ရုတ်တရက်ကတိဖျက်တတ်သူဆိုတာ
ဒီနေ့တွေ့မယ်လို့ပြောပြီး မပေါ်လာတဲ့သူဆိုတာ ဘယ်လိုလူလဲ ..
ကတိဖျက်တဲ့သူကတော့ သူ့စိတ်ထဲရှိတဲ့အတိုင်းလုပ်နေတော့ အားနာရမယ်လို့ မထင်ပါ ...
ဘာကြောင့်သူတို့တွေက လွယ်လွယ်နဲ့ ကတိဖျက်ကြတာလဲဆိုတာကို ကြည့်လိုက်ကြရအောင် ...
၁ . တွေ့ရမှာကို အလုပ်ရှုပ်တယ်လို့ ထင်နေတယ်
- မတွေ့ခင်ကတည်းက ဒီလူနဲ့တွေ့ရတာကိုက အလုပ်ရှုပ်တယ်လို့ တွေးနေတာပါ။ ဒါကြောင့် သွားရမှာကိုလည်း စိတ်ကုန်သွားတတ်ပါတယ်။
၂ . တွေ့ရမယ့်သူ၊ သွားရမယ့်ပွဲကို စိတ်မဝင်စားပါ
- သွားရမယ့်ပွဲ၊ တွေ့ရမယ့်သူကို သူ့အတွက်ကတော့ ဆွဲဆောင်မှု၊ စိတ်ဝင်စားမှုမရှိတာကြောင့် ကတိပျက်တတ်ပါတယ်။ သွားမယ်လို့ ကတိပေးလိုက်ပင်မယ့်လည်း သွားမယ့်နေ့ကျတော့ သွားရမှာကို စိတ်ကုန်လာတတ်ပါတယ်။
၃ . ပုံမှန်အားဖြင့် စိတ်အလိုလိုက်တဲ့သူ
- ကတိဖျက်တဲ့သူဟာ သွားလာလှုပ်ရှားချင်စိတ်ကုန်သွားရင် ဘာမှကို မလုပ်ချင်သူများပါတယ်။ စိတ်ထဲမှာ ထင်သလိုလုပ်တတ်တဲ့အတွက် စိတ်ပျက်စရာပါ။
၎ . ကိုယ့်အတွက်ကိုသာလျှင် အဓိကထားသူ
- သူတို့တွေက ကိုယ့်အတွက်ကိုသာလျှင် ကြည့်တတ်သူတွေပါ။ ကိုယ်က ဒီလိုထင်လို့ လုပ်တဲ့ကိစ္စက မှန်တယ်လို့ တွေးထားပါတယ်။
၅ . သူတပါးအပေါ်မှာ စာနာတတ်ခြင်း မရှိပါ
- ကိုယ့်အတွက်ပဲကြည့်နေတဲ့အတွက် သူတပါးအတွက် ကိုယ်ချင်းစာတရားမရှိသလို ခံရသူက ဘယ်လိုတွေးနေသလိုဆိုတာလည်း မစဉ်းစားတတ်ပါ။
၆ . ကြိုပြီးတော့လည်း မစဉ်းစားတတ်ပါ
- သူတို့ဟာ အားနာတတ်တဲ့စိတ်မရှိသလို၊ ကြိုပြီးတော့လည်း မစဉ်းစားတတ်ပါ။ ကိုယ်က ကတိဖျက်လိုက်တဲ့အတွက် ဖြစ်လာမယ့်အကျိုးတရားကို ကြိုတင်
ပြီး မတွေးတတ်ပါ။
၇ . မများကြီး မစဉ်းစားပဲ ပေါ့ပေါ့ပါးပါးနေတတ်သူတွေပါ
- သူတို့တွေမှာ စဉ်းစားဥာဏ်ကနည်းပြီး ဒီတစ်ခေါက်တော့ လုပ်လိုက်မယ့်ဆို
ပြီး ပေါ့ပေါ့ပဲတွေးတတ်ပါတယ်။
၈ . ဝါသနာကို ဦးစားပေးသူတွေပါ
- များသောအားဖြင့် အိမ်မှာနေပြီး ကိုယ်စိတ်ဝင်စားတဲ့ ဝါသနာ ဥပမာအားဖြင့် ဂိမ်းကစားနေတာကို အလေးပေးတတ်သူတွေလည်း ဖြစ်နိုင်ပါတယ်။
၉ . ပုံမှန်ဘဝမှာလည်း ဖြစ်သလိုနေတတ်သူ
- သူတို့ရဲ့ထူးခြားချက်ကတော့ နေ့စဉ်ဘဝမှာလည်း ဖြစ်သလိုနေတတ်တာကိုတွေ့ရမှာပါ။ အိမ်ခန်းကလည်း ရှုပ်ပွနေတတ်ပါတယ်။
၁၀ . တကိုယ်ကောင်းဆန်သောသူ
- သူတို့ကတော့ တကယ်ကို တကိုယ်ကောင်းဆန်သူတွေ ဖြစ်ပါလိမ့်မယ်။
ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့အတွက် သူများတွေအတွက် ဘာဖြစ်မလဲဆိုတာကို တွေးမထားပါ။ နောက်တခုကတော့ သူတပါးကို မလေးစားတာက အဓိက အကြောင်းရင်းဖြစ်ပါတယ်။
ကဲ ကိုယ့်အနားမှာကော ခုလိုလူတွေရှိနိုင်သလား၊ ကြည့်လိုက်ပါဦးနော်။
Credit - ChelmoTeam
အောင်မြင့်မြတ်
Saturday, November 28, 2015
1:40 PM
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment