Tuesday, February 2, 2016

မိဘတွေကိုပြန်မပြောသင့်တဲ့စကားများ

တစ်ခါတစ်လေ စိတ်တို မိသော်လည်းကောင်း၊ တစ်စုံတစ်ခု အလိုမကျမူကြောင့် သော်လည်းကောင်း မိဘကို ပြန်ခံအော်ပြောလိုက်ကြတယ်။ မပြောသင့်တဲ့ စကားတွေကတော့ -
၁) ကျွန်တော် နားလည်တယ်၊ သိတယ်
မိဘက တစ်ခုခုကို မှားလုပ်မိမှာ စိုးလို့ ပြောလိုက်တဲ့အခါမှာ ဒေါသသံနဲ့ ကျွန်တော်နားလည်တယ်၊ သိတယ်လို့ ပြန်ဖြေတာဟာ မကောင်းပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် မိဘက စိုးရိမ်လို့ ပြောတဲ့ အပေါ်မှာ ကောင်းမွန်စွာ ပြန်ဖြေသင့်ပါတယ်။
၂) ဟာဗျာ ဘာဖြစ်လို့ နေရာတကာ လိုက်ပြောနေရတာလဲ..
မိဘက စိတ်ပူလို့ ခဏခဏ တဖွဖွ ပြောရင် ဟာဗျာ ဘာဖြစ်လို့ နေရာတကာ လိုက်ပြောနေရတာလဲလို့ ပြောကြပါတယ်။ ဒါဟာ မိဘအပေါ်မှာ ရိုသေမူ မရှိဘဲ မိဘရဲ့ ဂရုဏာကို ပယ်ချလိုက်တာနဲ့ တူပါတယ်။
၃) ဒါပဲမလား.. ဖုန်းချလိုက်တော့မယ်
မိဘက ဖုန်းခေါ်လို့ ဖုန်းပြောရင် သူတို့ပြောတာ မဆုံးခင် ကိုယ်ဘက်က ဒါပဲမလား ဖုန်းချလိုက်တော့ မယ်ဆိုရင် အတင်းချသွားတယ်။ အဲလိုမဟုတ်ပါနဲ့ မိဘပြောချင်တာကို ပြီးအောင် နားထောင်ပြီးမှ ချပါ။
၎) ခင်ဗျား၊ နင်၊ ငါ
မိဘကို ခင်ဗျား၊ နင်၊ ငါနဲ့ သုံးနှုန်းမပြောဆိုပါနဲ့ ဒီအသုံးဟာ သူငယ်ချင်းအပေါ်မှာ သုံးတဲ့ စကားအသုံးအနှုန်းတွေ ဖြစ်လို့ မိဘတွေ အတွက်တော့ ရိုင်းတယ်လို့ ဆိုနိုင်ပါတယ်။
၅) ပွစိ ပွစိနဲ့ နားငြီးတယ်ဗျာ
မိဘလုပ်သူများက စိတ်ပူလို့ ခဏခဏ ထပ်လဲလဲ ပြောတဲ့ အခါမှာ ပွစိ ပွစိနဲ့ နားငြီးတယ်ဗျာ ဆိုပြပီး ပြောပစ်လိုက်တာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။
Team (ပစ်တိုင်းထောင်)
Credit: Pyit Tine Htaung
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths