အဓမ္မမှုတွေ ထူပြောလာတဲ့ အခါမျိုးမှာ လူတိုင်းဟာ နေ့ဖြစ်စေ၊ ညဖြစ်စေ မလုံခြုံတော့ပါဘူး။ ဒီတော့ လူတိုင်းဟာ အချိန်မရွေး ဓားစာခံဖြစ်သွားနိုင်ပါတယ်။ Shwemom ဟာ ယခင်က အမျိုးသမီးတွေအကျိုးကို ရှေးရှုပြီး လိင်ပိုင်းဆိုင်ရာ အစော်ကားမခံရဖို့အတွက် ကြိုတင်ကာကွယ်ရမယ့် အကြောင်းရာလေးတွေကို ဖော်ပြပေးခဲ့ဖူးပါတယ်။
အခု အကယ်၍များ ကံဆိုးမိုးမှောင်ကျပြီး၊ သင် သို့မဟုတ် သင်နဲ့နီးစပ်သူတစ်ဦးဦးကို အဓမ္မကျင့်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းတွေ ရှိလာပါက အရင်ဦးဆုံး လုပ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အန္တရာယ်ကင်းနိုင်မယ့်နေရာကို အရင်ရအောင် ရှောင်ပါ
Pixabay
အဓမ္မသမားတွေဟာ တစ်ခါတလေ အမှုကို ဖော်မှာစိုးလို့ မိမိကျူးလွန်ခဲ့တဲ့သူတွေကို လက်စဖျောက်တတ်ပါတယ်။ ဒီတော့ ကိုယ်က မဖြစ်မနေ ဒီလိုအခြေအနေ ကြုံလာခဲ့ရင် အခြား ဘေးကင်းနိုင်မယ့်နေရာတစ်နေရာကို အမြန်ရှောင်ဖို့ သတိရလိုက်ပါ။
(၂) ရေချိုးခြင်း အ၀တ်များကို လျှော်ဖွပ်ခြင်း မပြုပါနဲ့
အဓမ္မကျင့်ခံရသူ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူဟာ ရေချိုးခြင်း၊ အ၀တ်များကို အစောတလျှင် လျှော်ဖွပ်ခြင်းတွေ မပြုလုပ်ရပါဘူး။ အရင်ဆုံး မိမိဆီမှာရှိနေတဲ့ တရားခံရဲ့ သက်သေတွေကို ရဲဆေး/မှုခင်းဆေးက သက်သေအဖြစ် သိမ်းဆည်းဦးမှာမို့ ကိုယ့်အပေါ်ကျူးလွန်တဲ့ တရားခံကို မိမိရဲ့ ပေါ့ဆမှုကြောင့် မလွတ်စေဖို့ ဂရုစိုက်ရပါမယ်။
(၃) အားကိုးရမယ့် သူတစ်ဦးဦးကို (အမျိုးသမီးအချင်းချင်း) ဖွင့်ပြောပါ
Pixabay
ဒီကိစ္စက ဖြစ်နိုင်ရင် အမြန်ဆုံး ရဲစခန်းကို သွားရမယ့်ကိစ္စပါ။ ဒါပေမယ့် အရင်ဆုံး ကိုယ့်လုံခြုံရေးကို ဦးစားပေးရမယ့် အချိန်မို့ မိမိကို ရုတ်တရက် ရန်ပြန်မရှာနိုင်စေဖို့အတွက် အားကိုးရမယ့်သူတွေကို စုဝေးစေခြင်း၊ အားကိုးစရာမရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စသည်တို့ဆီကို တိုက်ရိုက်သွားရောက်ခြင်းတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
(၄) ရဲစခန်းကို ချက်ချင်းသွားပါ
မိမိဘက်က အစစ သေချာပြီးနောက် ရဲစခန်းကို ချက်ချင်းသွားပါ။ မိန်းမချင်း ပြောမှဖြစ်မဲ့ကိစ္စတွေ ပါဝင်နေလို့ မိမိနဲ့တိုင်ပင်နိုင်မယ့် ရဲအရာရှိဟာ အမျိုးသမီးဖြစ်ဖို့လိုပါတယ်။ ဒီအတွက်လည်း တာဝန်မှူးစသည်တို့ဆီမှာ ဥပဒေအရ တရားဝင် တောင်းဆိုနိုင်ပါတယ်။
(၅) တရားခံ၏ အချက်အလတ်များကို ပြောပြီးအမှုဖွင့်ပါ
Pixabay
ရဲအရာရှိထံ မိမိဖြစ်ပျက်သမျှကို ပထမသတင်းပေးတိုင်ချက်အဖြစ် ကိုယ်တိုင်ဖွင့်ဟကာ တိုက်ချက်ဖွင့်ပါ။ မိမိမှာ ကျူးလွန်သူရဲ့ သက်သေခံပစ္စည်းတစ်ခုခု သိမ်းဆည်းထားပါကလည်း ချက်ချင်း အပ်နှံပါ။(ဥပမာ ဖုန်း၊ ဟန်းချိန်း၊ ကြယ်သီးစသည်)
(၆) ဆေးဝါးကုသမှု/စစ်ဆေးမှု ခံယူပါ
ယင်းနောက် ဒီအမှုဟာ မဖြစ်မနေ ဆေးစစ်မှု ခံယူရမှာ ဖြစ်ပါတယ်။ အဓမ္မမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေမှာ တရားခံရဲ့ သက်သေတွေ အမြောက်အများကျန်ရစ်လေ့ရှိပြီး၊ သက်သေတစ်ခု ခိုင်မာလျှင် တရားခံကို ထောင်ဒဏ်ချမှတ်နိုင်သည်ထိ အရေးကြီးလို့ ဒီအချိန်မှာ ရှက်နေရမယ့် အချိန်မဟုတ်ပါဘူး။
Pixabay
အထက်ဖော်ပြပါ အဖြစ်အပျက်ကို သင့်နဲ့ နီးစပ်သူတွေ ကြုံလာပါကလည်း အထက်ပါ နည်းလမ်းအတိုင်း ကူညီပေးဖို့ သင့်မှာ တာဝန်အပြည့်ရှိပါတယ်။
မဒီလေး (Shwemom)
Sunday, September 17, 2017
6:15 PM
အဓမ္မကျင့်ခြင်း၊လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းဖြစ်ပေါ်ပါက ဆောင်ရွက်သင့်တဲ့အချက်များ
Myanmar Youths Technology Group
No comments
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment