Saturday, January 23, 2016

ဟန်ဆောင်ပြုံးတွေများလာရင်

ဟန်ဆောင်ပြုံးတွေ ပြုံးပါများလာရင်…
တစ်ချို့လူတွေဟာ ရင်ထဲမှာ နာကျင်မှုတွေ မခံစားနိုင်လောက်အောင် ပြည့်နှက်နေကြပေမယ့် အပြင်မှာတော့ အပြုံးမပျက် ဟန်ဆောင်နေတတ်ကြပါတယ်။ သိပ်မသိသာပေမယ့် ဒီကိစ္စဟာ အရမ်းကို အန္တရာယ်များလွန်းပါတယ်။
ဒီလို ဟန်ဆောင်ဖြစ်သွားရတဲ့ အကြောင်းအရင်းကတော့ ကိုယ့်ရဲ့ ပျော့ညံ့မှုတွေကို လူတွေသိသွားတဲ့အခါ လူတွေကိုယ့်အပေါ် ဝေဖန်လာမယ့် ဝေဖန်မှုတွေကို မနှစ်မြှို့လို့ ထုတ်မပြရင်းကနေ ရင်ထဲမှာ မွန်းကြပ်မှုတွေ ပြည့်သွားရတာပဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်လိုမှမမွေးမြူသင့်တဲ့ အမူအကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
ကိုယ့်အတွက် စိတ်ချယုံကြည်ရမယ့်လူတစ်ယောက်နဲ့ ကိုယ်ခံစားနေရတာတွေကို အတတ်နိုင်ဆုံး ရင်ဖွင့်တိုင်ပင်တတ်အောင် ကြိုစားပါ။ ဒီလိုဟန်ဆောင်တတ်တဲ့အကျင့်သာ အရိုးစွဲသွားမယ်ဆို သင်ဟာ လောကရဲ့ အထိုးအနှက်တွေကို တစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ သူလို့ ကိုယ့်ကိုယ်ကို ခံစားမိပြီး ကြာလာရင် လောကကြီးကို စိတ်နာသွားတဲ့ အထိကို ဖြစ်သွားနိုင်ပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်ကလူတွေ စိတ်ကျရောဂါအဖြစ်များနေတာလည်း ဒီအကြောင်းအရင်းက အဓိကအချက်တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။
စာဖတ်ပရိသတ်ကြီးရေ… ကိုယ်ကိုယ်တိုင် စိတ်ဓာတ်ကျနေတယ်ဆိုရင်လည်း ရင်ဖွင့်တိုင်ပင်ပါ။ ဒါမှမဟုတ် ကိုယ့် ပတ်ဝန်းကျင်ကလူတွေ ဒါမျိုးတွေ ဖြစ်နေတာ သတိထားမိရင်လည်း သူတို့အနားမှာ ရပ်တည်ပေးပါ။ နားလည်မှုလေးတွေပေးပါ။ ဖေးမကူညီလိုက်ပါ။
- ဇီဘာ ကိုလီ (Zeba Koli)
Credit: GandaWin Magazine


Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths