Thursday, September 3, 2015

သစ္စာ

ညတစ်ညမှာ ယောက်ျားတစ်ယောက် အရက်မူးမူးနဲ့ အိမ်ပြန်ရောက်လာပြီး ပစ္စည်းတွေကို ပစ်ပေါက်ရိုက်ခွဲနေရင်းက အော့အန်ပြီးတော့ ကြမ်းပြင်ပေါ် လဲကျသွားတယ်။

သူ့မိန်းမက သူ့ကို ဆွဲထူပြီး အခန်းထဲပို့ပြီးတဲ့အခါ အန်ဖတ်တွေနဲ့ ရှုပ်ပွနေတဲ့ ပစ္စည်တွေကို ရှင်းလင်းခဲ့တယ်။

နောက်တစ်နေ့မနက် ယောက်ျားနိုးလာတဲ့အခါမှာ မနေ့ညက အဖြစ်ကိုစဉ်းစားပြီး သူ့မိန်းမ သူ့ကို အရမ်းစိတ်ဆိုး ဒေါသထွက်နေပြီလို့ ထင်နေတယ် သူ့မိန်းမနဲ့ ရန်မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းနေတာပေါ့။

ဒါပေမယ့်---
သူအိပ်ယာကနေ ထထိုင်လိုက်တဲ့အခါ ဘေးကစားပွဲပေါ်မှာတင်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့လိုက်တယ်။

မနက်စာအတွက် ကို ကြိုက်တဲ့ မုန့်ဟင်းခါး စားပွဲပေါ်မှာ ပြင်ပေးထားတယ်နော်။

ဝယ်စရာတွေရှိလို့ ဈေးသွားလိုက်ဦးမယ် ။ကိုအလုပ်မသွားခင် အရောက်ပြန်လာခဲ့မယ်"အရမ်းချစ်တယ်"

စာကိုဖတ်ပြီးတဲ့အချိန်မှာ သူအရမ်းအံ့ဩသွားပြီး သူ့သားကိုမေးလိုက်တယ်

"မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ?????

သားကပြန်ဖြေလိုက်တယ်

"မနေ့ညက အဖေအရမ်းမူးပြီး-လဲကျသွားတဲ့အချိန်မှာ အမေ အဖေ့ကို အိပ်ယာထဲ တွဲခေါ်လာပြီး အဖေ့ ဖိနပ်တွေ အင်္ကျီတွေ ချွတ်ပေးနေတုန်း အဖေက မျက်စိတောင် မဖွင့်နိုင်ပဲ ပြောလိုက်တယ်လေ (ဟေ့ ကောင်မလေး ငါ့ကို မထိနဲ့ )ငါ့တစ်ယောက်တည်း ထားခဲ့" ငါ့မှာ အိမ်ထောင်ရှိတယ် "တဲ့"

ဘယ်လိုအခြေအနေမျိုးမှာမဆို' သင့် ချစ်သူအပေါ် သစ္စာရှိပါ။

သင်သာ သူ့ကိုတကယ် တန်ဖိုးထားရင် သူလည်း သင့်တန်ဖိုးကိုသိပြီး သင့်ကို ပြန်တန်ဖိုးထားပါလိမ့်မယ်
credit==beeltalk public chat
အောင်မြင့်မြတ်(မင်းသိကြား)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths