Wednesday, December 9, 2015

ချစ်သူနှစ်ဦးကြာမှာချိုးဖောက်သင့်တဲ့စည်းကမ်းများ

သင်ဟာ အရင်ထားခဲ့ဖူးတဲ့ ရည်းစားတွေနဲ့ အဆင်မပြေတဲ့အရာတွေမှန်သမျှ နောက်ထပ်ထားမယ့် ချစ်သူနဲ့ပါ မဆင်မပြေနိုင်တော့ဘူးလို့ တွေးရင်မှားမှာပေါ့။ အတိတ်ကို အတိတ်မှာထားခဲ့ပါ။ တစ်ခါတစ်လေ ချစ်သူရည်းစားတွေကြား လျစ်လျူရှုထားရမယ့် စည်းမျဉ်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။သူငယ်ချင်းလိုနေပြီးမှသာ ချစ်သူတွေဖြစ်ရင် အဆင်ပြေမယ်။ သူက သူငယ်ချင်းကောင်းလည်း ဖြစ်ရမယ် ဆိုတာမျိုး။

သူငယ်ချင်းဆိုတာ သူငယ်ချင်းပါပဲ။ ကိုယ်နဲ့အိမ်ထောင်ပြုမယ့်သူဟာ သူငယ်ချင်းဖြစ်ရမယ်ဆိုတာမျိုးဟာ အူကြောင်ကြောင်နိုင်လွန်းတဲ့ အတွေးပါ။

၂။သင်နဲ့ သင့်ချစ်သူဟာ ပွဲတိုင်းအတူ တက်ရမယ်ဆိုတာမျိုး။

ဒီလို အတွေးမျိုးကလည်း ခုခေတ်မှာ မတွေးသင့်တောပါဘူး။ ချစ်သူနှစ်ဦး တပူးတွဲတွဲနဲ့ ချစ်ကြတာမျိုးရှိတာ သိပ်ကောင်းတဲ့အရာပေါ့။ ဒါပေမယ့် ဘယ်လိုပွဲမျိုးမဆို သူနဲ့ကိုယ်နဲ့ အတူတူသွားရမယ်ဆိုတဲ့ တယူသန်အတွေးမျိုးကိုတော့ ဖယ်ထုတ်ထားသင့်ပါတယ်။

၃။သူဘာတွေကြိုက်တတ်သလဲဆိုတာ သိအောင်လုပ်ပြီး သူနဲ့အတူ လိုက်လုပ်ရမယ်ဆိုတာမျိုး။

သူက ဂေါ့ဖ်ရိုက်တာကိုနှစ်ခြိုက်တယ်ဆိုတော့ ကိုယ်ပါဂေါ့ဖ်လိုက်ရိုက်ရမယ်ဆိုတာမျိုးကလည်း ပေါကြောင်လွန်းလှတဲ့ အတွေးမျိုးပေါ့။ တစ်ယောက်အကြိုက် တစ်ယောက်သိထားပြီး ကိုယ်ဝါသနာပါရာကို သီးသန့်လုပ်ဆောင်လို့ရတာပဲလေ။

၎။ဒေါသတွေနဲ့ အိပ်ယာမ၀င်ပါနဲ့ ဆိုတာမျိုး။

ချစ်သူနှစ်ဦး ရန်ဖြစ်ပြီး ဒေါသတွေထွက်၊ ပြဿနာကို ဆက်မရှင်းတော့ပဲ အိပ်ယာဝင်လိုက်ရတာမျိုးရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ပါပဲ။ ဘာလို့လဲဆိုတော့ မနက်အိပ်ယာနိုးလာရင် ဒေါသတွေလည်း လျော့ကျနေတဲ့အပြင် ညက ငါတို့ဘာလို့ဒီလောက်ထိ ဖြစ်ကြရသလဲလို့တောင် ပြန်တွေးမိချင် တွေးမိနေတော့မှာပါ။

၅။ချစ်သူနှစ်ဦးကြား ဘာလျှို့ဝှက်ချက်မှ မထားနဲ့ဆိုတာမျိုး။

ဖောက်ပြန်ပြီး လျှို့ဝှက်ထားတာမျိုးလည်း မဟုတ်၊ ဘာမှမဟုတ်တဲ့ အရေးမပါတဲ့အကြောင်းအရာတိုင်းကိုတော့ သူ့ကို ပြန်ပြောပြနေဖို့ မလိုပါဘူး။ ဥပမာ ကိုယ့်အမေက "ဟဲ့ နင့်ကောင်လေး စီးတဲ့ဖိနပ်ကလည်း ကြည့်ရဆိုးလိုက်တာ ဟယ်"ဆိုတာမျိုးပေါ့။

၆။ပြတ်သွားပြီးမှ ပြန်တွဲရင် ဘယ်တော့မှ အဆင်မပြေတော့ဘူးဆိုတာမျိုး။

ပြတ်သွားပြီး ပြန်တွဲတော့မှ အရင်ထက် ပိုနားလည်မှုရသွားတဲ့ အတွဲတွေ အများကြီး ရှိတာမို့ အဲ့ဒီလို အစွဲတွေ မရှိသင့်ပါဘူး။

၇။သူငယ်ချင်းတွေစကား နားမယောင်နဲ့ဆိုတာမျိုး။

သူငယ်ချင်းကောင်းတွေဟာ ကိုယ့်ဘက်က အမြဲတွေးပေး၊ စဉ်းစားပေးပါတယ်။ ကိုယ်မွှန်နေလို့ မမြင်တဲ့အရာတွေကိုလည်း သူတို့က ပြောပြတည့်မတ်ပေးပါလိမ့်မယ်။

၈။အရင်ရည်းစားအကြောင်း ခုလက်ရှိတွဲနေတဲ့ ချစ်သူကို မပြောနဲ့ဆိုတာမျိုး။

အမှန်တော့ အရင်တုန်းက တစ်ယောက်နဲ့ ကိုယ်နဲ့ ဘာ့ကြောင့်ကွဲသွားရတယ်ဆိုတာ၊ သူနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းမျိုးတွေ ကိုယ်ကသည်းမခံနိုင်ဘူးဆိုတာ ခုလက်ရှိချစ်သူသိအောင် ပွင့်ပွင့်လင်းလင်းပြောပြထားသင့်ပါတယ်။ ဘယ်သူမဆို အရင်က တစ်ယောက်ထက် ကိုယ်က ပိုသာပါတယ်လို့ ကိုယ့်ချစ်သူပြောတာလည်း ကြားချင်ကြတာပဲလေ။
Credit: Trendmyanmar
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths