Friday, February 5, 2016

ကိုယ့်မိန်းကလေးကဘယ်လိုလူမျိုးလဲဆိုတာအကဲခတ်ကြည့်ရအောင်

လမ်းခွဲ ပြတ်စဲခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ရပ်ကတော့ 
ကိုယ့်လက်တွဲဖော် အကြောင်းကို နားလည်နိုင်စွမ်း မရှိလို့ပါ။ 
သူတို့ရဲ့ လိုအပ်ချက်တွေ ၊ကြိုက်တာတွေ ၊ မကြိုက်တာတွေကို 
နားလည်ရင် သူတို့ကို ပျော်ရွှင်အောင်ထားနိုင်ဖို့ မခဲယဉ်းပါဘူး။ 
ဒီတော့ ကိုယ့်မိန်းကလေးရဲ့ စိတ်နေသဘောထားကို ဖြည့်ဆည်း
နိုင်ဖို့ သူ့အကြောင်း ဘယ်လောက်သိလဲ စစ်ကြည့်နိုင်ပါတယ်။

၁) စိတ်ဆိုးပေါက်ကွဲနေပြီး ဒေါသထွက်နေတဲ့ အရိပ်အယောင်ကို 
မြင်နေရတယ်ဆိုရင် ဘာကြောင့် ဖြစ်နိုင်သလဲ။

က။ အတူနေချင်လို့

ခ။ရာသီလာနေတဲ့ အချိန်ဖြစ်လို့

ဂ။အလုပ်မှာ စိတ်ဖိစီးမှု များလို့

၂)သီချင်းတစ်ပုဒ်ကို ညည်းနေပြီး စိတ်ကြည်လင်နေပုံပေါက်တယ်ဆိုရင် 
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ။

က။အလုပ်ပြီးရင် သူငယ်ချင်းတွေနဲ့ ပျော်ကြမှာ ဖြစ်လို့

ခ။အလုပ်မှာ အခွင့်အလမ်းရှိတဲ့ တာဝန်ပေးခံရလို့

ဂ။ဈေးဝယ်ထွက်မှာဖြစ်လို့

၃)ရုတ်တရက် ယောဂ သင်တန်းတက်ဖို့ စာရင်းပေးရတဲ့ 
အကြောင်းရင်းက ဘာလဲ။

က။သူ့ ခန္ဓာကိုယ်ကို အမြဲ ဂရုစိုက်တတ်လို့

ခ။လာမယ့် အားလပ်ရက်အတွက် ပြင်ဆင်ထားမလို့

ဂ။အလုပ်က သူငယ်ချင်းတချို့က အကြံပေးလို့

၎)သင်ချစ်ရတဲ့ ခွေးလေးသေဆုံးသွားတဲ့အခါ သင့်ဇနီး / 
ချစ်သူက ဘယ်လိုနှစ်သိမ့်လဲ။

က။သင့်ကို ပါတီပွဲ ခေါ်သွားပြီး ပျော်အောင်လုပ်ပေးဖို့ ကြိုးစားမယ်

ခ။သင်နဲ့အတူလိုက်ငိုပြီး သင့်ကို နှစ်သိမ့်ပေးမယ်

ဂ။သင့်ကို ခွေးအသစ် တစ်ကောင် ၀ယ်လိုက်ဖို့ အကြံပေးလိမ့်မယ်

၅)လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြင်မှာ သွားစားတဲ့အတွက် နောက်ကျ
မယ်လို့ အသိပေးထားပြီး အိမ်ပြန်ရောက်တဲ့ အခါ သူ့တုံ့ပြန်မှုက 
ဘယ်လိုရှိမလဲ။

က။ သူ့သူငယ်ချင်းတွေနဲ့ ဖုန်းပြောနေလို့ သင့်ကိုတောင် 
သတိမပြုမိဘူး ဖြစ်မယ်

ခ။သူက TV ကြည့်နေပြီး သင့်ကို ပြုံးပြီး နှုတ်ဆက်မယ်။

ဂ။သူက စိတ်ဆိုးပြီး အိပ်နှင့်နေပြီ။

၆)သူမမွးနေ့မှာ သူမအံ့သြသွားအောင် ကမ်းခြေတစ်ခုကို 
သွားဖို့စီစဉ်ထားတယ်လို့ ပြောလိုက်ရင် သူ့ရဲ့ တုံ့ပြန်မှုက ဘယ်လိုနေမလဲ။

က။ပြုံးမယ် ဒါပေမဲ့ သူက တခြားလက်ဆောင်ကို မျှော်လင့်နေခဲ့တာ

ခ။ သင့်ကို ဖက်ပြီး ပျော်လွန်းလို့ ခုန်နေပြီး ကျေးဇူးတင်နေလိမ့်မယ်

ဂ။ သူက ဒီ့ထက် ပိုကောင်းတဲ့ ကမ်းခြေကို ရွေးခဲ့ရမှာလို့ ပြောလိမ့်မယ်။

A အများစု ဖြစ်နေလျှင်...

သင့် မိန်းကလေးက ကိုယ်ကျိုးကြည့်တတ်ပြီး သင့်ထက် သူ့ကိစ္စကို 
ပိုအလေးထားတဲ့သူဖြစ်မယ်။ သင့်ဘက်ကဘာ ပေးနိုင်မမလဲ ဆိုတာကိုပဲ 
ကြည့်ပြီး သူအဆင်ပြေစေဖို့ အဓိကထားတဲ့သူ ဖြစ်မယ်။

B အများစုဖြစ်လျှင်...

သူက သင့်ကို ချစ်တယ်။ ဈေးဝယ်ထွက်တာလို ရိုးရှင်းတဲ့ အရာလေးတွေနဲ့
တင် သူ့ကို ပျော်ရွှင်စေတယ်။သူက လွတ်လွတ်လပ်လပ် နေတတ်ပေမဲ့ 
သင်နဲ့ စိတ်ခံစားချက်ခြင်း ဆက်စပ်မှုရှိတယ်။ သင့်အတွက် အနားမှာ 
အမြဲရှိနေမယ့်သူလို့ ခံစားရစေနိုင်တဲ့သူမျိုး ဖြစ်ပါတယ်။

C အများစု ဖြစ်လျှင်...

စိတ်ရှုပ်ထွေးတတ်ပြီး သူတစ်ပါးရဲ့ အလွယ်တကူ လွှမ်းမိုးခြင်းခံရ
တတ်တယ်။ ပိုင်ဆိုင်လိုစိတ် အနည်းငယ်များပြီး နောင်တလည်း 
ရတတ်တယ် ။ အချစ်ရေးမှာ ကိုယ်ပိုင်နေရာ တစ်ခုရှိဖို့ အရေးကြီးး
တာကို နားမလည်နိုင်တဲ့သူ ဖြစ်မယ်။

Credit : Trend Myanmar
အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths