အိပ်ချိန်ကလွဲလို့ တစ်ချိန် လုံး မျက်မှန်မချွတ်တမ်း တပ်ထား ရသူတွေကြုံရလေ့ရှိတာကတော့ နှာခေါင်းရိုးပေါ်မှာ အညိုအမည်း တွေထင်ကျန်တာပါ။ ဒါတွေကို ပျောက်ချင်ပေမယ့် ဘာလုပ်ရ မယ်မှန်း မသိသေးသူတွေ အိမ်မှာ တင် လုပ်နိုင်တဲ့ နည်းလမ်းလေး တွေကို မျှဝေလိုက်ပါတယ်။
- ရှားစောင်းလက်ပပ်ဂျယ် အနည်းငယ်ကို အညိုအမည်းရှိတဲ့ နေရာကို သုတ်လိမ်းပြီး ခြောက် သွားတဲ့အထိ ထားပြီးမှ ရေဆေး ပစ်ပါ။
- အာလူးကိုပါးပါးလှီးပြီး ညို မည်းတဲ့နေရာကို ပွတ်ပေးတာမျိုး (ဒါမှမဟုတ်) အာလူးကိုကြိတ် ခြေအနှစ်လုပ်ပြီးတော့လည်း သုတ်လိမ်းနိုင်ပါတယ်။
- အကွင်းလေးတွေ လှီးထားတဲ့ သခွားသီးနဲ့လည်း ပွတ်ပေးနိုင် သလို သခွားသီးကို အရည်ညှစ် ပြီးတော့လည်း အညိုအမည်း နေရာတွေကို သုတ်လိမ်းနိုင်ပါ တယ်။
- သံပရာသီးကို အရည်ညှစ်ပြီး ဂွမ်းစလေးနဲ့ ညိုနေတဲ့နေရာတွေ ကိုသုတ်ပြီး ၁၅ မိနစ်လောက်ထား ပြီး ရေဆေးပေးတာမျိုး လုပ်နိုင်ပါ တယ်။
- ပျားရည်အနည်းငယ်ကို ညိုနေ တဲ့နေရာမှာ သုတ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပြီး ဆေးကြော တာမျိုးလည်း လုပ်နိုင်ပါတယ်။
- လိမ္မော်ခွံကို အခြောက်ခံအမှုန့် ကြိတ်ပြီး နွားနို့အနည်းငယ်နဲ့ရော ပြီး အနှစ်လုပ်ကာ သုတ်လိမ်းပြီး ဆေးကြောပေးရင် အညိုအမည်း တွေ သက်သာစေပါတယ်။
- အယ်လ်မွန်စေ့အဆီကို အညို အမည်းနေရာတွေမှာ သုတ်လိမ်း ပြီး နှိပ်နယ်ပေးနိုင်ပါတယ်။
Ref: stylecraze
Friday, September 29, 2017
7:00 PM
နှာခေါင်းပေါ်ကအညိုအမည်းတွေပျောက်ချင်ရင်
Myanmar Youths Technology Group
No comments
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment