သစ်သီးဝလံများများ စားပေးလျှင် ကျန်းမာရေးအတွက် အကျိုးရှိသည်။ ဒါပေမဲ့ မှားယွင်းသော အကျင့်သည် ကျန်းမာရေးကို အကျိုးမပြုဘဲ ရောဂါများပါလာစေသည်။
၁.ထမင်းစားပြီး သစ်သီးချက်ချင်းမစားရ
ထမင်းစားပြီး အသီးချက်ချင်းစားလျှင် အစာမကြေလွယ်ဘဲ လေပွ၊ဝမ်းချုပ်တတ်သည်။ ထမင်းစားပြီးနောက် ၂နာရီ((သို့) ထမင်းမစားခင်၁နာရီမှာ သစ်သီးကိုစားပေးရသည်။
၂.သစ်သီးကိုလွန်စွာမစားရ
အချိန်တိုအတွင်း သစ်သီးကိုလွန်စွာ စားသုံးလျှင် ကိုယ်ခန္ဓာထဲမှာ ကော့ပါးဓာတ်ချို့တဲ့စေပြီး သွေးထဲက ကယ်လိုရီပိုစေသောကြောင့်ဖြစ်သည်။
၃.ပုပ်သောသစ်သီး
သစ်သီးများ ပုပ်ခြင်း၊ ဖုန်မူန့်မကင်းစင်ခြင်း၊ သန့်ရှင်းအောင် မဆေးကြောသော သစ်သီးကိုစားမိလျှင် ဝမ်းပျက်၊ဖျားနာခြင်းနှင့် အစာအိမ်အူလမ်းကြောင်း ကူးစက်ရောဂါဖြစ်စေသည်။
၎.အရက်ပျံနဲ့သစ်သီးကိုမဆေးရ
အရက်ပျံသည် သစ်သီးအခွံပေါ်ရှိ ပိုးမွှားမျာကိုသတ်စေသော်လည်း သစ်သီး၏အရောင်၊အနံ့၊ အရသာတို့ကို ပြောင်းလဲစေရုံသာမက သစ်သီးထဲရှိ အချဉ်ဓာတ်နှင့်ပေါင်းစပ်၍ သစ်သီး၏အာဟာရကို လျော့နည်းစေသည်။
၅.သစ်သီးအခွံပါမစားသုံးရ
တချို့သစ်သီး၏အခွံမှာ ဗီတာမင်များပါရှိတယ်၊ ဒါပေမဲ့ပိုးမွှားကင်းစင်အောင် ပိုးသတ်ဆေးများ ဖျန်းထားလျှင် သစ်သီးအခွံပေါ်မှာ ဆေးများကျန်ရှိနေသောကြောင့် မစားသုံးသင့်ပါ။
၆.အသားငါးပေါ်မှာ အသုံးပြုသော ဓါးနဲ့သစ်သီးကိုမနွှာရ
အသားငါးမှာသုံးသော ဓါးပေါ်မှာ သန်ကောင်ဥများနှင့် ပိုးမွှားဥများသည် သစ်သီးပေါ်သို့ ကပ်ပါသွားပြီး ကူးစက်ရောဂါများ ဖြစ်တတ်သောကြောင့်ဖြစ်သည်။
၇.မနက်ထထချင်း အသီးမစားသင့်
သစ်သီးသည် အအေးဓာတ်စာဖြစ်၍ ဗိုက်ထဲမှာ အစာမရှိဘဲစားသုံးလျှင် အစာအိမ်အူကို ထိခိုက်စေသည်။ သစ်သီးကို ညနေ၃ -၄နာရီမှာ စားသုံးပေးလျှင် အာဟာရစုပ်ယူအား ပိုကောင်းစေသည်။
၈.’ဝ’သောသူသည် သစ်သီးကို အလွန်အကျွံမစားရ
သစ်သီးမှာအချိုဓာတ်များ ပေါများ၍ လွန်ကျွံစွာစားသုံးပြီး အားကစားလှုပ်ရှားမူနည်းလျှင် ဆီးချိုရောဂါများဖြစ်စေသည်။
၉. သစ်သီးကိုခဲအောင် ထားပြီးစားလျှင်အဆိပ်ဖြစ်စေနိုင်သည်။
သုတေတန၏တွေ့ရှိချက်အရ သစ်သီးကိုခဲထားပြီးနောက် Ami Nitrate ဓာတ်ဖြစ်ပေါ်စေသည်။ များစွာစားသုံးပြီးလျှင် ခေါင်းကိုက်၊ ခေါင်းမူး၊အော့အန်ခြင်းစသော လက္ခဏာများဖြစ်ပေါ်စေသည်။
၁၀. သစ်သီးကို အဓိကအစားအစာအဖြစ် မစားသုံးရ
တချို့မိတ်ဆွေတို့သည် ပိန်ချင်၍ ထမင်းကိုမစားဘဲ သစ်သီးကိုဘဲစားသုံးကြသည်။ အလွန်မှားယွင်းပါသည်။ ကျွနုပ်တို့၏ကိုယ်ခန္ဓာထဲမှာ ကာပွန်ဟိုက်ဒရိုက် ၊ဗီတာမင်ဓာတ်၊ သတ္တူဓာတ်မျိုးစုံလိုအပ်ပါသည်။ အကယ်၍ သစ်သီးကိုဘဲ စားသုံးပါက ကျန်းမာရေးနဲ့မညီညွတ်ပေ။
၁၁.ခန္ဓာကိုယ်၏အခြေအနေအရ သစ်သီးကိုရွေးစားရ
ဗိုက်ထဲမှာ အစာမရှိချိန်မှာ မစားသင့်သော သစ်သီးမှာ ငှက်ပျောသီး ၊လိမ္မာသီး၊ လိုင်ချီးင်၊ကြံသကာ ၊Persimmonတို့ဖြစ်ကြသည်။
အားနည်းသူများ ဒူးရင်းသီး၊ အုန်းသီး၊မက်မွန်သီး၊ ဒလဲသီး၊ ချယ်လီသီး၊ Longonတို့ကိုစားသုံးပေးပါ
အပူကန်လျှင်ဖရဲသီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ ခရမ်းချဉ်သီးတို့ကို စားသုံးရသည်။
ဘာအခြေအနေမဆို စားသုံးနိုင်သော သစ်သီးမှာ စပျစ်သီး၊ နာနတ်သီး၊ ပန်းသီး၊ လိမ္မောသီး၊ သရက်သီး၊ စသည်တို့ဖြစ်သည်။
အောင်မြင့်မြတ်
Wednesday, December 9, 2015
1:32 PM
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment