Monday, August 10, 2015

အာသီးရေင်ရောဂါကိုလေ့လာခြင်း

အာခေါင်ရဲ့ တစ်ဖက် တစ်ချက်စီမှာ ရှိနေတဲ့ အာသီးများ လတ်တလော ရောင်ရမ်း လာခြင်းကို
အာသီး ရောင်ခြင်း (တောင် စယ် လိုက်တစ်စ်) Tonsillitis လို့ခေါ်ပါတယ်။ အများ
အားဖြင့် ဗိုင်းရပ်စ် ပိုးကြောင့် အာသီးရောင်လေ့ ရှိပါတယ်။ လည် ချောင်း နောက်ကျောဘက်
တစ်ဖက် တစ်ချက် စီမှာ အာသီး ရှိနေတဲ့ အတွက် ဗက်တီး ရီးယား များနှင့် ဗိုင်းရပ်စ်
ပိုးများကို ကနဦး ခုခံတဲ့ နေရာဟာ အာသီးများ ဖြစ်ကြပြီး ထိုနေရာမှ တစ်ဆင့် အသက်
ရှူလမ်းကြောင်းထဲ ထပ် မဝင်ရောက် စေရန် ထောင်ချောက်ဆင် ဖမ်းပြီး သတ်တဲ့ နေရာလို့လည်း ပြောနိုင် ပါတယ်။

 ထို့အပြင် နှာခေါင်း နောက်ကျောဘက် မှာရှိတဲ့ အတွက်လည်း
လေထဲမှ ပိုးတွေဟာ အသက်ရှူ လမ်းကြောင်းထဲ ဝင်လာ နိုင်ပါ သေးတယ်။ ပိုးတွေ
ဝင်ရောက် လာတဲ့ အခါ မှာ အာသီး တွေဟာ ရောင်ရမ်း ကြီးမား လာတဲ့ အတွက် လည်ချောင်း
နာခြင်း၊ အဖျား တက်ခြင်းနှင့် လည်ပင်း အကျိတ် လေးများ ရောင်ရမ်း လာခြင်း တို့ကို
ဖြစ်ပေါ် စေတယ်။ တစ်နှစ် အောက် ကလေးငယ် တွေမှာ အာသီး ရောင်ခြင်း ဖြစ်ခဲပေ မယ့်
မူလတန်း ကျောင်းတက်တဲ့ ကလေးတွေ မှာတော့ တစ်ဦးနဲ့ တစ်ဦး ရောဂါပိုး ကူးစက်ပြီး
မကြာခဏ အာသီး ရောင်လေ့ ရှိပါတယ်။ အများစု ကတော့ အသက် ၁၀ နှစ် ဝန်းကျင်မှာ
အာသီးရောင် ရောဂါ ဖြစ်ပွား ခံစား ရတတ် ပါတယ်။ အာသီးရောင်ရင် ဘာလက္ခဏာတွေ
ဖြစ်တတ်သလဲ

၁။ လည်ချောင်းနာခြင်း
၂။ အစာမျိုချရခက်ခြင်း
၃။ အာသီးနီရဲရောင်ရမ်းကြီးလာ
ခြင်း၊ အာသီးမှာ အဝါရောင်အစက်လေးများ တွေ့ရခြင်း
၎။ အဖျား ၃၈ဒီဂရီစင်တီဂရိတ် (၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက်) ရှိခြင်း
၅။ ပါးစပ်ဖြင့် အသက်ရှူရခြင်း၊ နှာမှုတ်သံကြားရခြင်း၊ ဟောက်သံ ထွက်ခြင်း
၆။ အသက်ရှူလို့ မကောင်းခြင်းတို့ ဖြစ်ပါတယ်။
အာသီးရောင်လျှင် စိုးရိမ်ရပါသလား
မကြာခဏ အာသီး ရောင်ရမ်းပါက နားပြည်ယို ရောဂါပါ ပူးတွဲ ဖြစ်ပေါ်တတ် ပါသည်။ အာသီး
မကြာခဏ ရောင်ပြီး နားအတွင်း ရောင်ရမ်းခြင်း မရှိပါက စိုးရိမ်စရာ အများကြီး မရှိပါ။
 
အာ သီးလည်း ခဏခဏ ရောင်ရမ်း သလို နားပြည်ယို လာရင်တော့ နာတာရှည် နားအကြား
အာရုံ ထိခိုက် ပျက်စီးမှု ရရှိနိုင် ပါတယ်။ ဒီ့ပြင် နောက်ဆက်တွဲ ရောဂါတွေ အနေဖြင့်
ကျောက်ကပ် ရောင်ရမ်းခြင်းနှင့် လေးဖက်နာ အဖျားမျိုးပါ ရှားရှား ပါးပါး ဖြစ်တတ်ပါ သေးတယ်။
အာသီး ရောင်ရင် ပထမဦးဆုံး လုပ်ရာမှက-

(၁) သင့်ကလေးက လည်ချောင်း နာတယ် မေမေလို့ ပြောပြခဲ့ရင်၊ ဒါမှမဟုတ် အစားအစာ တွေကို
မျိုမချနိုင်၊ မစား နိုင်တာကို သင်သတိ ပြုမိခဲ့ရင် အလင်းရောင် ကောင်းကောင်း ရတဲ့
နေရာမှာ သူ့လည်ချောင်း ထဲကို သေချာစွာ ကြည့်ရှု စစ်ဆေး လိုက်ပါ။ သူ့ခေါင်းလေးကို
နောက်လှန်ချ ခိုင်းပြီး လျှာပေါ်ကို ဇွန်း လက်ကိုင်လေးနဲ့ အသာအယာ ဖိထားကာ အား...လို့
အော်ခိုင်းပါ။ တစ်ကြိမ်နဲ့ မသေချာ သေးရင် နှစ်ကြိမ် သုံးကြိမ် အသံ ထွက်အော် ခိုင်းပြီး ကြည့်ပါ။
လည်ချောင်း အတွင်းထဲက အာခေါင် တစ်ဖက် တစ်ချက် စီရှိ အာသီးများ
နီရဲနေသလား၊
အဝါရောင် အစက်လေးများ ရှိသလား၊ အရွယ်အစား ပိုပြီး ကြီးလာ သလား၊ ပြည်တည် နေသလား
ဆိုတာ ကြည့်ပါ။

(၂) ကလေးမှာ အဖျားရှိ၊ မရှိ အဖျား တိုင်းထားပါ။

(၃) မေးရိုး အောက်ဘက်ရှိ လည်ပင်း ဘေးနှစ်ဖက်မှာ ရောင်ရမ်း နေတဲ့ အကျိတ်များ ရှိ၊ မရှိ
စမ်းသပ်ပါ။ ရောင်နေတဲ့ အကျိတ်များ ရှိပါက အရေပြား အောက်မှာ ပဲစေ့ကြီး တွေလို
အဖုတွေ စမ်းမိမှာ ဖြစ်ပါတယ်။

(၄) ကလေးဟာ စကားပြောပြနိုင်တဲ့အရွယ်ဆိုပါက နားကိုက်သလားဆိုတာ မေးကြည့်ပါ။
စကားကောင်းစွာမပြောနိုင်သေးတဲ့ ကလေးဆိုပါက နားရွက်ကိုဆွဲနေသလား၊ ပွတ်သပ်နေသ
လား သတိထား စောင့်ကြည့်ပါ။ နားထဲက အရည်ထွက် သလား ဆိုတာလည်း သတိထား
ကြည့်ပါ။
 
(၅) လည်ချောင်းနာ သက်သာ စေရန် ရေများများ တိုက်ပေးပါ။ ဖျော်ရည်လည်း တိုက်နိုင် ပါတယ်။
အစားအစာ တွေကို မမျိုချ နိုင်ပါက ဂျယ်လီ၊ ဒိန်ချဉ်၊ နွားနို့၊မြူစွမ်၊ ဆန်ပြုတ် စတဲ့
မျိုချ ရန် လွယ်ကူတဲ့ အစာ ပျော့မျိုး ကျွေးပါ။
ဘာလုပ်ပေးရမလဲ
အာသီး ရောင်တယ်လို့ မသင်္ကာပါက ဆရာဝန်နှင့် ချက်ချင်း ပြပါ။ ဆရာဝန်က အာသီးကို
စစ်ဆေးခြင်း၊ နားကို စစ်ဆေးခြင်း စတဲ့ လိုအပ်တဲ့ စစ်ဆေး မှုတွေ ပြုလုပ် ပေးမှာ ဖြစ်ပါတယ်။
လိုအပ်ရင် ပဋိဇီဝ ဆေးပေးပါ လိမ့်မယ်။ မကြာခဏ အာသီး ရောင်ပြီး အတွင်းနားကို ဒုက္ခ
ပေးနေပြီ ဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုနှင့် ပြရန် ညွှန်းပေး ပါလိမ့်မယ်။
လိုအပ် ပါက အာသီးကို ဖြတ်ထုတ် ပစ်ဖို့ ညွှန်ကြား ပါလိမ့်မယ်။ ၄ နှစ်အောက် ကလေးတွေ
မှာတော့ အာသီးရောင်ရင် ဖြတ်ထုတ်တဲ့ ခွဲစိတ်မှုမျိုး လုပ်လေ့ မရှိပါ။

ဒေါက်တာ ရည်ညွှန့်မေ

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths