Saturday, November 28, 2015

ဘဝအတွက်အကြံပြုချက်များ

သင့်အနေနဲ့ ယုံချင်မှလည်း ယုံမယ်… ယုံရင်လည်း ယုံပါလိမ့်မယ်… ဒါပေမဲ့
ဒီအကြံပြုချက်လေးတွေကတော့ တကယ်ပဲ ကောင်းမွန်သင့်တော်ပါတယ်…
အဆုံးအထိဖတ်ကြည့်လိုက်မယ်ဆိုရင် သင့်အတွက် တစ်ခုခုကျန်ပါလိမ့်မယ်….

၁ - လူတွေကို သူတို့မျှော်လင့်ထားတာထက်ပိုပေးပါ… ဝမ်းမြောက်ဝမ်းသာနဲ့
ရက်ရက်ရောရောပေးပါ…
၂ - သင်နဲ့စကားပြောရတာအဆင်ပြေတဲ့သူမျိုးကို လက်ထပ်ယူပါ… အသက်
ကြီးလာတာနဲ့အမျှ စကားပြောဆိုဖို့အဆင်ပြေခြင်းဟာ တခြားအရာတွေထက် ပိုအရေးပါလာပါလိမ့်မယ်…
၃ - ကြားသမျှကို အကုန်မယုံပါနဲ့.. ရှိသမျှအကုန် မသုံးပါနဲ့… အိပ်ချင်သ
လောက် အကုန်မအိပ်လိုက်ပါနဲ့…
၎ - “ချစ်တယ်” ဆိုတဲ့စကားကို နားလည်ခံစားပြီးမှ ပြောပါ…
၅ - “တောင်းပန်ပါတယ်” ဆိုတဲ့စကားကိုပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး
ပြောပါ…
၆ - လက်မထပ်ခင် အနည်းဆုံး ခြောက်လလောက် အချိန်ယူလေ့လာပါ…
၇ - အမှားလုပ်မိပြီဆိုတာ သိလိုက်တာနဲ့ ချက်ချင်းပြန်ပြင်ပါ…..
၈ - တခြားသူရဲ့ အိပ်မက်တွေကို ဘယ်တော့မှ ပြက်ရယ်မပြုပါနဲ့… စိတ်ကူး
အိပ်မက်မရှိတဲ့သူမျိုးက သိပ်များများစားစားမရှိပါဘူး….
၉ - နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာချစ်ပါ… ဒီလိုချစ်လို့ သင်နာကျင်ခံစားရ
ကောင်း ခံစားရပါလိမ့်မယ်… ဒါပေမဲ့ ဘဝကိုပြည့်ပြည့်စုံစုံဖြတ်သန်းဖို့ တစ်ခု
တည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာပဲရှိပါတယ်….
၁၀ - အငြင်းပွားစရာရှိတဲ့အခါ မျှမျှတတဆွေးနွေးငြင်းခုန်ပါ… နာမည်တွေခေါ်
ပြီး ပြောဆိုတဲ့အခြေအနေမျိုးမရောက်ပါစေနဲ့….
၁၁ - ဆွေမျိုးအသိုင်းအဝိုင်းတွေကိုကြည့်ပြီး လူတွေကို မဆုံးဖြတ်ပါနဲ့….
၁၂ - မြန်မြန်စဉ်းစားပြီး ဖြေးဖြေးချင်းပြောပါ…
၁၃ - သင်မဖြေချင်တဲ့ မေးခွန်းမျိုးကို တစ်ယောက်ယောက်က မေးလာခဲ့ရင် “ဘာကြောင့် ဒါကိုသိချင်ရတာလဲ….” လို့ ပြုံးပြီးပြန်မေးလိုက်ပါ…
၁၄ - ကြီးမားတဲ့ချစ်ခြင်းနဲ့ ကြီးမြတ်တဲ့အောင်မြင်မှုတွေမှာ ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတွေပါဝင်နေတယ်ဆိုတာကို သတိရပါ…
၁၅ - တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ သင်ခန်းစာယူဖို့ လက်မလွှတ်ပါ
စေနဲ့….
၁၆ - ကိုယ့်ကို လေးစားပါ… တခြားသူတွေကို လေးစားပါ… ကိုယ်လုပ်ခဲ့
သမျှ ကိုယ့်တာဝန် ကိုယ်ယူတတ်ပါစေ…
၁၇ - ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဘာမဟုတ်တဲ့ ကိစ္စလေးတွေ
ကြောင့် အထိအခိုက်မခံပါနဲ့….
၁၈ - ဖုန်းကိုင်လိုက်တာနဲ့ ပြုံးလိုက်ပါ… သင့်အပြုံးကို တစ်ဖက်လူကကြားပါ
လိမ့်မယ်…
၁၉ -  တစ်ခါတစ်လေ တစ်ယောက်ထဲနေပါ…

‪Credit - နှိုင်းရင့်နွေ

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths