ရည်းစားမထားချင်ပါဘူး။
အပူမရှာချင်ပါဘူး။
သူများကိုလည်း အားမကျပါဘူး ဆိုတာတွေ တော်တော်များများက ရင်ထဲကလာတဲ့ စကားမဟုတ်ကြပါဘူးလို့ ထင်ပါတယ်။
ဘယ်သူမှ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ကိုယ့်ဘ၀ရဲ့အချိန်တွေကို မကုန်ဆုံးချင်ကြပါဘူး။
ရည်းစားမထားချင်ကြတာက ခပ်ဆိုးဆိုးသူတစ်ယောက်နဲ့ တွေ့မှာကို စိုးရိမ်ကြလို့ပါ။
အပူမရှာချင်ကြတာက သူများတွေ ငိုကြွေးနေတာတွေရဲ့ အပူတွေလာဟပ်လို့ပါ။
သူများကို အားမကျဘူးဆိုတာကလည်း အားကျစရာမကောင်းတာတွေ မြင်ရတွေ့ရတာ များနေလို့ပါပဲ။
ဘယ်သူမဆို ကောင်းရာမွန်ရာ လူတစ်ယောက်နဲ့တွေခဲ့ရင် လက်တွဲချင်ကြတာချည်းပါပဲ။
ဒိထက်ကောင်းတဲ့ သူနဲ့များ တွေ့လေမလားလို့ စောင့်ဆိုင်းရင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့ရတာမျိုးလဲ ရှိကြပါတယ်။
တစ်ယောက်တည်းနေရတဲ့ အခက်အခဲထက် ၊ တစ်ယောက်တိုးလာလို့ ခံစားရမဲ့ စိတ်ဝေဒနာတွေကို မခံနိုင်ကြတွေလည်း ရှိကြပါတယ်။
မြင်မြင်တဲ့အတိုင်း ပြောရမယ်ဆိုရင် အချစ်ကို အချိုးချလိုက်ရင် ပူလောင်မှုတွေက များမလားပဲ ။
သူကမြိုက်လို့ ကိုယ်ကလောင်ရတာက တစ်မျိုး။
ကိုယ်ကရှို့လို့ သူကလောင်ရတာက တစ်မျိုး။
တကယ်မလောင်ပဲနဲ့ လောင်နေရတာက တစ်မျိုး။
ပုံစံအမျိုးမျိုးနဲ့ ထိုင်ပူနေကြတာက များကြတယ်နော်။
ရှာရင်လဲ အေးချမ်းမဲ့အချစ်မျိုးကိုရှာ။
မရှာရင်လည်း အေးအေးလူလူနေ
Credit: မာရင်ရင်
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment