Thursday, August 20, 2015

ကိုယ့်အားကိုယ်ကိုးသောမိန်းကလေးသည်အလှဆုံးမိန်းကလေး

မိန်းကလေးတစ်ယောက်မှာ ကိုယ်ပိုင်အလုပ်တစ်ခုတော့ ရှိသင့်တယ်။
သင့်အပြင်ပန်းက ဘယ်လိုပဲဖြစ်နေပါစေ၊
သင့်မိသားစုက ဘယ်လောက်ပဲချမ်းသာနေစေ၊
သင့်မှာ ကိုယ်ပိုင်ဝင်ငွေရှိတဲ့ အလုပ်တစ်ခုတော့ရှိသင့်တယ်။

သင့်မှာ ငွေမလိုအပ်သည်ဖြစ်စေ၊
သူဌေးကြီးတစ်ယောက်ကို သင်ရထားသည်ဖြစ်စေ၊
သင့်ကို ခြေမွေးလက်မွေးမီးမလောင်အောင် ထားနိုင်သူရှိစေ၊
အလုပ်တစ်ခုဆိုတာ သင့်ကို ဝင်ငွေရှိစေရုံတင်မက
သင့်ကို ကိုယ့်အားကိုယ်ကိုးလိုစိတ်၊ အမှီအခိုကင်းတဲ့စိတ်ဓာတ်ကိုပါ ပေးပါတယ်။

သင်ရတဲ့ဝင်ငွေက နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊
အနည်းဆုံးတော့ သင့်အတွက် အပေါင်းအဖော်ဆိုတာရှိလာတယ်၊
နေ့ရက်တိုင်း အိမ်မှုကိစ္စ၊ လင်ယောက်ျား၊ သားသမီးနဲ့ လုံးချာလည်လိုက်နေတာမျိုးက ကြာလာလေ သင့်ကိုယ်သင် ပျောက်ဆုံးလာစေလေပါပဲ၊
အချိန်ကြာလာတာနဲ့အမျှ ပတ်ဝန်းကျင်ကနေ၊ ဒီလောက,ကနေ သင်ချော်ထွက်သွားနိုင်ပါတယ်။

အမှီအခိုကင်းတဲ့ဘဝကမှ ထက်မြက်တဲ့မိန်းမသားတို့ရဲ့ရွေးချယ်ရာပါ၊
ရုပ်လှတာထက် ဘဝမှာ လှလှပပရှင်သန်နိုင်တာကမှ တကယ့်အရည်အချင်းဖြစ်တယ်။

ကိုယ့်အားကိုယ်ကိုးတဲ့မိန်းကလေးက အလှဆုံးမိန်းကလေးဖြစ်တယ်။
ရွှေမြို့တော်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths