Sunday, February 7, 2016

လောကကြီးကိုကျေးဇူးတင်တယ်

ကျွန်တော်ရဲ့ဘဝထဲမှာ ကျွန်တော့်ကိုချစ်တဲ့မိဘနှစ်ပါးကို ပေးသနားခဲ့
လို့ပါ။ သူတို့ဟာ ငွေကြေးမချမ်းသာပေမယ့် ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်တဲ့
အင်အားနဲ့ ကျွန်တော့်ကိုကျွေးမွေးစောင့်ရှောက်ခဲ့တယ်။
သူတို့မှာ အသိဉာဏ်ပညာတွေ လုံးဝပြီးပြည့်စုံတာမဟုတ်ပေမယ့်
ကျွန်တော့်ကို လိမ်မာယဉ်ကျေးအောင် သွန်သင်ဆုံးမနိုင်တဲ့အသိဉာဏ်ရှိခဲ့
တယ်။
သူတို့ဟာ ကျွန်တော့်လိုပဲ ချွတ်ယွင်းချက်၊ မပြည့်စုံမှုတွေရှိပေမယ့်
ကျွန်တော့်ရဲ့မရင့်ကျက်မှုတွေကို သည်းခံခွင့်လွှတ်နားလည်ပေးခဲ့တယ်။
ကျွန်တော့်ကို ခန့်ခန့်ချောချော သူတို့မွေးမထုတ်ခဲ့ပေမယ့်
သူတို့ရဲ့နွေးထွေးလေးစားထိုက်တဲ့ချစ်ခြင်းနဲ့
ကျွန်တော့်ကို မေတ္တာကြားမှာ ရိုးသားကြင်နာစိတ်ရှိစေခဲ့တယ်။
သူတို့ရဲ့ ဇွဲသတ္တိနဲ့ ကြံ့ခိုင်သန်စွမ်းမှုတွေအတွက် ကျေးဇူးတင်ပါတယ်။
သူတို့ဟာ သူတို့စွမ်းနိုင်သလောက်နဲ့ ကျွန်တော့်ကို လူလားမြောက်စေခဲ့လို့ပါပဲ။
ဒီမိဘနှစ်ပါးအတွက် အနက်ရှိုင်းဆုံး ကျေးဇူးတရားကို ကျွန်တော်ပေးအပ်ပါ
တယ်။
သူတို့ကို လူ့ဘဝနောက်ဆုံးသက်တမ်းအထိ နေထိုင်နိုင်ဖို့ ကူညီပေးပါ။
လူ့ဘဝရဲ့နောက်ဆုံးသက်တမ်းအထိ သူတို့ကျန်းမာပျော်ရွှင်ဖို့
သူတို့ရဲ့ ခန္ဓာကိုယ်ကို ကူညီစောင့်ရှောက်ပေးပါ။
လုံလောက်တဲ့ အစာရေစာအတွက် ကူညီစောင့်ရှောက်ပေးပါ။
သင့်တော်တဲ့နေရာထိုင်ခင်းနဲ့ ပြောဆိုဆက်ဆံမှုတွေအတွက် ကူညီစောင့်ရှောက်ပေးပါ။
သားသမီးမြေးမြစ်တွေနဲ့ နွေးနွေးထွေးထွေးနေထိုင်နိုင်ဖို့ ကူညီစောင့်ရှောက်ပေးပါ။
ကျွန်တော့်ကိုလည်း ကျေးဇူးတရားအပြင်
သူတို့ပေးဆပ်ခဲ့တဲ့အရာရာကို အမြဲအောက်မေ့အမှတ်ရနေဖို့နဲ့
သူတို့နဲ့တွေ့ဆုံခွင့်တွေကို မကြာမကြာ ပေးသနားတော်မှုပါ။

Credit - နိုင်းနိုင်းစနေ
အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths