Sunday, November 29, 2015
2:43 PM
သားအတွက်အဖေရဲ့မှာကြားချက်
Myanmar Youths Technology Group
No comments
ငါ့သားအိမ်ထောင်ဖက်ရှာနေတယ်ဆိုရင် ...
မိန်းမတွေရဲ့ရင်သားနဲ့ တင်ပါးအရွယ်အစားအတွက်
မင်း စိတ်မပူပါနဲ့ ။
နှလုံးသားနဲ့ ဦးနှောက်အရွယ်အစားအတွက်ပဲ စိတ်ပူပါ။သူမရဲ့ ချစ်မေတ္တာနဲ့ သည်းခံစိတ်အရွယ်အစားအတွက်ပဲ စိတ်ပူပါ။
နောက် ၅ နှစ် ၁၀ နှစ် ကြာပြီးတဲ့အခါ ရင်သားနဲ့ တင်သားတွေက ပြောင်းလဲသွားလိမ့်မယ်။
အခု မင်းအမေကိုပဲကြည့်လေ ရင်ပြားကြီးနဲ့ 
တင်ပြားကြီးသာကျန်တော့ပေမဲ့
ငါတို့ တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်။
ငါ့သား
ငွေကိုချစ်တဲ့ မိန်းမတွေကို သတိထားပါ။
အဲဒီမိန်းမတွေဟာ အချိန်ပြည့်သူတို့ ရဲ့ ဆံပင်တွေ|
အဝတ်အစားတွေ | ဖိနပ်တွေ|
ပိုက်ဆံအိတ်တွေ | အတွင်းခံဘောင်းဘီတွေနဲ့ 
မိတ်ကပ်တွေ အကြောင်းပြောတတ်ကြတယ်။
အဲဒီအရာတွေမပါဘဲ ကောင်းမွန်
တဲ့အိမ်ထောင်ရေးဟာ ရပ်တည်နိုင်ပါတယ်။
ဒါပေမဲ့ အချစ်မပါဘဲတော့ အိမ်ထောင်ရေး
မတည်တံ့နိုင်ဘူးပေါ့။
ငါ မင်းအမေကို လက်ထပ်ခဲ့တုန်းက
ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားမပိုင်ခဲ့ဘူး။
ငါဟာ ပညာတတ်တစ်ယောက်တောင်မဟုတ်ခဲ့ဘူး။
ဒါပေမဲ့ ငါ့မှာ အိပ်မက်တွေရှိခဲ့တယ်။
မင်းအမေကငါနဲ့ ငါ့အိပ်မက်တွေကို
နှစ်သက်လေးစားပြီးကူညီထောက်ပံ့တယ်။
မင်းရဲ့ အိပ်မက်တွေကို လျစ်လျူ ရှုတတ်တဲ့မိန်းမ
အကြောင်းတစ်မိနစ်လောက်တောင်တန်ဖိုးထားစဉ်းစားမနေပါနဲ့ ။
မင်းထက်ပိုပြီးမင်းအိပ်မက်တွေကို ကောင်းကောင်းတွေ့ မြင်နိုင်မယ့်မိန်းမတစ်ယောက်ကို
မင်းရှာတွေ့ ပြီဆိုရင်တော့ မင်းကံကောင်းပြီပေါ့ ငါ့သား။
Credit Nigeriacamera
အောင်မြင့်မြတ်
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment