ကိုယ့်ရဲ့အပြင်ပန်းရုပ်ရည်ကို မိဘကပေးတာဆိုရင်
ကိုယ့်ရဲ့စိတ်နေစိတ်ထား အတွင်းစိတ်ကို ကိုယ်တိုင်တာဝန်ယူရပါတယ်။
ရုပ်ရည်ချောမောလှပပြီး အသိပညာ၊ ဗဟုသုတမရှိရင်
အလှပြထားတဲ့ ပန်းအိုးအလွတ်တစ်လုံးနဲ့တူတယ်။
ရုပ်ရည်ကို မိဘကပေးတယ်၊
အတွင်းစိတ်ကို ကိုယ်တိုင်ပျိုးထောင်ယူရတယ်။
တကယ်လို့ ခန္ဓာကိုယ်အချိုးအစားကို
သင့်အတွက်အရင်းအနှီးလို့ သင်သတ်မှတ်ရင် သင်မလုံတလုံဝတ်တယ်၊ ပုရိသတွေရဲ့စူးစိုက်အကြည့်ကိုရတော့ ဒါကို သင့်ရဲ့ဂုဏ်လို့ သင်ထင်တယ်။ ဒါဟာ အမှားတွေကို အလွယ်တကူကျူးလွန်နိုင်သလို သင့်ကိုယ်သင် မလေးစားရာလည်းရောက်တယ်။ သင့်ကိုယ်သင်တောင် မလေးစားမှတော့ ဘယ်သူ့ကသင့်ကို လာလေးစားဦးမလဲ...
မိန်းမတစ်ယောက်အတွက် အကောင်းဆုံးအရင်းအနှီးက
ကိုယ်လုံးကိုယ်ပေါက်မဟုတ်ဘူး။
အတွင်းစိတ်ထဲက အသိပညာ၊ ဉာဏ်ပညာဖြစ်တယ်။
အတွင်းစိတ်ပြည့်တဲ့ မိန်းကလေးမှာ ညှို့ချက်က အလိုလိုရှိပြီးသား၊ သူ့ရဲ့ဆွဲဆောင်ချက်ကို ကမ္ဘာကတောင် အသိအမှတ်ပြုနိုင်တယ်။
မိန်းမတစ်ယောက်ရဲ့အတွင်းစိတ်က မိသားစုတစ်စုရဲ့ကံကြမ္မာဖြစ်တယ်။ သားသမီးတွေကို ပဲ့ပြင်ထိန်းကျောင်းဖို့ရာ၊ မယားဝတ္တရားကျေပွန်ဖို့ရာ မိန်းမတစ်သက် သင်ယူရတဲ့သင်ခန်းစာဖြစ်တယ်။ သာယာချမ်းမြေ့တဲ့မိသားတစ်စုအတွက် သင့်ရဲ့အသိဉာဏ်နဲ့ အတွင်းစိတ်နေသဘောထားက အခြေခံတယ်။
အပြင်ပန်းကြံ့ခိုင်တဲ့ယောက်ျားရဲ့အတွင်းစိတ်မှာ
နှစ်သိမ့်မှု၊ အားပေးမှုနဲ့ ချစ်ခြင်းကို ပိုလိုအပ်ပါသတဲ့။
အောင်မြင်တဲ့ယောက်ျားတစ်ယောက်ရဲ့နောက်ကွယ်မှာ
သူ့ကိုပံ့ပိုးကူညီ အားပေးတဲ့မိန်းမတစ်ယောက်ရှိတယ်။
ပျော်ရွှင်တဲ့မိန်းမတစ်ယောက်ရဲ့နောက်ကွယ်မှာ
သူ့ကိုချစ်တဲ့ယောက်ျားတစ်ယောက်ရှိတယ်။
သင့်ရဲ့ကိုယ်လုံးကိုယ်ပေါက်က သင့်ကိုပျော်ရွှင်မှုပေးနိုင် မပေးနိုင်
အာမ,မခံနိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့အတွင်းစိတ်ရည်မွန်မှုက သင့်ကို မပျော်ရွှင်စေမှာ မဟုတ်ပါဘူး။
အပြင်ပန်းရုပ်ရည်လှတယ်... ဒါက သင့်မိဘက သင့်ကိုပေးတဲ့အရာ
ဘဝမှာ လှလှပပ ရှင်သန်နိုင်တာကမှ သင့်ရဲ့အရည်အချင်းဖြစ်တယ်. . .
*** တတ်လွန်းသိလွန်းလို့ ရေးတာမဟုတ်ပါ... ဖတ်မိတာလေး သဘောကျလို့ အားလုံးကိုပြန်မျှဝေတာဖြစ်ပါတယ်။ သင်ယူလေ့လာနေဆဲပါ...
Credit: နိုင်းနိုင်းစနေ
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment