္ခဲ့သည္။ ၄၉.၆၃ စတုရန္းမိုင္ရွိျပီး ကိုလိုနီေခတ္ ၁၉၀၂-တြင္ ေဘးမဲ့ေတာအျဖစ္ သတ္မွတ္ခဲ့သည္။ ၁၉၅၄-၅၅-တြင္ ထိန္းသိမ္းကန္႔သတ္နယ္ေျမအျဖစ္ သတ္မွတ္ျပန္သည္။
၂။ပုပၸားေတာင္ အပန္းေျဖဟိုတယ္ (Popa Mountain Resort) = ၉-၂-၁၉၈၈-တြင္ဖြင့္လွစ္ခဲ့သည္။
၃။မီးေတာင္ေဟာင္း = ဘီစီ ၄၄၂-တြင္ ေပါက္ကြဲခဲ့ျပီး ယခုအခါ မီးေသေတာင္ျဖစ္ေနေပျပီ။ ဤမီးေတာင္ေဟာင္း ေပါက္ကြဲရာမွ မီးေတာင္၏အဆို႔ (Volcanic Plug) သည္ ပုပၸားေတာင္ကလပ္ ျဖစ္ခဲ့ သည္ဟူေသာ အဆိုတစ္ရပ္လည္းရွိသည္။
၄။ပညာေပးျပခန္း (Environmental education Centre
၅။ေဆးဖက္၀င္အပင္မ်ားစုိက္ခင္း = (Popa Medical Plants) = ေဆးဖက္၀င္အပင္မ်ိဳးေပါင္း ၃၅၀- ခန္႔ ရွိသည္ဟု ဆိုသည္။
၆။စႏၵကူးေတာ = သစ္ခြစသည့္ ေဆးဖက္၀င္အပင္မ်ား မ်ိဳးေလးဆယ္ခန္႔ကို ေလ့လာႏိုင္သည္။
၇။စုိက္ပ်ိဳးေရးလုပ္ငန္း
၈။ငွက္ႀကည့္ျခင္း = ပုပၸားတြင္ ငွက္မ်ိဳးေပါင္း ၁၃၀-ေက်ာ္ကို ေတြ႔ျမင္ႏိုင္သည္။ ထို ၁၃၀-တို႔သည္ ျမန္မာ ငွက္တို႔အျပင္ ႏုိင္ငံျခားငွက္မ်ားလည္း အ၀င္အပါျဖစ္သည္။ ေဒသခံငွက္မ်ိဳး ၇၀ခန္႔ရွိျပီး ႏုိင္ငံျခားငွက္မ်ိဳး ၃၀ေက်ာ္ခန္႔ ရွိသည္။
၉။လိပ္ျပာႀကည့္ျခင္း = ကမၻာေပၚတြင္ လိပ္ျပာမ်ိဳးရင္း (Family) ၁၀-မ်ိဳးရွိျပီး အမ်ိဳးအစားမွာ ၁၇၅၀၀-ရွိသည္။ ျမန္မာႏိုင္ငံတြင္ မ်ိဳးရင္း ၉-ခု၊ အမ်ိဳးအစား ၁၀၀၄-ခုရွိသည္။ ျမန္မာတြင္ ကမၻာ့ရွားပါးလိပ္ျပာ ၆-မ်ိဳးရွိသည္။ ယင္းတို႔မွာ
1.Apollo
2.Kaiser.
3.4.The Common Birdwing ႏွစ္မ်ိဳး
5.6.The Golden Birdwing ႏွစ္မ်ိဳး
တို႔ျဖစ္သည္။
*****ပုပၸားေတာင္ကလပ္*****
ပုပၸားေတာင္ကလပ္ကို
၁။ေတာင္ကလပ္
၂။နဂါးရစ္ေတာင္
၃။ပန္းေပးေတာင္
၄။ဘဇဂါမ္ေတာင္
၅။၀ဏၰ ယကၡေတာင္
၆။၀ိဇၨာဓရေတာင္ဟူ၍ အမည္ေျခာက္မ်ိဳးျဖင့္ ေခၚေ၀ၚႀကသည္။
နံပါတ္ေလးအမည္သည္ ေရွး အက်ဆုံးအမည္ျဖစ္သည္။ ျမင္းျခံေက်ာက္ပန္းေတာင္းသြား
ေမာ္ေတာ္ကားလမ္းဆုံေနရာမွ ေတာင္ကလပ္သို႔ ၂-မုိင္ခရီးျဖင့္ ေရာက္ႏိုင္ပါသည္။ ေတာင္ကလပ္သည္
ေတာင္မႀကီးႏွင့္ ဆက္စပ္မႈမရွိပဲ သီးျခားတည္ရွိ ကာ ေတာင္မႀကီးႏွင့္ ႏႈိင္းစာလွ်င္ ထက္၀က္မွ်သာရွိသည္။
အျမင့္ ၂၄၁၇-ေပရွိျပီး ေစာင္းတန္း အတက္ လမး္တစ္ေလွ်ာက္ ေမ်ာက္မ်ားအစာေတာင္းႀကသည္
ကိုလည္းေကာင္း ေမ်ာက္စာေရာင္းႀကသူတို႔ကိုလည္းေကာင္း
ေတြ႔ရသည္။
ပုပၸားေတာင္ကလပ္၏ အေနာက္ေတာင္ဘက္ရွိ ေထာက္ရွာရိုးအထက္နားတြင္ ရွင္သာရဒရေသ့ေနထုိင္ ခဲ့ဖူးသည္ဟုလည္းေကာင္း ၄င္းရေသ့သည္ ေဒါက္ခ်ာဟူေသာ အသုံးအေဆာင္ကို စတင္သုံးစြဲခဲ့သည္ ဟု လည္းေကာင္း ဆုိႀကသည္။
ဦးသီလသည္လည္း ပုပၸားေတာင္သို႔အျမဲ ႀကြလာတတ္သည္ဆို၏။ ဘိုးမင္းေခါင္သည္ ပုပၸားေတာင္မႀကီး၏ အေရွ႕ေျမာက္ဖက္ စင္ျမင့္ရြာ၌ ဖြားျမင္ျပီး ပုပၸားတြင္ သာသနာျပဳ လုပ္ငန္းမ်ားေဆာင္ရြက္ရင္းပင္ ကြယ္လြန္ခဲ့သည္။ ဦးခႏၱီသည္ ဘုိးမင္းေခါင္၏ တပည့္ျဖစ္ျပီး ဘိုးမင္းေခါင္ ထံ မႀကာခဏလာေရာက္ေလ့ရွိသည္ဆို၏။
====================================

စာေရးဆရာတင္ႏုိင္တိုး၏ ပုပၸားဟူေသာစာအုပ္မွထုတ္ႏႈတ္ေရးသားပါသည္။
#Credit to>>Orginal Uploader

က်ြန္ေတာ္သိ၍က်ြန္ေတာ္တတ္၍ေရးသားျခင္းမဟုတ္ပါ။


က်ြန္ေတာ္ေလ ့လာမိသမ်ွကိုစာဖတ္သူမ်ားထံျပန္လည္မ်ွေဝေပးျခင္းသာျဖစ္ပါတယ္။


က်ြန္ေတာ့္ပို႔စ္တစ္ခုခ်င္းစီအတြက္မူရင္းေရးသားသူမ်ားကိုအထူးေက်းဇူးတင္ဥပကၠာရတင္ရွိပါတယ္


ျဖိဳးေလး(Myanmar      Youths)ph-09969535368


**********************************************************************************************

Unicode

19-6-2016

ပုပ္ပားတောင်သမိုင်း
ဆရာ တင်နိင်တိုး
====================================

အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်ဟူ၍လည်းကောင်း အာရှတိုက်သားအချို့က ဖူဂျီတောင် (Mt. Fuji) နှင့်တူသည် ဟူ၍လည်း -ကောင်း တင်စား ပြောဆိုကြသည်။

ပုပ္ပားနှင့်ပတ်သက်၍ အဆိုနှစ်ခု ရှိသည်။ ပထမအဆိုမှာ ပုပ္ပားသူသည် ပုဗ္ဗ-အရှေ့အရပ်ဟူသော စကားမှ ဆင်းသက်လာပြီး ယင်းအရှေ့အရပ်မှာ ခရစ်နှစ် ၁၀၇-ခု၊ သမုဒ္ဒရာဇ်မင်းသည် ယုန်လွှတ်ကျွန်း၌ ရွာပေါင်း ၁၉-ရွာဖြင့် ပုဂံကိုတည်ထောင်သော ခေတ်ဦးပုဂံ ဖြစ်သည်။
သို့သော် ရာဇဝံသဇာလိနီကျမ်းအဆိုအရ ယုန် လွှတ်ကျွန်းသည် ဧရာ၀တီမြစ်နံဘေး ခြောက်မိုင်ခန့်အကွာရှိ တုရင်းတောင်အရှေ့ဖက်တွင်ရှိ၏-ဟု ဆိုသောကြောင့် ပုဗ္ဗဟူသောအဆို မဖြစ်နိုင်ပါ။ ဒုတိယအဆိုမှာ ပုပ္ပားဟူသည် ပုပ္ဖဟူသောစကားမှ ဆင်း သက်လာပြီး ဓာတုပဋိသန္ဓာရကျမ်းနိဒါန်းတွင် ပုပ္ဖာ၀နပဗ္ဗတ-ပန်းတောတောင်-ဟုလည်း ဆိုထားသည် ။
ရှေးစာဟောင်းတို့တွင် ပုပ္ဖ ပသေ၀တိ ဇနေတီတိ ပုပ္ပား-ဟု ဆိုသော၍ အဓိပ္ပာယ်မှာ ပန်းတို့ကို ဖြစ်စေ တတ်သောကြောင့် ပုပ္ပားဟူ၍ဖြစ်သည်။ ယနေ့ခေတ်တွင်လည်း ပုပ္ပားဒေသသည် အပူပိုင်းဒေသဖြစ်နေ ပါလျက် စိန်းလန်းစိုပြေကာ ရာသီအလိုက် ပန်းတို့ဖြင့် ေ၀ေ၀ဆာဆာရှိနေသည်ကို တွေ့ရနိုင်သောကြောင့် ပုပ္ဖဟူသောစကားမှာ လက္ခ့ံနိုင်ဖွယ်စကားဖြစ်တော့သည်။
ပုပ္ပားတောင်သည် မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း
ကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဖက် ၁၀-မိုင်ခန့်အကွာတွင် တည်ရှိပြီး ပဲခူးမြို့၏ မြောက်ဖက်ခြမ်းတွင် သီးခြားတည် ရှိနေသော တောင်တန်းကြီးဖြစ်သည်။
ရန်ကုန်နှင့်ပုပ္ပားမြို့သည် ၄၀၅-မိုင်ကွာေ၀း၍ ကျောက်ပန်းတောင်းမြို့၊ မြင်းခြံမြို့၊ ပုဂံညောင်ဦးမြို့တို့မှ သွားရောက်နိုင်သော ပုပ္ပားတောင်မကြီး၏ အနောက်တောင်ခြေတွင်တည်ရှိသည့် ရှေးဟောင်းမြို့လေး တစ်မြို့ဖြစ်သည်။ ပထမပုဂံ၏ ခုနစ်ဆက်မြောက်မင်းဆက်ဖြစ်သည့် သေလည်ကြောင်မင်း (ခရစ် ၃၄၄)သည် သီရိပစ္စယာမြို့တော်သစ်ကို ထူထောင်ခဲ့သည်။
အစောဆုံးမှတ်တမ်းအရ ဒုတိယပုဂံခေတ် သေ လည်ကြောင်မင်း (ခရစ် ၃၄၄-၃၈၇)သည် ဧရာ၀တီမြစ်တစ်လျှောက် တကောင်းမှပုဂံသို့ မျောလာသော စကားပင်တုံးကြီးကို ဆယ်ယူကာ နတ်မောင်နှမရုပ်တု ထုလုပ်ခဲ့သည်။ ထို့နောက် ပုပ္ပားတောင်သို့ပို့ကာ နတ်ကွန်းဆောက်၍ ပူဇော်ခဲ့သည်။ ယင်းမှ ပုပ္ပားဖြစ်တည်ခဲ့သည်ဟုဆို၏။ ယင်းသေလည်ကြောင်မင်း လက်ထက်တွင် ပေါ်ပေါက်ခဲ့သော ပုပ္ပားနတ်တောင်လင်္ကာသည် အစောဆုံးမြန်မာကဗျာတစ်ပုဒ်ဖြစ် ခဲ့ပြီး ကျော်ကြားခ့ဲသည်။
ပုပ္ပားနှင့်ပတ်သက်ကြသူများကို အများအပြား တွေ့ရသည်။ အနော်ရထာဘုရင် သည် အမိ၀မ်းကွဲတော်စပ်သူ နောင်တော်စုက္ကတေးမင်းကို ပုန်ကန်စဉ်က ပုပ္ပားတွင် ခြေကုပ်ယူကာ နေ ထိုင်ခဲ့ပြီး အောင်မြင်သောအခါ ရွှေအောင်ဇံစေတီကို တည်ထားခဲ့သည်။ ပထမပုံဂံမင်း၏ ၂၀-ဆက်မြောက် ပုပ္ပားစောရဟန်းမင်းသည် ပုပ္ပားနယ်သားဖြစ်သည်။ သူရဲကောင်းလေးဦးထဲမှ ငလုံးလက်ဖယ်သည် ပုပ္ပား နယ်သားဖြစ်သည်။
ပုပ္ပားသည် မည်သည့်အချိန်က ပေါ်ပေါက်ခဲ့သည်ဟု အတိအကျဆိုရန် ခက်ခဲသော်ငြား မြန်မာမှတ်တမ်းများတွင် ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း၁၀၁-တွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်လတ္တံ့ဟု ဗျာဒိတ်တော်ရှိခဲ့သည်ဟု ဆိုသည်။ ဘုရားရှင်ပရိနိဗ္ဗာန်စံချိန်သည် ဘီစီ၅၄၅-ဖြစ်၍ ယင်းအဆိုအရ ဘီစီ ၄၄၄-ဖြစ်ပါလိမ့်မည်။
မှတ်တမ်းတစ်စောင်တွင် ၄၄၂-ဟုဆိုသည်။
ဘူမိဘေဒပညာရှင်တို့ကမူ ပုပ္ပားတောင်သည် ရှေးကမီးတောင်တစ်ခုဖြစ်ခဲ့ပြီး အကြိမ်ကြိမ်ပေါက်ကွဲ ခဲ့ကာ နောက်ပိုင်းမှ မီးသေတောင်ဖြစ်ခဲ့သည်ဟုဆိုသည်။
သုတေသနပြုချက်အရ သက်နှောင်းကပ် (Cenozoic Era)၏ မိုင်အိုဆင်းယုဂ် (Miocene Period) နှောင်းပိုင်း လွန်ခဲ့သည့်နှစ်ပေါင်း ၁၅-သန်းခန့်က ပုပ္ပားမီးတောင် ပေါက်ကွဲဆဲဖြစ်ပြီး စတုတၳကပ် ပလိုင်စတိုဆင်းယုဂ် (Pleistocene Period) အလွန် နှစ် တစ်သန်းမှ ငါးသောင်းကာလအတွင်းထိ မီးသေတောင်မဖြစ်သေးပဲ ကျောက်ချောခေတ် (Neolithic Age) အစ လွန်ခဲ့သော နှစ်ခုနစ်ထောင်ခန့်ရောက်သောအခါမှ မီသေတောင်ဖြစ်သည်-ဟု ခန့်မှန်းရသည်ဆို၏။

ထိုအချိန်က ပုပ္ပားတ၀ိုက် ကျောက်ခေတ်လူသားတို့ နေထိုင်နေပြီ-ဟု အမေရိကန်ပညာရှင် Hellmut De Terra နှင့် Hellam movius တို့က ဆိုသည်။ အထောက်အထားများကိုလည်း တွေ့ရသည်။
ပုပ္ပားတောင်ကို အနောက်ဖက်မှကြည့်လျှင် တောင်ထွတ်နှစ်ခုကိုမြင်ရပြီး
မြောက်ဖက်မှကြည့်လျှင် ဂျပန်နိုင်ငံရှိ ဖူဂျီရာမ (Mt. Fuji) ကဲ့သို့ မီးတောင်တစ်ခုကိုသာ တွေ့ရပါမည်။ ပုပ္ပားဒေသ၏ အပူချိန်မှာ ၁၀၈ံ-ဖာရင်ဟိုက်ရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၅၅ံ-ဖာရင်ဟိုက်ရှိကာ နှစ်စဉ်ပျမ်းမျှမိုးရေချိန်မှာ ၄၅-လက် မဖြစ်သည်။ မို်းရာသီတွင် မုတ်သုန်လေသည် အနောက်အရပ်မှတိုက်လေ့ရှိ၍ နွေရာသီတွင် အရှေ့မြောက် အရပ်မှ တိုက်လေ့ရှိသည်။
*****ရာဇ၀င်ထဲကပုပ္ပား*****
၁။ပုဂံခေတ်

မဟာဂီရိနတ်ဟူသော ေဝါဟာရသည် ပထမပုဂံ၏ ၇-ဆက်မြောက် သီရိပစ္စယာမြို့တည် သေလည်ကြောင် မင်းလက်ထက်ကတည်းက ပေါ်ပေါက်နေပြီဖြစ်သည်။
မြန်မာရာဇ၀င်ကျမ်းများ၏ အဆိုအရမူ ဒုတိယ ပုဂံခေတ် သေလည်ကြောင်မင်း (၃၄၄-၃၈၇) လက်ထက်တွင် ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် တကောင်းမှပုဂံသို့မျောလာသော စကားပင်တုံးကြီးကို ဆယ်ယ်ကာ နတ်မောင်နှမရုပ်ထုလုပ်ခဲ့သည်။ ထို့နောက် ပုပ္ပားသို့ပို့ကာ နတ်ကွန်းဆောင်ဆောက်လုပ်၍ ပူဇော်ခဲ့သည်ဟုဆို၏။ သေလည်ကြောင်မင်း လက်တွင် ပုပ္ပားနတ်တောင်လင်္ကာပေါ်ထွက်ခဲ့သည်။
ပုပ္ပားနတ်တောင်လင်္ကာ

ရွှေနှင့်ယိုးမှားပန်းစံကား
============
သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊စုံတောပြား၌
နံရှားကြိုင်လွင့်၊ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ပန်းစံကား။
သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ရဲမျိုးသမီး
မောင်ကြီးနှမ၊ညက်လှပြာစင်
မယ့်သည်ပင်သည်၊ခရီးသား
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက၊ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊သက်ထက်ဆုံးသည်
နုလုံးမခြား၊စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊တုမရှိ။ ။
(ရှေးစာဆို)

ပုဂံပထမမင်းဆက် ၂၀-ဆက်မြောက် စောရဟန်းမင်း(၆၄၀)သည် ပုပ္ပားအရပ်သားဖြစ်သည်။ အနော်ရထာ မင်းသည် ဘုရင်မဖြစ်မီ နောင်တော်စုက္ကတေးမင်းကို တိုက်ခို်က်ရန် ပုပ္ပားအရပ်ကို ခြေကုပ်ယူစခန်းချခဲ့ သည်။
သူရဲကောင်းလေးဦးတွင် တစ်ဦးအ၀င်အပါဖြစ်သည့် ငလုံးလက်ဖယ်သည် ပုပ္ပားအရပ်သားဖြစ်သည်။ ကျန်စစ်သားမင်း (၁၀၈၄-၁၁၁၃)သည် မဟာဂီရိနတ်နှင့် အကြိမ်ကြိမ်စကားပြောဖူးသည်ဟု မြန်မာ ရာဇ၀င်ကျမ်းများတွင်ဆိုသည့်အပြင် မြေးတော်အလောင်းစည်သူ (၁၁၁၃-၁၁၆၀)၏ ဆရာများစာရင်းတွင် မဟာဂီရိနတ်အမည်ပါ၀င်နေသည်။
နရပတိစည်သူမင်း (၁၁၇၄-၁၂၁၁)လက်ထက်ကျောက်စာတွင် မနုဟာမင်း၏သားတော် သုဓမ္မရာဇ်၊ သုဓမ္မရာဇ်၏သား အသ၀ဏ်ဓမ္မာသည် နရပတိစည်သူမင်း ၏ ရွှေလောင်းလှေတော်ကို ပုပ္ပားအရပ်၍ သွားရောက်အပ်ထားသည်။ ထို့နောက်ပြန်လည် အပ်နှံရာမှ အသ၀ဏ်ဓမ္မာ၏သားတော် နာဂသမန်းသည် ဘုရင့်သမီးတော်နှင့်လက်ဆက်ခွင့်ရခဲ့သည်ဟုဆိုသည်။
မြန် မာရာဇ၀င်ကျမ်းများ၏ ဥဇနာမင်း(၁၂၄၉-၁၂၅၆)လက်ထက် မှတ်တမ်းတွင် ဥဇနာမင်း၏မိဖုရားစောသည် ပုပ့ားအရပ်သူဖြစ်သည်။ ပုပ္ပားအကြောင်း၊ မဟာဂီရိအကြောင်းကို မြန်မာရာဇ၀င်တွင် များစွာဆို ထားသော်ငြား ပုဂံခေတ်ကျောက်စာတို့တွင် တစ်ခွန်းမျှ မဆိုထားခြင်းသည် လွန်စွာသတိပြုဖွယ်ဖြစ်တော့ သည်။

၂။ပင်းယ၊အင်း၀ခေတ်
ပင်းယခေတ်တွင် နောင်တော်သီဟသူသည် စစ်ကိုင်းအသင်္ခယာစောယွမ်းမင်းကို လုပ်ကြံရန် ငခင်ညိုကို နန်းတွင်းသို့ တိတ်တဆိတ်လွှတ်လိုက်ရာ အခွင့်မသာသဖြင့် အချိန်ကြာခဲ့သည်။
တစ်စုံတစ်ရာမစားရသေး ရကား ဆာဆာရှိသည်ကြောင့် ဗလိနတ်စာကိုစားမိသဖြင့် တစ်လုပ်စားဖူး သူ့ကျေးဇူးကို သိတတ်သူဖြစ် သည့်အလျောက် မသတ်ပဲပြန်လှည့်လာခဲ့သည်။ ဤတစ်ချက်သာတွေ့ရသည်။ အင်း၀ခေတ်တွင် တောင် ပုပ္ပား စံကားပွင့်ဟူသော အဲချင်းလင်္ကာတစ်ပုဒ်ပေါ်ခဲ့သည်။

***တောင်ပုပ္ပား စံကားပွင့်***
ပုပ္ပားတောင်သည်၊ ရွှေတောင်တည့်လေ၊ ရွှေတောင်ပတ်လုံး၊ စံကားပင်နှင့်
ပန်းပင်ဖုံး၊ တောင်လုံးရနံ့ ကြိုင်စွလေ။
ပုပ္ပားတောင်တွင်၊ နတ်ရှင်နှစ်ပါး၊ ရွှင်စံစား၊ ဘုံခြားဗိမ္ဗာန်၊ မြိုင်စွလေ။
လှိုင်စွလေ၊ လှိုင်စွလေ၊ လှိုင်စွလေ၊ လှိုင်စွစံကား၊ တောင်ပုပ္ပား၊ စံကားပျံ့ကြိုင်မျှ၊
ပန်းလှိုင်စွလေး။
မောင်တော်ရေထက်၊ မယ်မုတ်ရေ၊ ဆယ်လေးသာစွလေ။
ဗိမ္ဗာန်နန်းမှာ၊ ထီးစင်္ကြာဖြန့်ကာ၊ အုပ်မိုးကာစွလေး။

အင်း၀ခေတ် အရှင်မဟာရဋ္ဌသာရနှင့် အရှင်မဟာသီလဝံသ
တို့က နတ်ကိုးကွယ်မှုနှင့်ပတ်သက်၍ ဗုဒ္ဓ ဘာသာသာသနာတော်
ညှိုးနွမ်းမည်ကို
မလိုလားသောကြောင့် ပြစ်တင်ရှုတ်ချရေးသားခဲ့ကြသည်။
မဟာဂီရိ၏အဓိပ္ပာယ်မှာ တောင်ကြီးဟူသောအဓိပ္ပာယ်ဖြစ်သည်။
ရှေးက သဘာ၀ဘေးအန္တရာယ် ကို ကြောက်ရွံ့မှုကြောင့်
သစ်ပင်တောတောင်များကို ကိုးကွယ်ခြင်းအလေ့ရှိခဲ့သည်ကိုလည်း
သတိပြုရာပါသည်။

၃။တောင်ငူခေတ်

အင်း၀ခေတ်တွင်
မည်မျှပင်ရေးသားခဲ့စေကာမူ တောင်ငူခေတ်မတိုင်မီထိ ပုပ္ပားနတ်ကို
ကျွဲနွားစသည် သတ်ဖြတ်ပသကြဟန်တူသည်။
ဘုရင့်နောင်မင်းတရားကြီး(၁၅၅၀-၁၅၈၁)သည် နတ်ကိုးကွယ်မှုကို
အမိန့်တော်ထုတ်ပြန်လျှက် တားမြစ်ခဲ့သည်ကို
တွင်းသင်းမဟာရာဇ၀င်သစ်(ဒုတိယတွဲ)တွင် တွေ့ရသည်။

၄။ညောင်ရမ်းခေတ်
ကသည်းစော်ဘွားတစ်ဦးသည် ၁၅-နှစ်မျှသာရှိသေးသော
ကသည်းမင်းသမီး နှင်းလုံခံကို စနေမင်း(၁၆၉၈-
၁၇၁၄)ထံ ဆက်သခဲ့သည်။ ဘုရင်မှ မင်းသမီးကို ပုပ္ပားမြို့စားအရာ
အပ်နှင်း၍ ကိုယ်လုပ်တော်အရာ
ထားခဲ့သည်။ ညောင်ရမ်းခေတ်နှောင်း အင်း၀နောက်ဆုံးမင်းဆက်
မဟာဓမ္မရာဇာဓိပတိမင်းကို မဏိ
ပူရစော်ဘွားဟုံသည် အသက် ၁၂-နှစ်သာရှိသေးသော
သမီးတော်ကသည်းမင်းသမီးကို ဆက်သခဲ့သည်။
ဘုရင်မှ ပုပ္ပားမြို့စားအရာအပ်နှင်းခဲ့သည်။ စိန္တကျော်သူဦးသြ၏
က၀ိလက္ခဏာသတ်ပုံကျမ်းတွင်
မိစၧာအားလုံး၊ လွှမ်းပိတ်ဖုံး၊ တောင်ပြုံးညီနောင်မင်း-ဟု
စပ်ဆိုခဲ့သည်။

၅။ကုန်းဘောင်ခေတ်

အလောင်းတော်မင်းတရားကြီးသည်
ပုပ္ပားမဟာဂီရိနတ်ရုပ်များမှ နှမတော်နတ်ရုပ်၏ ဦးခေါင်းကိုငုံ၍ ရွှေ
ချိန်ငါးပိဿာကို ဆက်သခဲ့သည့်အပြင်
နတ်ထိန်းခုနစ်အိမ်ထောင်ကိုလည်း ခန့်အပ်တော်မူခဲ့သည်။
ဘိုးတော်ဘုရား(၁၇၈၂-၁၈၁၉)ကို ၁၇၈၄-ခုတွင်
ပုပ္ပားနယ်သားငဘုန်းသည် ပုန်ကန်ခဲ့သဖြင့် အုပ်ချုပ်ရေး
ပရိယာယ်ကြောင့်လောမသိ မဟာဂီရိနတ်မောင်နှမတို့ကို
ချီးမြှောက်ခြင်းအဆက်သွယ်ရှိခဲ့သည်။ ခရစ် ၁၇၈၅-တွင် ရွှေစင်
၅၅-ကျပ်သားဆက်သခဲ့သည်။ မင်းထုန်းမင်းသည်လည်း
ပဉ္စမသင်္ဂါယနာတင်မင်းတစ် ပါးဖြစ်သော်ငြား
ပုပ္ပားကိုစည်းရုံးရေးအသွင်ဖြင့် ပုပ္ပားဒေသခံ
ဦးမှုံကို မြို့အုပ်ရာထူးအပ်နှင်းခဲ့သည်။ သီပေါ မင်းလက်ထက်
နန်းသက်ခုနစ်နှစ်တွင် ပုပ္ပားနှင့်ပတ်သက်၍
ထူးခြားသည့်ဆက်နွယ်မှုမရှိခဲ့ပေ။

၆။ကိုလိုနီခေတ်

သီပေါမင်း ပါတော်မူပြီးနောက် ပုပ္ပားဒေသမှ
ဗိုလ်နက်ကျော်သည်လည်း တွန်းလှန်တိုက်ခိုက်သူများအဖြစ်
ပါ၀င်ခဲ့သည်။ ၁၉၂၀-တွင် ဂေါပကလူကြီး ဦးသာတင်ဆိုသူက
ပုပ္ပားတောင်ကလပ်ပေါ်သို့ တက်ရောက်နိုင် ရန် လူသွားလမ်းကို
ခုတ်ထွင်ရှင်းလင်းခဲ့သည်။

၁၉၂၁-တွင် ကျိုက်ထီးရိုးဆရာလေး ဦးပန်းအေးသည်
- တောင်ကလပ်ပေါ်တွင် စေတီတစ်ဆူတည်ထားခဲ့ပြီး ၁၉၂၄-တွင်
၁၈-ပေမြင့်သော တံခွန်တိုင်ကို - မောနေယျကိုယ်တော်၏
ဦးဆောင်မှုဖြင့် တောင်ကလပ်ပေါ်တွင် စိုက်ထူခဲ့သည်။ ၁၉၂၅-တွင်
ပထမဆုံး ဘာသာရေးပွဲတော်အဖြစ် အနေကဇာတင်ပွဲကို
ကျင်းပခဲ့သည်။ တောင်ကလပ်သို့တက်ရာတွင် သံလှေ ခါးဖြင့်
တက်နိုင်ရန် ဆရာတော်ဦးကောသလ္လဦးဆောင်ခဲ့သည်။

၇။ဂျပန်ခေတ်

မဟာမိတ်တပ်များ ပုပ္ပားရွာသို့ချီတက်သောအခါ မြေသားလမ်းအဖြစ်
ချဲ့ထွင်ဖောက်လုပ်ခဲ့သည်။
၈။လွတ်လပ်ရေးခေတ်

မြန်မာနိုင်ငံသည် ၄-၁-၁၉၄၈-တွင် ဗြိတိသျှအစိုးရလက်အောက်မှ
လွတ်မြောက်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်
ထင်ရှားသည့်အဆောက်အဦအဖြစ်
ပုပ္ပားအနီး၀န်ကျင်ရှိ တောင်ကုန်းများတွင် အ၀င် အပါဖြစ်သော
သီလတောင်ပေါ်တွင် ဉာဏ်တော် ၂၇-ပေမြင့်သော
ဗျာဒိတ်ပေးရုပ်ပွားတော်တစ်ဆူကို ၁၉၅၉-တွင်
ဆရာတော်ဦးကုမာရနှင့် ဦးသာတင်တို့က ညှိနိုင်းကာ
တည်ထားခဲ့သည်။

*****အံ့ဖွယ်ပုပ္ပား*****
၁။သံသတၳုမထွက်ဟုဆိုသည်။
ပန်းပဲမောင်တင့်တယ်နှင့် နှမမင်းရာ(မင်းမြတ်လှ)သည် ပန်းပဲဖိုဖြင့် ဖိုကျင်ထိုးလုပ်ကြံစီရင်ခြင်း ခံခဲ့့ရသူများဖြစ်၍ ၄င်းတို့ကတားမြစ်ထားသောကြောင့် ယင်းအလုပ်ဖြင့် အသက်မွေးသူများ မကြီးပွားနိုင်ဟုဆိုသည်။ သို့သော် ပုပ္ပားဒေသသည် သံသတၳုထွက်ရာအရပ်မဟုတ် သဖြင့် မထွန်းကားခြင်း ဖြစ်နိုင်ပါသည်။
၂။မြေအို်းမြေခွက်လုပ်၍ မကြီးပွားနိုင်ဟုဆိုသည်။
သို့သော် ပုပ္ပားဒေသသည် ရှေးကမီးတောင်ဖြစ်ခဲ့၍ အိုးလုပ်ရန် သင့်တော်သော ရွှံ့စေးမြေမျိုးမတွေ့ရသောကြောင့်လည်း ဖြစ်နိုင်သည်။
၃။ပန်းပဲမောင်တင့်တယ်မောင်နှမတို့၏ ကြေကွဲဖွယ်
ဇာတ်လမ်းကြောင့် ဇာတ်၊ရုပ်သေး၊ပွဲ သဘင်ထောင်ခြင်းဖြင့် မထွန်းကားနိုင်ဟုဆိုသည်။ သို့သော် ပုပ္ပားတောင်သည် သူတော်စင်တို့နှစ် သက်သော ဆိတ်ငြိမ်ရာအရပ်ဖြစ်သည်ကိုလည်းကောင်း ပုပ္ပားတောင်နှင့် ၁၁-မိုင်ခန့်မျှသာေ၀းသော - ကျောက်ပန်းတောင်းတွင် ဇာတ်ထောင်သူများ၊ သဘင်ဂီတအနုပညာရှင်များ များစွာပေါ်ထွန်းခဲ့သည် ကိုလည်းကောင်း သတိပြုသင့်ပါသည်။
၄။ဆေးဖက်၀င်အပင်တို့ ပေါများသည်။ သက်ရင်းကြီးခေါက်ကို အစဉ်သုံးသဖြင့် ဆရာတော်ဦးနန္ဒသည် သက်တော်၁၂၁-နှစ်ရှည်ခဲ့သည်ကိုလည်းကောင်း ဘကြီးတော်မင်းနန်းတက်စ ၁၁-၁၂-၁၈၁၉-တွင် ဘုရင့် ထံ ဆေးဖက်၀င်အပင်များ စာရင်းတစ်စောင် ဆက်သခဲ့ဖူးသည်ကိုလည်းကောင်း သာယာ၀တီမင်းလက် ထက် ၄-၁-၁၈၄၁-တွင် ယွန်းစု၀န်ကြီးမင်း မဟာမင်းကျော်စည်သူဦးစီး၍ အမတ်ကြီးမဟာဇေယျသင်္ကြန်က ပုပ္ပားအရပ်မှ ဆေးမျိုး ၇၄၈-မျိုး၊ ဆေးအမည် ၁၀၇၄-ပါး ပါ၀င်သော ဆေးဖက်၀င်အပင်များ ထပ်မံဆက် သွင်းခဲ့သည်ကိုလည်းကောင်း ၁၈-၂-၁၈၅၇-တွင် နတ်အုပ်က၀ိဒေ၀ကျော်သူ၏ မင်းတုန်းမင်းထံသို့ ဆက် သွင်းရသော စစ်တမ်းတွင် ပုပ္ပားတောင်မှ ဆေးဥ၊ဆေးမြစ်၊နတ်ရေစင်များကို လွှတ်တော်တွင်ဆက်သွင်း ရမြဲဖြစ်ကြောင်း ပါရှိသည်ကိုလည်းကောင်း ယင်းတို့ကိုထောက်သောအားဖြင့် လက္ခံရပါမည်။
၅။ပန်းမျိုးစုံပေါသည်။ ပုပ္ဇ-ဟူသောစကားမှ ပုပ္ပားသို့ဖြစ်လာခဲ့ခြင်းဖြစ်၍ ပန်းမျိုးစုံပေါခြင်းသည် မဆန်းပါ၊ ဗျတ္တပန်းဆက်သမားနှင့် ပန်းစားဘီလူးမ မယ်ကု၀ဏ်တို့ဇာတ်လမ်းပင် ပေါ်ထွက်ခဲ့သေးသည်။ ပုပ္ပားတောင် ၏ ပန်းများနှင့်ပတ်သက်၍ ဒွေးချိုး၊တေးထပ်ကဗျာများစွာလည်း
ပေါ်ထွက်ခဲ့သည်။
ဒွေးချိုး = ပန်းပန်လျှင်၊ နန်းဆန်တဲ့စကား၊ ပန်ချင်သူ ဤတောင်ထွတ်က၊ ပန်းဆွတ်လို့သွား။
တေးထပ် =
ဘယ်ဘယ်ဆီ မမှန်းတတ်ပြီဘု
ပန်းကလပ်တောင်စွယ်
သန်းဒဟပ်ချောင်ကျယ်တွင်
ယောင်လည်လည်နေလို့
ကြိုလှည့်ပေါ့ ဆိုတဲ့သံရယ်
ငိုမဲ့ဟန်လေးနှင့်ကရို့
လူးလွန့်တဲ့ ဖူးညွန့်ပျံမှာ
မြူးကွန့်ဟန်တစ်ချို့၊
ခူးဝံ့ရန် တစ်တို့နှင့်
အစို့စို့ခိုင်ဆိုင်၊
ပန်း၀တ်မှုံ ကုင်္ကုမံတွေက
ထုံရနံ့ သင်းလို့ကြိုင်ကြိုင်
နယ်ရှစ်ရပ် ရှစ်ထပ်လှိုင်သည်
ရှစ်ပတ်တိုင် လေဗွေဆန်းပြန်တော့
ရွှေငွေတန်း စမ်းကြဖြူဖြူ
ပန်းကကြူကြူ
မျှော်တဲ့လို့ ခေါ်လှည့်ဆူတယ်
ဖော်မဲ့သူ ကူအုံးတဲ့လေး…..။
၆။နတ်မြင်းရှိသည်ဟုဆိုသည်။
အထောက်ထားမတွေ့သော်ငြား မောင်တော်နတ်ကွန်း
အနောက်ဆောင်နားဆီမှ အရှည် ၁၁-ပေ၊ အမြင့် ၆-ပေရှိသည့် သဘာ၀ကျောက်နွားတစ်ကောင်နှင့် အရှည် ၁၇-ပေ၊ အမြင့် ၁၀-ပေရှိသည့် သဘာ၀ကျောက်နွားတို့ကို ဆိုလိုခြင်းဖြစ်နိုင်ရာသည်။
၇။သဘာ၀စိမ့်စမ်းရေ ပေါများသည်။
အစဉ်လာမှတ်သားချက်အရ ၉၉-ခုရှိ၍ ဘိုးတော်ဘုရား (၁၇၈၂- ၁၈၁၉) လက်ထက် ဆက်သသောရတုအရဆိုပါလျှင် အရှေ့အရပ်မျက်နှာတွင် ၈၇-ခု၊ အနောက်ဖက်တွင် ၄၆-ခု၊ တောင်ဖက်တွင် ၁၉-ခု၊ မြောက်ဖက်တွင် ၂၃-ခု၊ ပေါင်း=၁၇၅-ခု ရှိသည်။ လက်တွေ့ရှာဖွေသူတို့ အဆိုအရမူ ၁၃၂-ခုတွေ့ရပြီး ထပ်မံစစ်ဆေးသောအခါ ထို့ထက်ပင်နည်းသွားလေပြီဖြစ်သည်။
၈။နတ်ကျားရှိသည်ဟုဆိုသည်။
မင်းမဟာဂီရိကို မရိုမသေပြုသူတို့ကို ပြသလေ့ရှိပြီး မင်းမဟာဂီရိမောင် -နှမကို မရိုမသေပြုသူတို့၏ ကျွဲ၊နွားတို့ကို ဖမ်းယူစားသောက်တတ်သည်ဟုဆိုသည်။ မြင်ဖူးသူမရှိသော် လည်း ခြေရာကို တွေ့ရတတ်သည်ဆို၏။ တောတွင်းရှိ သာမန်ကျားခြေရာလည်း ဖြစ်နိုင်ပါသည်။
၉။မြွေဆိုးမရှိဟုဆိုသည်။
ရာသီဥတုနှင့် မီးတောင်မြေသဘာ၀အနေထားအရ အဆိပ်ပြင်းမြွေ မရှိခြင်းလည်း ဖြစ်နိုင်ပါသည်။

*****သုတေသီတို့ လေ့လာစရာ*****
၁။ပုပ္ပားတောင်ဥယျာဉ် (Popa Mountain Park) = ၁၉၈၃-တွင် တည်ထောင်ပြီး ၁၉၉၃-တွင် သဘာ၀အခြေခံ ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ၄၉.၆၃ စတုရန်းမိုင်ရှိပြီး ကိုလိုနီခေတ် ၁၉၀၂-တွင် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၅၄-၅၅-တွင် ထိန်းသိမ်းကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပြန်သည်။
၂။ပုပ္ပားတောင် အပန်းဖြေဟိုတယ် (Popa Mountain Resort) = ၉-၂-၁၉၈၈-တွင်ဖွင့်လှစ်ခဲ့သည်။
၃။မီးတောင်ဟောင်း = ဘီစီ ၄၄၂-တွင် ပေါက်ကွဲခဲ့ပြီး ယခုအခါ မီးသေတောင်ဖြစ်နေပေပြီ။ ဤမီးတောင်ဟောင်း ပေါက်ကွဲရာမှ မီးတောင်၏အဆို့ (Volcanic Plug) သည် ပုပ္ပားတောင်ကလပ် ဖြစ်ခဲ့ သည်ဟူသော အဆိုတစ်ရပ်လည်းရှိသည်။
၄။ပညာပေးပြခန်း (Environmental education Centre
၅။ဆေးဖက်၀င်အပင်များစိုက်ခင်း = (Popa Medical Plants) = ဆေးဖက်၀င်အပင်မျိုးပေါင်း ၃၅၀- ခန့် ရှိသည်ဟု ဆိုသည်။
၆။စန္ဒကူးတော = သစ်ခွစသည့် ဆေးဖက်၀င်အပင်များ မျိုးလေးဆယ်ခန့်ကို လေ့လာနိုင်သည်။
၇။စိုက်ပျိုးရေးလုပ်ငန်း
၈။ငှက်ကြည့်ခြင်း = ပုပ္ပားတွင် ငှက်မျိုးပေါင်း ၁၃၀-ကျော်ကို တွေ့မြင်နိုင်သည်။ ထို ၁၃၀-တို့သည် မြန်မာ ငှက်တို့အပြင် နိုင်ငံခြားငှက်များလည်း အ၀င်အပါဖြစ်သည်။ ဒေသခံငှက်မျိုး ၇၀ခန့်ရှိပြီး နိုင်ငံခြားငှက်မျိုး ၃၀ကျော်ခန့် ရှိသည်။
၉။လိပ်ပြာကြည့်ခြင်း = ကမ်ဘာပေါ်တွင် လိပ်ပြာမျိုးရင်း (Family) ၁၀-မျိုးရှိပြီး အမျိုးအစားမှာ ၁၇၅၀၀-ရှိသည်။ မြန်မာနိုင်ငံတွင် မျိုးရင်း ၉-ခု၊ အမျိုးအစား ၁၀၀၄-ခုရှိသည်။ မြန်မာတွင် ကမ်ဘာ့ရှားပါးလိပ်ပြာ ၆-မျိုးရှိသည်။ ယင်းတို့မှာ
1.Apollo
2.Kaiser.
3.4.The Common Birdwing နှစ်မျိုး
5.6.The Golden Birdwing နှစ်မျိုး
တို့ဖြစ်သည်။
*****ပုပ္ပားတောင်ကလပ်*****
ပုပ္ပားတောင်ကလပ်ကို
၁။တောင်ကလပ်
၂။နဂါးရစ်တောင်
၃။ပန်းပေးတောင်
၄။ဘဇဂါမ်တောင်
၅။၀ဏ္ဏ ယက္ခတောင်
၆။၀ိဇ္ဇာဓရတောင်ဟူ၍ အမည်ခြောက်မျိုးဖြင့် ခေါ်ေဝါ်ကြသည်။
နံပါတ်လေးအမည်သည် ရှေး အကျဆုံးအမည်ဖြစ်သည်။ မြင်းခြံကျောက်ပန်းတောင်းသွား
မော်တော်ကားလမ်းဆုံနေရာမှ တောင်ကလပ်သို့ ၂-မိုင်ခရီးဖြင့် ရောက်နိုင်ပါသည်။ တောင်ကလပ်သည်
တောင်မကြီးနှင့် ဆက်စပ်မှုမရှိပဲ သီးခြားတည်ရှိ ကာ တောင်မကြီးနှင့် နှိုင်းစာလျှင် ထက်၀က်မျှသာရှိသည်။
အမြင့် ၂၄၁၇-ပေရှိပြီး စောင်းတန်း အတက် လမး်တစ်လျှောက် မျောက်များအစာတောင်းကြသည်
ကိုလည်းကောင်း မျောက်စာရောင်းကြသူတို့ကိုလည်းကောင်း
တွေ့ရသည်။
ပုပ္ပားတောင်ကလပ်၏ အနောက်တောင်ဘက်ရှိ ထောက်ရှာရိုးအထက်နားတွင် ရှင်သာရဒရသေ့နေထိုင် ခဲ့ဖူးသည်ဟုလည်းကောင်း ၄င်းရသေ့သည် ဒေါက်ချာဟူသော အသုံးအဆောင်ကို စတင်သုံးစွဲခဲ့သည် ဟု လည်းကောင်း ဆိုကြသည်။
ဦးသီလသည်လည်း ပုပ္ပားတောင်သို့အမြဲ ကြွလာတတ်သည်ဆို၏။ ဘိုးမင်းခေါင်သည် ပုပ္ပားတောင်မကြီး၏ အရှေ့မြောက်ဖက် စင်မြင့်ရွာ၌ ဖွားမြင်ပြီး ပုပ္ပားတွင် သာသနာပြု လုပ်ငန်းများဆောင်ရွက်ရင်းပင် ကွယ်လွန်ခဲ့သည်။ ဦးခန္တီသည် ဘိုးမင်းခေါင်၏ တပည့်ဖြစ်ပြီး ဘိုးမင်းခေါင် ထံ မကြာခဏလာရောက်လေ့ရှိသည်ဆို၏။
====================================

စာရေးဆရာတင်နိုင်တိုး၏ ပုပ္ပားဟူသောစာအုပ်မှထုတ်နှုတ်ရေးသားပါသည်။
#Credit to>>Orginal Uploader

ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။


ကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။


ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပက္ကာရတင်ရှိပါတယ်


ဖြိုးလေး(Myanmar Youths)ph-09969535368


**********************************************************************************************

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths