လောကမှာရှိရှိသမျှ မိန်းခလေး ယောက်ျားလေးတိုင်းဟာ အသီးသီးကိုယ်စီကိုယ် ငှ ဆိုးကွက်ကိုယ်စီရှိနေတတ်ကြပါတယ်
တွေကြခါစ ဆုံကြခါစ တုန်းကတော့ အချင်းချင်းကောင်းကွက်လေးတွေ ကိုပဲ ထုတ်ဖော် ပြသပြောဆိုတတ်ကြပါတယ်
“ ကျွန်တော်က လူကောင်းသူကောင်းပါ ”
“ ကျွန်မ ကလည်း မိကောင်းဖခင် သားသမီးပါ”
“ကျွန်တော် အရက်မသောက် ဆေးမစွဲ ပါဘူး ခင်ဗျာ”
“ကျွန်မ လည်း မရှုတ်တတ်မစပ်စုတတ်ပါဘူး”
.........................................
အချိန်ကာလတွေ ကျော်လွန်သွား တာ ချိမြိန်သာယာ လွန်းလိုက်တာ
အချင်းချင်းကောင်းကွက်လေးတွေ ကိုပဲထုတ်ဖော်ပေးကမ်းကြတယ်
အချစ် ဆိုတာကြီးက ခမ်နား လှပ ကြီးကျယ် မြင့်မြတ် လွန်းလိုက်တာ
........................................
ဒါကြောင့် စိတ်သဘောထားခြင်းတိုက်ဆိုင် စွာနဲ့ လက်ထပ်ကြ မင်္ဂလာဆောင် လိုက်ကြတော့တယ်
“ကိုယ် အိမ်ကိုအချိန်မှန်ပြန်လာတယ်နော်”
“ ကျွန်မကလည်းအိမ်ရှင်မကောင်းပီသအောင်နေပါ့မယ်ရှင် ”
“ကိုယ် လစာအကုန် မင်းကိုအပ်မယ်နော်”
“ကျွန်မ ကလည်းချွေချွေတာတာ စနစ်တကျသုံးစွဲပါ့မယ်ရှင် ”
..........................................
အချိန်ကာလတွေ ပျင်းရိငြီးငွေ့စရာကောင်းအောင်ကြာမြင် ကျော်လွန်သွားတဲ့အခါ
အသီးသီး လာထုတ်ကြွားပြကြစရာကောင်းကွက်လေးတွေ ဘာတစ်ခုမှ မကျန်ကြတော့ဘူး
အသီးသီး ကိုယ်စိတ်တိုင်းကျရာ စိတ်ထင်ရာ အသစ်တွေလုပ်လာကုန်ကြတယ်
“ ကိုယ် အလုပ်က သူငယ်ချင်းတွေ နဲ့ အရက်သွားသောက်လာတယ် ကွ ”
“ကျွန်မကလည်း ရပ်ကွက်ထဲက ဖဲဝိုင်းမှာ ပိုက်ဆံသွားရှာလာတယ် ”
“ ဒီလ .မင်းအတွက် .လခ ဒီလောက်ပဲ ကျန်တယ်နော့”
“ ကျွန်မမှာ သုံးစွဲစရာတွေ အများကြီးရှိနေတယ် ရှင့် ”
.......................................
သီးခံ ခြင်းအတိုင်းအတာတွေ ဂိတ်ဆုံးတဲ့အထိ ရောက်လာတဲ့အခါ
“လမ်းခွဲခြင်း” ဆိုတဲ့ နေရာမှာ ပဲ တစ်စခန်းရပ် အဆုံးသပ်ကြတော့တယ်
ဒါတွေဟာ အင်မတန် အကျီးတန် ဆိုးရွားတဲ့ ဖန်တီးမှု့ လက်ရာ တွေပါ
နောက်ဆုံး ဒုက္ခလှလှ ရောက်ရ ရှာသူတွေကတော့
ဘာမှအပြစ်မရှိ တဲ့ “သားသမီး ငယ်”လေးတွေပါပဲ
Credit: သင်သိရင် ချမ်းသာလိမ့်မယ်
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment