ကော်ဖီမှုန့်နဲ့ပတ်သက်တဲ့ အလှအပဆိုင်ရာ လုပ်ဆောင်နိုင် တာလေးတွေကို သိချင်သူတွေအ တွက် ဖော်ပြလိုက်ပါတယ်။
အကြောပြတ်ရာများ ပျောက်ကင်းစေခြင်း-ကော်ဖီမှုန့် ကို အကြောပြတ်ရာရှိနေတဲ့နေရာ ကို သုတ်လိမ်းပြီး နှိပ်နယ်ပေးမယ် ဆိုရင် သွေးလည်ပတ်မှုကောင်း ပြီး အကြောပြတ်ရာတွေကိုလည်း တဖြည်းဖြည်းလျော့ပါးလာစေပါ တယ်။
နှုတ်ခမ်းသားနူးညံ့စေခြင်း- နှုတ်ခမ်းတွေ ကွဲတာတို့၊ မွဲ ခြောက်ခြောက်ဖြစ်တာတို့ဆိုရင် ကော်ဖီမှုန့်နဲ့ ပျားရည်အနည်းငယ် ရောစပ်ပြီး နှုတ်ခမ်းသားကို ညင် သာစွာ ပွတ်တိုက်နှိပ်နယ်ပေးပြီး ဆေးကြောလိုက်ရင် နူးညံ့စိုပြည် တဲ့နှုတ်ခမ်းသားလေးရရှိစေမှာ ပါ။
မျက်စိမို့ဖောင်းမှုသက်သာ စေခြင်း-ကောင်းကောင်းအိပ်မ ပျော်လို့ မျက်စိတွေ ဖောင်းအစ် တာတို့၊ မျက်ကွင်းညိုတာတို့ဆို ရင်လည်း ကော်ဖီမှုန့်ကို ရေလေး အနည်းငယ်နဲ့ရောပြီး မျက်စိ အောက်နားကို သုတ်လိမ်းပြီး မိနစ် ၂၀ လောက်နေရင် ရေဆေး တာမျိုးလုပ်နိုင်ပါတယ်။
ဆံသားတောက်ပြောင်စေ ခြင်း-ကော်ဖီမှုန့်အနည်းငယ်နဲ့ သံလွင်ဆီရောထားတဲ့ အနှစ်ကို ဦးရေပြားနဲ့ ဆံသားကို သုတ်လိမ်း ပြီး ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်လိုက်ရင် ဆံသားကို တောက်ပြောင်စေတယ်လို့ ဆိုပါ တယ်။
အသားအရေကြည်လင်စေ ခြင်း-ကော်ဖီမှုန့်လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ ဒိန်ချဉ်လက်ဖက် ရည်ဇွန်းနှစ်ဇွန်း ရောစပ်ပြီး မျက်နှာပေါင်းတင်ပေးရင် ကြည် လင်နေတဲ့ မျက်နှာအသားအရေ လေးဖြစ်စေမှာပါ။ ဒါတင်မက ခန္ဓာကိုယ်အသားအရေညစ်တစ် တစ်ဖြစ်နေရင်လည်း ကော်ဖီမှုန့် အနည်းငယ်၊ သကြားအနည်း ငယ်၊ သံလွင်ဆီအနည်းငယ်ရော ပြီး ခန္ဓာကိုယ်အနှံ့သုတ်လိမ်းပြီး ရေချိုးလိုက်ရင် မတူညီတဲ့အသား အရေဖြစ်နေတာလက်တွေ့မြင်ရ မှာပါ။
-Ref:wellnessbin
Friday, August 25, 2017
9:47 AM
ကော်ဖီမှုန့်ကိုအလှအပအတွက်အသုံးချနည်း
Myanmar Youths Technology Group
No comments
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment