Saturday, January 23, 2016

ဘဝကိုအကောင်းဘက်မှမြင်တတ်လာစေဖို့

ဘဝကို အကောင်းဘက်မှ မြင်တတ်လာစေဖို့
၁။ ဒီနေ့မနက် သင်ကျန်းမာလန်းဆန်းစွာ နှိုးထလာနေချိန်မှာ တစ်စုံတစ်ယောက်က သူ့ရဲ့ နောက်ဆုံးအခိုက်အတန့်လေးကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရပါတယ်ဆိုတာကို အမြဲ အမှတ်ရနေပါ။ ကံကောင်းမှုတွေကြောင့် ရရှိလာတဲ့ သင့်တစ်နေ့တာကိုကောင်းစွာ အသုံးချပါ။
၂။ လိပ်ပြာတွေက သူတို့ရဲ့ အတောင်ပံတွေ လှပနေတာကို မမြင်ရသလိုပဲ
လူတွေကလည်း သူတို့ ကိုယ်ပိုင်အလှတွေကို မမြင်တတ်ကြပါဘူး။
၃။ လက်လွတ်ဆုံးရှုံးပြီးသွားတဲ့ အရာတွေအတွက် ပူဆွေး မနေပါနဲ့။
အဆိုးပြီးရင် အကောင်းတွေ ရောက်လာဦးမှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၎။ ချစ်ရသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်က ပါးစပ်ထဲမှာ
သွားတစ်ချောင်းမှမရှိဘဲ အိပ်ရာကနိုးလာရတာနဲ့တူပါတယ်။ သေချာလား၊
မသေချာလားဆိုတာ မှန်ရှေ့ပြေးကြည့်နေစရာ မလိုဘူးလေ။
၅။ ကိုယ်မှားတာကို ဝန်ချ မတောင်းပန်တတ်တဲ့ လူတွေကိုတောင်
ခွင့်လွတ်လိုက်ပါ။ အငြိုးအတေးတွေဆိုတာ ဆုပ်ကိုင်ထားသူကိုသာ
ပူလောင်စေတတ်လို့ပါ။
၆။ ကျေးဇူးတင်တတ်တဲ့စိတ်ထား များများရှိလေ ဘဝမှာ ကောင်းချီးပေးစရာ
အရာတွေများများ ဆွဲဆောင်နိုင်လေပါပဲ။
Credit: GandaWin Magazine


Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths