ဆရာဝန်ရယ်၊ ရှေ့နေရယ်၊ ကောင်လးတစ်ယောက်နဲ့ ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးတို့က တနင်္ဂနွေ အားလပ်ရက် ညနေပိုင်းမှာ လေယာဉ်လုံးချင်း စီးပြီး ခရီးထွက်လာခဲ့ပါတယ်။
ရုတ်တရက်ပဲ သူတို့ စီးလာတဲ့ လေယာဉ်က စက်အင်ဂျင်ချို့ယွင်း သွားပါတယ်။ လေယာဉ်မောင်းက ဆက်ပြီး မမောင်းတော့ဘဲ လေယာဉ်ကို ဆင်းဖို့ လုပ်ပါတော့တယ်။ နောက်ဆုံးမှာ လေယာဉ်မှူးက လေထီးတစ်ခုကို ကောက်ကိုင်လိုက်ပြီး ပါလာတဲ့ ခရီးသည်တွေကို ခုန်ဆင်းလိုက်တာ ပိုကောင်းလိမ့်မယ်လို့ အော်ပြောလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူကအရင် လေထီးနဲ့ ခုန်ဆင်းသွားပါတယ်။
ကံဆိုးချင်တော့ လေထီးကလည်း ၃ ခုပဲ ကျန်တော့တာပါ။ ရှိတဲ့ လူက ၄ ယောက်ဆိုတော့ တစ်ခုက လိုနေပါသေးတယ်။
ဆရာဝန်ဖြစ်သူက လေထီး ၃ ခုအနက် တစ်ခုကို ကောက်ယူလိုက်ပါတယ်။
"ငါအသက်ရှင်ဖို့ လိုတယ်။ ငါ့မှာ လူနာတွေရဲ့ အသက်ကို ကယ်ရမယ့် လူတစ်ယောက် ဖြစ်နေလို့ပါ" ဆိုပြီး သူကလည်း လေယာဉ်ပေါ်က ခုန်ဆင်းသွားပါတယ်။
ဒီလိုနဲ့ ရှေ့နေဖြစ်သူကလည်း "ငါက ရှေ့နေတစ်ယောက်ဖြစ်တယ်။ ကမ္ဘာပေါ်မှာ ငါတို့ ရှေ့နေတွေက အထူးချွန်ဆုံး လူသားတွေ ဖြစ်လို့ အသက်ရှင်မှ ရမယ်" လို့ ပြောပြောဆိုဆိုနဲ့ပဲ သူလည်းဆရာဝန်လိုပဲ ခုန်ဆင်းသွားပါတယ်။
လေယာဉ်ပေါ်လည်း ကောင်လေးနဲ့ ဘုန်းတော်ကြီး တစ်ပါးသာ ကျန်ရစ်ပါတော့တယ်။
ဘုန်းတော်ကြီးဖြစ်သူက ကောင်လေးကို လှမ်းကြည့်လိုက်ပြီး "ငါ့သား ငါကိုယ်တော်က အသက်ကြီးပြီ လူ့လောကကြီးမှာလည်း အကြာကြီး နေပြီးပြီမို့ ငါ့အတွက်က မလိုပါဘူး။ မင်းအသက်က အလွန်ကို ငယ်သေးတယ်။ မင်းမှာ တောက်ပတဲ့ အနာဂတ်တွေ ရှိသေးတယ်။ မင်းသေလို့ မဖြစ်သေးဘူး။ ဒါကြောင့် အခု နောက်ဆုံးကျန်တဲ့ လေထီးကို မင်းပဲ ယူလိုက်တော့ကွာ"လို့ ပြောလိုက်ပါတယ်။
လူငယ်လေးက လေထီးကို ဖာသာ လက်ထဲကို ပြန်ကမ်းပေးလိုက်ပါတယ်။
"စိတ်မပူပါနဲ့ ဖာသာ ကမ္ဘာပေါ်မှာ အထူးချွန်ဆုံးသူလို့ပဲ ခံယူထားတဲ့ လူက ကျွန်တော့ ကျောပိုးအိတ်ကို လေထီးနဲ့ မှားပြီး ယူသွားပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ နှစ်ယောက်အတွက် စိတ်ပူစရာမလိုပါဘူး ဖာသာ၊ လေထီးက လုံလောက်သွားပြီမို့ ကျွန်တော်တို့ ကံကောင်းပါတယ်" လို့ ပြောလိုက်ပါတယ်။
ဒီဒီး (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment