ကောင်လေးတစ်ယောက်ဟာ ဆေးဆိုင်ထဲကို ၀င်လာပါတယ်။ ဆိုင်ထဲက ကတ်ထူပုံးတစ်ခုကို တယ်လီဖုန်းရှိရာကို တွန်းသွားပါတယ်။ အဲ့ဒီနောက် ကတ်ထူပုံးပေါ်ကို တက်ပြီး နံပါတ် ၇ လုံးပါတဲ့ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ပါတယ်။
စတိုးဆိုင် ပိုင်ရှင်ကလည်း ဖုန်းဆက်နေတဲ့ ကောင်လေးကို စူးစမ်းလိုစိတ်နဲ့ ဖုန်းပြောတာကို နားထောင်နေခဲ့ပါတယ်။
ကောင်လေးက အလုပ်ပေးဖို့အတွက် အမျိုးသမီးကြီး တစ်ယောက်ကို ဖုန်းဆက်နေတာ ဖြစ်ပါတယ်။
ကောင်လေး - အစ်မကြီးရဲ့ အိမ်မှာ မြက်ရိတ်ဖို့အတွက် ကျွန်တော့်ကို အလုပ်ပေးနိုင်မလား ခင်ဗျား။
အမျိုးသမီး - ငါ့မှာ မြက်ရိတ်ဖို့အတွက် လူရှိပြီးသားပါကွယ်။
ကောင်လေး - အစ်မကြီးရဲ့ အိမ်မှာ လုပ်တဲ့လူထက် ဈေးတစ်ဝက်လျှော့ပြီး လုပ်ပေးပါ့မယ်။
အမျိုးသမီး - လက်ရှိ ငါ့ဆီက အလုပ်သမား လုပ်တာကို စိတ်တိုင်းကျပါတယ်။
ကောင်လေး - အစ်မကြီးအိမ်က စင်္ကြန်ရော မြင်းထိန်းနေရာရော တံမြက်စည်းလှည်း ကျင်းတာပါ ကျွန်တော် လုပ်ပေးနိုင်ပါတယ်။ တနင်္ဂနွေ နေ့တိုင်းမှာ ဖလော်ရီဒါရဲ့ Palm ကမ်းခြေမှာ အလှဆုံး ခြံဝင်းကို အစ်မကြီး ပိုင်စေရပါမယ်လို့ ကောင်လေးက ဇွဲနပဲကြီးကြီးနဲ့ ဆက် ကမ်းလှမ်းပါတယ်။
ဒီလိုကမ်းလှမ်းတာကို အမျိုးသမီးကြီးက "မလိုပါဘူးကွယ် ကျေးဇူးတင်ပါတယ်"လို့ ငြင်းဆိုလိုက် ပါတယ်။
ကောင်လေးဟာ မျက်နှာပေးမှာ အပြုံးတွေနဲ့အတူ ဖုန်းကို ချလိုက်ပါတယ်။ စတိုးဆိုင်ပိုင်ရှင်ကလည်း အကုန်လုံးကို နားထောင်ပြီးချိန် မှာတော့ ကောင်လေးဆီကို သွားပြီး
"သား ငါမင်းရဲ့ စိတ်သဘောထားကို သဘောကျတယ်။ အဲ့ဒီလို အပြုသဘော စိတ်ထားရှိနေတာကိုလည်း ကြိုက်တယ်။ ငါမင်းကို အလုပ်လုပ်ဖို့ ကမ်းလှမ်းမယ်" လို့ သူ့ဆီမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။
အဲ့ဒီလို ကမ်းလှမ်းလိုက်ချိန်မှာ ကောင်လေးက "ကျေးဇူးတင်ပါတယ်။ မလိုတော့ပါဘူး။"လို့ ဆိုလိုက်ပါတယ်။
စတိုးဆိုင်ပိုင်ရှင်က အံ့သြသွားပြီး "မင်း ခုနကပဲ အလုပ်တစ်ခုအတွက် တောင်းပန်နေခဲ့တာလေ"
"မဟုတ်ပါဘူးဆရာ၊ ကျွန်တော့်ရဲ့ အလုပ်စွမ်းရည်ကို ကျွန်တော် စစ်ဆေးနေတာပါ။ ကျွန်တော့မှာ အလုပ်ရှိနေပြီးသားပါ။ ခုနက ဖုန်းပြောနေတဲ့ အစ်မကြီးဆီမှာ အလုပ်လုပ်နေတဲ့ မြက်ရိတ်သူက ကျွန်တော်ပါပဲ"
*** ဒါကို ကိုယ့်လုပ်ဆောင်ရည်ကို ကိုယ်အကဲဖြတ်ခြင်း လို့ ခေါ်ပါတယ်။ လူတွေဟာ များသောအားဖြင့် တခြားသူတွေ ရှေ့ကို ကိုယ် မရောက်နိုင်တိုင်း တခြားသောအရာတွေကို အပြစ်တင်တတ် ကြပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဆန်းစစ်ပြီး နှိုင်းယှဉ် ကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို ရှာဖွေပြီး အားနည်းချက်တွေကို အဝေးကို လွှင့်ပစ်လိုက်ဖို့ အလုပ်တွေကို ကြိုးစားလိုက်ပါ။ အမြဲတမ်း အလုပ်ကြိုးစားပါ။ ပြီးတော့ ရိုးသားပြီး အပြည့်အ၀ မြှုပ်နှံထားပါ။ ဒါက သင့်ရဲ့ ရပိုင်ခွင့်တွေကို တိုးတက်စေပါလိမ့်မယ် ***
ငြိမ်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment