Monday, August 3, 2015

အထီးကျန်မှုအကြောင်းရင်း

အကယ်၍ သင့်ပတ်ဝန်းကျင် ကလူတွေအားလုံး က အချစ်ရေးမှာ အဆင်ပြေနေချိန် သင်ဟာ အမြဲတမ်း တစ်ယောက်တည်း အထီးကျန်နေရတယ်ဆိုရင် သင့်ရဲ့ DNA ကိုပြန် အပြစ်တင်လိုက်ပါ။

သုတေသီတွေဟာ အထီကျန်စေတဲ့ ဗီဇတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထို ဗီဇ ရှိသူတွေဟာ အခြားသူတွေထက်ပိုပြီး တစ်ကိုယ်ရည် အထီးကျန်ရဖို့ ၂၀ ရာခိုင်နှုန်း အခွင့်ပိုများပါတယ်။

အကြောင်းကတော့ ထိုဗီဇဟာ ဦးနှောက်မှာရှိတဲ့ ဓာတုဗေဒ တစ်မျိုးဖြစ်တဲ့ Serotonin အာရုံကြောရဲ့ ကောင်းစွာခံစားနိုင်တဲ့ ပမာဏကို လျော့ကျစေတဲ့ အတွက် လူတွေကို နီးကပ်တဲ့ အချစ်ရေးတွေ မှာ သက်တောင့်သက်သာ မရှိစေပါဘူး။

တရုတ်နိုင်ငံ ပီကင်းတက္ကသိုလ်က ကျောင်းသား ၆၀၀ ရဲ့ ဆံပင်တွေကိုယူပြီး 5-HTA1 လို့ခေါ်တဲ့ ဗီဇ တစ်မျိုးအတွက် စမ်းသပ်ခဲ့ပါတယ်။ 5-HTA1 ဗီဇမှာ  G အမျိုးအစားနဲ့ C အမျိုးအစား ဆိုပြီး ၂ မျိုးရှိပါတယ်။ G အမျိုးအစားတွေက C အမျိုးအစားတွေထက် ပိုပြီး အထီးကျန် ဖို့ ပိုများပါတယ်။

အထီးကျန်စေတဲ့ ဗီဇ G အမျိုးအစားတွေဟာ ခံစားမှုနဲ့ ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဦးနှောက်ရဲ့ ဓါတုဗေဒ တစ်မျိုးဖြစ်တဲ့ Serotonin အာရုံကြောကို လျော့နည်းစေတာကိုတွေ့ရပါတယ်။ ထို G အမျိုးအစား 5-HTA 1 ဗီဇ ရှိသူတွေကို အခြားလူတစ်ယောက်နဲ့ နီးနီးကပ်ကပ် ရင်းနှီးနေဖို့ ခက်ပါတယ်။ ဒါ့အပြင် ထို ဗီဇ ရှိသူတွေဟာ စိတ်ဖိစီးမှုတွေနဲ့ အမြဲကြုံတွေ့နေရ တတ် ပါတယ်။

Ref:dailymail.co.uk

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths