Sunday, August 2, 2015

ခရမ်းချဉ်သီး၏အသုံးဝင်ပုံများ

ခရမ်း ချဉ်သီးသည် စွယ်စုံအသုံး ဝင်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် အထူး သင့်လျော် သည့် အသီးတစ်မျိုး ဖြစ်ပါသည်။ ခရမ်းချဉ် သီးမှာ အင်တီ အောက်ဆီးဒင့် ဓာတ်များ ကြွယ်
ဝ ပြီး ဗီတာမင် ဓာတ်များ ပေါများစွာ ပါဝင်၍ ကျန်းမာရေး အတွက် စားသုံးနိုင်ရန် သာမက မျက်နှာနှင့် အသားအရေ အလှအပ အတွက်ပါ အဖိုးတန် အသုံးပြု နိုင်သော အသီး တစ်မျိုး ဖြစ်ပါသည်။
ခရမ်း ချဉ်သီးမှာ ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်သဖြင့် သွားဖုံးနှင့် သွားရောဂါ မဖြစ်အောင် ကာကွယ် နိုင်သည်။ ဗီတာမင် အေကြောင့် အရိုးများ ကြံ့ခိုင်စေပြီး ခန္ဓာကိုယ်မှာ ကယ်စီယမ် စုပ်ယူမှုကို အားပေးသည်။ အနီရောင် ရဲရဲနီ နေသော ခရမ်းချဉ် သီးမှာ ဗီတာ ကယ်ရိုတင်း ဓာတ်ကြွယ်ဝပြီး စားသုံးပြီးနောက် ခန္ဓာကိုယ် တွင်းတွင် ဗီတာမင် အေအဖြစ် ပြောင်းလဲ သွားသဖြင့် အမြင် အာရုံနှင့် ခန္ဓာကိုယ် ခုခံအား စနစ်ကို အထောက်အကူ ပြုပါသည်။
အလှအပ အတွက် အသုံးဝင် ပုံများမှာ ခရမ်းချဉ် သီးရည်နှင့် သခွားသီး အရည် ဆတူ ရော၍ မျက်နှာတွင် ဂွမ်းစဖြင့် ပွတ်လိမ်းပြီး ၁၅မိနစ်ခန့် အကြာရေနှင့် သန့်စင်ပေးလျှင် မျက်နှာပြင်ရှိ အဆီများကို ဖယ်ရှား ပေးပြီး ဝက်ခြံ ထွက်ခြင်းကို တားဆီး နိုင်ပါသည်။ မျက်နှာပြင် အရေပြား ကြမ်းတမ်းခြင်း၊ အနီစက်များ ဖြစ်ခြင်း၊ နေလောင်ခြင်း၊ အသားအရေ မညီညာဘဲ အကွက်များ ဖြစ်ပေါ် လာခြင်း အား ခရမ်းချဉ်သီး အရည် လက်ဖက်ရည် ဇွန်းနှစ်ဇွန်းကို ဒိန်ချဉ် လေးဇွန်းနှင့် ရော၍ အရေပြားပေါ် သေချာစွာ ပွတ်လိမ်းပြီး နာရီ ဝက်လောက် အကြာတွင် မျက်နှာသစ် ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း နိုင်ပါသည်။
ခရမ်းချဉ်သီးကို မျက်နှာ မသစ်ခင် ထက်ဝက်ပိုင်း၍ ခရမ်းချဉ် သီးခြမ်းဖြင့် မျက် နှာပေါ် ပွတ်လိမ်း ပေးပါက အသားအရေ နူးညံ့ပြီး အသား အရေ ချောမွတ် လှပလာစေ ပါသည်။ အဲယားကွန်း အခန်းအတွင်း အနေများ၍ အသားအရေ ခြောက်သွေ့ခြင်းအား တစ်နေ့ကို ခရမ်းချဉ်သီး နှစ်လုံးခန့် စားသုံးခြင်း၊ သောက်ရေ(၄) ဖန်ခွက် သောက်သုံး ခြင်းဖြင့် အသားအရေ မွဲခြောက်မှုမှ ကာကွယ် နိုင်ပါသည်။
ခရမ်းချဉ်သီး ဖျော်ရည် တစ်နေ့တစ်ခွက် သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ဝ နေသူများ အသားအရေ စစ်၍ ကိုယ်ခန္ဓာ သွယ်လျလှပ လာစေနိုင်သည့် အပြင် အသားအရေ ဝင်းပစိုပြည် လာစေပြီး ကိုယ်ဝန်ဆောင် မိခင်များ နေ့စဉ် ဖျော်ရည် တစ်ခွက် သောက် သုံး ပေးခြင်းဖြင့် သံဓာတ် စုပ်ယူမှုကို အားပေးပြီး သွေးလည် ပတ်မှုကို ကောင်းမွန် စေကာ သွေးသား သန့်စင်စေ နိုင်ပါသည်။ ခရမ်းချဉ် သီး စားသုံးခြင်း သည် ခရမ်းချဉ်သီး မစားသုံး သူများထက် ၃၄ ရာခိုင်နှုန်း ခန့် နှလုံးရောဂါ ဖြစ် ပွားနိုင်ခြေ လျော့ နည်း နိုင်ကြောင်းလည်း သိရှိရ ပါသည်။
သို့ဖြစ်ပါ၍ သိပံ္ပအမည် Kycoeersicum ဟု ခေါ်သည့် ခရမ်း ချဉ်သီးသည် မီးဖိုချောင်သုံး ဟင်းလျာ တစ်ခုတွင် သာမက ရောဂါ ကာ ကွယ်ရေး အတွက်လည်းကောင်း၊ ခန္ဓာကိုယ် အလှအပ ရေးရာအတွက် လည်းကောင်း အသုံးပြု စားသုံးသင့်သည့် သီးနှံ တစ်မျိုး ဖြစ် ပါ ကြောင်း ဖော်ပြလိုက် ရပါသည်။

ဆောင်းပါးရှင်- ထွန်းမင်းဇော်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths