Wednesday, August 19, 2015

ထိမ်းမြားမင်္ဂလာ၁၀မျိုး

-ဦးထိပ်မှာ ရေစင်သွန်းလောင်းပြီး ထိမ်းမြားခြင်း = ဘိသိက်ဆရာ ကနေပြီး န၀ရတ် ၉ ပါး၊ နံ့သာ ၅ မျိုးတို့ကို ရောမွှေပြီး ခရုသင်းထဲကို ထည့်ကာ သပြေညွှန့်ထိုးထားတဲ့ အဲဒီမင်္ဂလာအရည်ကို သတို့သား ၊ သတို့သမီး တို့ရဲ့ ဦးကင်းထိပ်မှာ ရေစင်သွန်းလောင်းပြီး လက်ထပ်ပေးပါက လက်ထပ်ခြင်း အရာမြောက်ပါတယ်။

-ဖလား မှာ ထိမ်းမြားခြင်း = မင်္ဂလာဖလားမှာ သတို့သား ၊ သတို့သမီး နှစ်ယောက်စလုံး ရဲ့ လက်ယာလက်ကို ချထားပြီး လက်ထပ်ပေးရင်လည်း လက်ထပ်ခြင်း အရာ မြောက်ပါတယ်။

-ပန်းကုံးစွပ်ပြီး ထိမ်းမြားခြင်း = သတို့သား နဲ့ သတို့သမီး နှစ်ဦးစလုံး ပန်းကုံးကိုယ်စီ ပန်းကုံးစွပ်ပြီး လက်ထပ်ရင်လည်း လက်ထပ်ခြင်း အရာမြောက်ပါတယ်။

-စုလျားရစ်ပတ် ထိမ်းမြားခြင်း = သတို့သား နဲ့ သတို့သမီး တို့ကို ပုဝါရှည် တဘက် နဲ့ ရစ်ပတ်လက်ထပ်ရင်လည်း လက်ထပ်ခြင်း အရာမြောက်ပါတယ်။

-ဒါလီဖွဲ့ပြီး ထိမ်းမြားခြင်း = ရွှေကြိုးတစ်ကုံးကို ကွင်းပြီး သတို့သား နဲ့ သတို့သမီးကို စွပ်ပြီး လက်ထပ်ခြင်း ကလည်း လက်ထပ်ခြင်း အရာမြောက်ပါတယ်။

-လက်ဖ၀ါးချင်း ထိမ်းမြားခြင်း = ဖြန့်ထားတဲ့ သတို့သမီး လက်ဖ၀ါးပေါ်ကို သတို့သား ရဲ့ ညာလက်ဖ၀ါး ကို တင်စေတဲ့အခါမှာလည်း လက်ထပ်ခြင်း အရာမြောက်ပါတယ်။

-အ၀တ်လဲကာ ထိမ်းမြားခြင်း = သတို့သားကို သတို့သမီးအိမ်မှာ အ၀တ်၊ ပုဆိုးအသစ်တွေကို ၀တ်ဆင်စေပြီး အ၀တ်ချင်း လဲလှယ်လိုက်ရင်လည်း လက်ထပ်ခြင်း အရာမြောက်ပါတယ်။

-လက်စွပ်လဲလှယ် ထိမ်းမြားခြင်း - သတို့သား နဲ့ သတို့သမီး ၊ တစ်ဦး နဲ့ တစ်ဦး ရည်ရွယ်ထားတဲ့ လက်စွပ် အပြန်အလှန်လဲလှယ် ၀တ်ဆင်လိုက်ရင်လည်း လက်ထပ်ခြင်း အရာမြောက်ပါတယ်။

-လက်ဆုံစား ထိမ်းမြားခြင်း - သတို့သား နဲ့ သတို့သမီး ၊ အစားအသောက်တစ်ခုခုကို လက်ဆုံစားကြပါကလည်း လက်ထပ်ခြင်း အရာမြောက်ပါတယ်။

-ပုဆိုးတန်းတင် ထိမ်းမြားခြင်း - သတို့သမီးအိပ်ခန်းအတွင်း ရှိ ကြိုးတန်းပေါ်ကို သတို့သား ရဲ့ ခါးဝတ်ပုဆိုး လွှားတင်လိုက်ရင်လည်း လက်ထပ်ခြင်း အရာမြောက်ပါတယ်။
ရွှေအိုး (မိုမိုလေး)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths