ခေတ်သစ်မီးဖိုချောင်တိုင်းမှာ ရေခဲသေတ္တာက မရှိမဖြစ် အသုံးအဆောင် တစ်ခုဖြစ်ပါတယ်။ အစားအစာတွေကို ကြာရှည်ခံစေပြီး အရည်အသွေးကို ထိန်းသိမ်းပေးနိုင်တယ်လို့ ယူဆတဲ့အတွက် ဖြစ်ပါတယ်။ဒါပေမဲ့ အိမ်ရှင်မ အများစု မသိကြတဲ့အကြောင်းက တချို့အစားအသောက်တွေကို ရေခဲသေတ္တာထဲ ထည့်ထားတဲ့အခါမှာ အရသာပြောင်းသွားတတ်တာကိုပါ။ ပိုကောင်းတဲ့အရသာကို ပြောင်းသွားတာတော့ မဟုတ်ပါဘူး။ နောက်ပြီး အေးခဲထားလိုက်တဲ့အခါမှာ တချို့အစားအသောက်တွေရဲ့အဟာရဓာတ်အရည်အသွေးကို လျော့ကျစေပြီး မြန်မြန်ပျက်စီးသွားစေတတ်တာလည်းရှိပါတယ်။ ဒီအစားအစာတွေကတော့-
၁)ဆေးဖက်ဝင်အပင်များ
ဆေးဖက်ဝင်အပင်ငယ်တွေကို ရေခဲသေတ္တာထဲမှာထားတာထက် ရေဖြည့်ထားတဲ့ ခရားတစ်ခုထဲမှာ ထားတာက ပိုမိုလတ်ဆတ်ပြီး ဆေးဖက်ဝင်အစွမ်းတွေကို လျော့နည်းသွားခြင်းက ကာကွယ်နိုင်ပါတယ်။
၂)အသီးအနှံများ
ထောပတ်သီး၊ ပန်းသီး၊ ငှက်ပျောသီး၊ ဘယ်ရီသီး၊ မက်မွန်သီး၊ တရုတ်ဆီးသီး စတဲ့အသီးတွေကို ရေခဲသေတ္တာထဲထည့်ထားတဲ့အခါ အရသာလျော့ပါးသွားစေပါတယ်။ မစားခင် နာရီဝက်လောက်အလိုမှာ ထည့်ပြီးစားတာက အကောင်းဆုံးဖြစ်ပါတယ်။
၃)ကော်ဖီ
အကောင်းဆုံးကော်ဖီအရသာကို လိုချင်ရင် လေလုံတဲ့ခွက်ထဲမှာ ထားတာ အကောင်းဆုံးဖြစ်တဲ့အတွက် ရေခဲသေတ္တာထဲမှာထားရင် စိုထိုင်းမှုက အရသာလျော့ပါးစေပါတယ်။
၎)ပျားရည်
ရေခဲသေတ္တာထဲထည့်ထားတဲ့ ပျားရည်က ပျစ်ခဲသွားပြီး အနံ့ရော အရသာကိုပါ လျော့စေပါတယ်။ ဒါကြောင့် ပျားရည်ကို ပုံမှန် အခန်းအပူချိန်ရှိပြီး နေရောင်တိုက်ရိုက်မကျတဲ့ နေရာမှာ ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
၅)ကြက်သွန်ဖြူ
ကြက်သွန်ဖြူကိုအအေးခန်းထဲမှာ ထားခြင်းက အရသာကို ထိခိုက်စေတဲ့အပြင် မှိုပေါက်ပွားစေနိုင်တာကြောင့် သူ့ရဲ့ သက်တမ်းကိုပါထိခိုက်စေပါတယ်။ကြက်သွန်ဖြူကို အေးမြပြီး မှောင်ရိပ်ကျတဲ့ နေရာမှာ စက္ကူအိတ်နဲ့ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
၆)ငရုတ်ဆော့စ်များနဲ့ အချဉ်ရည်များ
ရှာလကာရည်နဲ့ တာရှည်ခံဆေးတွေပါတဲ့အတွက် ရေခဲသေတ္တာထဲမှာ သိမ်းထားဖို့ မလိုပါဘူး။
၇)လက်ဖက်၊သနပ် အမျိုးမျိုး
တာရှည်ခံစေတဲ့ ဓာတ်အမြောက်အမြားပါဝင်နေတဲ့အတွက် အအေးခံပြီး ထိန်းသိမ်းထားစရာမလိုပါဘူး။လေအ၀င်အထွက်ရှိအောင် အပြင်မှာထားတာက အကောင်းဆုံးဖြစ်ပါတယ်။
၈)ပေါင်မုန့်
ပေါင်မုန့်ကို အေးခဲထားရင် အခြောက်မြန်သွားစေတဲ့အတွက် စားမကောင်းတော့ပါဘူး။ပေါင်မုန့်ကို ၄ ရက်လောက် အခန်းအပူချိန်မှာ ထားလို့ရပါတယ်။ဒါကြောင့် လတ်ဆတ်တဲ့ ပေါင်မုန့်စားချင်ရင်တော့ ကြောင်အိမ်ထဲမှာ ထားတာ အကောင်းဆုံးဖြစ်ပါတယ်။
Ref: trend myanmar
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment