Thursday, February 25, 2016

အလုပ်လုပ်တယ်ဆိုတာ ပညာရှာခြင်းတစ်မျိုးပဲ



အလုပ်တစ်ခုကို ဝင်လုပ်လိုက်ပြီဆိုတာနဲ့ မိမိသိတာ တတ်တာတွေ ရှိပေမယ့် မသိတာ မတတ်တာတွေ အားလုံးကို သင်ယူလို့ ရနိုင်မယ့် ကျောင်းတစ်ခုလို့ စိတ်က သတ်မှတ်နိုင်ပါတယ်။

၁) ကိုယ့်အထက် အရာရှိထံမှ သင်ယူပါ

မိမိအထက်အရာရှိတွေ ရှိမယ်ဆိုရင် သူတို့ အတွေ့အကြုံတွေ သူတို့တတ်တဲ့ ပညာများကို လော့လာနိုင်ပါတယ်။ သင်ပေးချင်တာ မသင်ပေးချင်တာကတော့ သူ့အပိုင်းပေါ့။ ပညာလိုချင်တယ်ဆို
စိတ်ရှည် သည်းခံဖို့ လိုအပ်ပါတယ်။

၂) အောက်ကျို့တတ်အောင် ကြိုးစား

လူ့အောက်ကျို့လို့ လူပိမသေဘူး။ ဒါကြောင့် မိမိမသိတဲ့ မတတ်တဲ့ အရာတွေ ရှိနေမယ်ဆိုရင် အောက်ကျို့စွာ မေးမြန်းပါ။ ဒါမှလည်း မိမိကို သူများတွေက သင်ကြားပေးပါလိမ့်မယ်။

၃) လူတိုင်းကို အထင်းမသေးမိစေနဲ့

မိမိက အတတ်ပညာ ပြည့်စုံနေခဲ့လို့ အခြားသူတွေကိုတော့ အထင်မသေးမိပါစေနဲ့။ အထူးသဖြင့် လူတိုင်းကို အထင်မသေးမိအောင် ကြိုးစားပါ။

၎) သူများက သင်ပေးရင် သေချာလိုက်လုပ်

တစ်ပါးသူတွေက ကိုယ်မသိတဲ့ အရာတွေ ရှိလို့ သင်ပေးတဲ့ အခါမှာ ပေါ့ပေါ့လျော့လျော့ မတွေးပါနဲ့။ သေချာ လော့ပါ။ သေချာလိုက်လုပ်ပါ။ သူများတွေဟာ ခဏခဏ သင်ပေးနိုင်မှာ မဟုတ်ဘူး။

၅) သိလို တတ်လိုစိတ် အမြဲမွေး

အလုပ်မှာ အရာရာကို မိမိနဲ့ မဆိုင်ဘူးလို့ မတွေးနဲ့။ သိလိုတဲ့ စိတ် တတ်လိုစိတ်ကို မွေးမြူထားပါ။ စူးစမ်းပါ လေ့လာပါ။ ဒါမှသာ မိမိဟာ အလုပ်မှ သင်ပေးတဲ့ ပညာရပ်များကို တတ်မြောက်ပါလိမ့်မယ်။

Ref:Yoyarlay

-------------------------------------------------



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths