Tuesday, September 1, 2015

khun nayမှ

လူမှန်ရင် အမှားနဲ့မကင်းဘူးဆိုတဲ့ အခွင့်အရေး လူတိုင်း တူညီစွာရရှိထားကြတယ် ။ တူညီစွာရရှိထားတဲ့ ဒီအခွင့်အရေးကို လူနည်းစုကသာ မိမိရရအသုံးချတတ်ပြီးတော့ အမှားတွေကို အမှန်ဖြစ်အောင် ပြုပြင်နေထိုင်ကြတယ် ။ ပြီးတော့ သဘာဝတရားကပေးတဲ့ တစ်ရက် ၂၄ နာရီ အချိန်ကိုလည်း တူညီစွာရရှိကြတယ် ။ ဒီအခွင့်အရေးကိုလည်း လူအများစုက လက်လွတ်ဆုံးရှုံးကြပြန်တယ် ။ ကွန်တော်တို့တွေဟာ အမှားထဲက အမှန်ကိုရှာပြီး ဘဝကို အကောင်းဆုံးဖြစ်အောင် ပြုပြင်နေထိုင်ကြရ သူတွေပါ ။ ကိုယ့်ကို ပြောင်းသင့်တာတွေပြောင်းပြီး ပြင်သင့်တာကိုပြင်ရသလို မလိုအပ်တဲ့အချို့ သော အရာတွေကို သံယောဇဉ်ဖြတ် ဖယ်ထုတ်ပစ်ရတာမျိုး တွေလည်းရှိမယ် ။ ဒါပေမယ့် လူတွေက ကိုယ့်ကို ပြောင်းလဲခြင်းဆိုတဲ့ အရာကို အင်မတန်ကြောက်ကြတယ် ။
တိုးတက်အောင်မြင်လာတဲ့သူတွေရဲ့  ဘဝမှာ သူတို့ကိုယ်သူတို့ ပြောင်းလဲခြင်းဆိုတဲ့ အရာတစ်ခုကိုပဲ လုပ်ဆောင်ကြသူတွေပါ ။
Choice လို့ခေါ်တဲ့ ရွေးချယ်ခွင့်ရှိတယ် ။
မှားခဲ့လို့ Chance ဆိုတဲ့အခွင့်အရေးရှိတယ် ။
ဒါကို ကိုယ့်ဘက်က Change လုပ်နိုင်ဖို့ပါပဲ ။
ခွန်နေ - Khun Nay

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths