Tuesday, August 4, 2015

ငယ်ရွယ်စဉ်ဆိုးပေသောကလေးများကြီးသောအခါရာထူးကြီးနိုင်



သင့်ရဲ့ သားလှ၊ သမီးလှရတနာလေးက ဆိုးပေလေးဖြစ်နေလား။ သူ က နာခံလွယ်တဲ့ ကလေးမဟုတ်သလို လူတိုင်းနီးပါးကိုလည်း ပြန်ပြောတတ်တဲ့
 ကောင်လေးဖြစ်နေလို့ စိတ်ညစ်နေရလား။

Luxembourg တက္ကသိုလ်၊ Urbana-Champaign အီလီနွိုက်တက္ကသိုလ် နဲ့ ဘာလင်အခမဲ့ တက္ကသိုလ် တို့က လေ့လာသူတွေဟာ Luxembourg က အသက် ၁၂ နှစ်ကနေ ၅၂ နှစ်အကြား လူပေါင်း ၇၄၅ ယောက်ကို လေ့လာမှုပြုခဲ့ရမှာ၊ ငယ်စဉ်က   အမိန့် သြဇာတွေကို ဖီဆန်တတ်တဲ့ ကလေးတွေဟာ အရွယ်ရောက်တဲ့အခါမှာ ပိုမို ၀င်ငွေ ကောင်းတယ် လို့တွေ့ ရှိခဲ့ရပါတယ်။

“ ပညာရေးဆုံးခန်းတိုင်ပြီးမြောက်မှု၊ မိဘရဲ့ လူမှုစီးပွားရေးအခြေအနေ နဲ့ IQ တို့ ကို ကြည့်ပြီး အရွယ်ရောက် လာတဲ့အခါ လုပ်ငန်းခွင် အောင်မြင်မှုရှိမလား ဆိုတာ ခန့် မှန်းနိုင်သလို စည်းကမ်းတွေကို ချိုးဖောက်တတ်ပြီး မိဘအုပ်ထိန်းသူတွေကို ဖီဆန်တတ်လား ဆိုတာကလည်း အကောင်းဆုံး ခန့် မှန်းနည်းတစ်ခုပါပဲ။” လို့ လေ့လာမှုက ဆိုပါတယ်။

လူကြီးမိဘတွေကို ဖီဆန်တတ်တဲ့ ကလေးတွေဟာ ကျောင်းကို ပြီးဆုံးအောင်တက် လေ့ရှိပြီး ပိုမိုမြင့်မားတဲ့ပညာရေးကို လိုက်စားလေ့ ရှိကြတယ် လို့ ဆိုပါတယ်။ တော်လှန် ပုန်ကန်တတ်တဲ့ကလေးတွေဟာ လုပ်ငန်းခွင် ၀င်ပြီးနောက် လစာညှိနှိုင်းတဲ့ အခါ၊ လစာတိုးတောင်းတဲ့အခါမျိုး စတဲ့ ဘ၀တစ်ဆစ်ချိုးအချိန်တွေမှာ လွယ်လွယ် နဲ့ မရောင့်ရဲတတ်ဘူး လို့ ဆိုပါတယ်။

နောက်တစ်ခါ သင့်ရဲ့သားလေး ဆရာမဆီက တိုင်စာကိုင်ပြီး အိမ်ပြန်လာရင် သူ ကြီးလာတဲ့အခါ Steve Jobs လိုမျိုး Richard Branson လိုမျိုး ဖြစ်လာနိုင်တယ် လို့ ဖြေတွေး တွေးကြည့်လိုက်ပါ။

Ref: yourtango
မြန်မာလူငယ်မှဒီထက်မကကြိုးစားပေးနေပါတယ်ခင်ဗျာ
အောင်မြင့်မြတ်(မင်းသိကြား)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths