Sunday, August 2, 2015

အမေဟာအမေပါပဲ

ဇမ္ဗူတိုင်း တစ်ခွင်မှာ အဖြေညှိပြရရင် လူတိုင်းကိုယ်စီ အမေရှိကြတယ် ဆိုတာ ငြင်းမည့်သူမတွေ့ပါ… မရေမရာ ပဟေဠိ တွေကြောင့် အသေအချာ အဖေဆိုတာ မသိရင်တောင်မှ အမေရှိတယ် ဆိုတာကတော့ အသေချာပါပဲ… ချစ်သဒ္ဒါတွေဝေကဲနေတဲ့ ပြည့်တန်ဆာ အမေဟာလည်း အမေပါပဲ… အကြွေးတွေကြွယ်လှတဲ့ ဈေးသည်မ အမေဟာလည်း အမေပါပဲ… ကံအကြောင်းတရားတွေ အခြေမလှလို့ တစ်ဖန်တောင်းစားနေကြရတဲ့ သူတောင်းစား အမေဟာလည်း အမေပါပဲ… သားသမီးတွေ ကြီးပွားစေရော့လို့ စီးပွားအထွေထွေဖြစ်တဲ့ စိန် ရွှေ ပတ္တမြား အိမ် ခြံ မြေ ကားနဲ့ ငွေအသပြာတွေ ပုံပေးနိုင်မှ အမေ မဟုတ်ပါဘူး… ယိုင်နဲ့နဲ့ တဲအိုအတွင်းမှာ လှဲခင်းအိပ်စရာ တိုးဖယ်ပေးခဲ့ အရိုးဟင်း တစ်ဖတ်စီဝေ ထမင်းရေအတူသောက် ဗိုက်မှောက်တော့ အတူတူ ခြင်ထောင်မရှိ စောင်မရှိ ခင်းစရာ ဖျာကလည်း မရှိလို့ ခြင်သွေးလှူတော့ အတူတူ… အပူကိုမျှဝေလို့ ဒုက္ခကို ပိုမိုလို့ လေးနက်စေခဲ့… ပညာ အမွေ မြတ်ရွှေအိုးနဲ့ ရိုးသားမှု ဂုဏ်သိက္ခာ မေတ္တာ အကြင်နာမှ တစ်ပါး အခြားပေးစရာ အထွေထွေ ဘယ်လိုပင် ဖွဲ့ခဲ့သော်လည်း အမေဟာ……အမေပါပဲလေ…………….
SMT FROUM
အောင်မြင့်မြတ်(မင်းသိကြား)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths