Sunday, November 1, 2015
4:47 AM
သွေးတိုးရောဂါကာကွယ်ရန်စားသုံးသင့်သောအစားအစာများ
Myanmar Youths Technology Group
No comments
အစားအသောက်ကို အာသာငမ်းငမ်း ဖြစ်နေချိန်တွင် သွေးတွင်း သကြားပါဝင်မှုနှုန်းနှင့် သွေးတိုးခြင်း ကိုလျှော့ချရန် ကြိုးပမ်းမှုမှာ ခက်ခဲသော အလုပ်တစ်ခုဖြစ်နိုင်သည်။
သွေးပေါင်တက်ခြင်း၊ ကျခြင်းမရှိဘဲ ပုံမှန်အတိုင်း ရှိနေစေမည့် အစားအသောက် အနည်း ငယ်ကို ဖော်ပြပေးလိုက် ပါသည်။
ဒေါက်ခွရွက်စားပါ (Spinach)
ဒေါက်ခွရွက်တွင် ကျန်းမာသူတစ်ဦးတွင် ရှိသင့်သည့် သွေးပေါင်အတိုင်း ရှိနေစေရန်နှင့် သွေးတိုးခြင်းကို လျှော့ချရာတွင် အဓိကပါဝင်သော မဂ္ဂနီစီယမ်နှင့် ပိုတက်စီယမ်တို့ အပြည့်ပါဝင်သည်။ ထို့ကြောင့် သင်၏ နေ့စဉ်အစားအသောက်တွင် အစိမ်းရောင်ဟင်းရွက်တစ်မျိုးဖြစ်သည့် ဒေါက်ခွရွက်ကို ထည့်သွင်းစားသောက်ခြင်းဖြင့် သွေးတိုးရောဂါကို ကာကွယ်နိုင်သည်။
အနက်ရောင်ချောကလက်စားပါ
ချောကလက်ကို အလွန်အကျွံစားသုံးရန် မဆိုလိုသော်လည်း ချောကလက်အနက်ရောင်တွင် Flavanol (ခေါ်) ဒြပ်ပေါင်းပါဝင်သောကြောင့် နေ့စဉ် ၂၅ ကယ်လိုရီနှင့် ၃၀ ကယ်လိုရီခန့်စားပေးခြင်းဖြင့် သွေးတိုး ရောဂါကို ကာကွယ်နိုင်သည်။
မလိုင်ထုတ်ထားပြီးသား နို့သောက်ပါ
သွေးတိုးရောဂါကို လျှော့ချစေနိုင်သည့် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် ဗီတာမင်ဒီတို့ အတူတကွ ပေါင်းစပ်ပါဝင်သောကြောင့် မလိုင်ထုတ်ပြီးသား နွားနို့ကို သောက်သုံးခြင်းဖြင့် ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်သည်။
ခရမ်းချဉ်သီးစားပါ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်သော ခရမ်းချဉ်သီးများမှာ သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်သည်။
ပဲပိစပ်စားပါ (Soya beans)
ပဲပိစပ်တွင်သွေးတိုးခြင်းကို လျှော့ချပေးနိုင်သည့် ပိုတက်စီယမ်အပြည့် ပါဝင်သဖြင့် သွေးတိုးရောဂါ ကာကွယ်လိုသူများ စားသုံပေးသင့်သည်။
သင်၏ နေ့စဉ်အစားအသောက်တွင် အထက်ပါ စားစရာများ ထည့် သွင်းစားသောက်ခြင်းဖြင့် သွေးတိုးရောဂါအန္တရာယ်ကို လျှော့ချနိုင်သည်။
—Ref: Internet
7Day Daily
အောင်မြင့်မြတ်
MR: EDITOR
Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment