ခင်ဗျား ယုံကြည်အားကိုးရတဲ့ အကောင်းဆုံး ဝန်ထမ်းတွေထဲက တယောက်ယောက်က ခင်ဗျားရဲ့စားပွဲရှေ့ လာပြီး အလုပ်ထွက်တော့မယ် လို့ ပြောလာတာမျိုး ကြုံဖူးကြမှာပါ။
ဘယ်လို ခံစားရပါသလဲ။
အလုပ်တွေရှုပ်နေချိန် များနေချိန်ဆို ငယ်ထိပ်မြွေ ပေါက်သလိုပါဘဲ။
သူ့ကိုပေးအပ်ထားတဲ့ တာဝန်တွေ ပြီးစီးအောင် ဘယ်သူ့ကိုဆက်တာဝန်ပေးရမလဲ
ကျန်တဲ့ ဝန်ထမ်းတွေကိုဘယ်လိုပြောရမလဲ။သိသွား ရင်ဘာတွေဖြစ်လာမလဲ။
သူ့ နေရာအစားထိုးဖို့ နောက်ထပ်လူကောင်းတ ယောက်ဘယ်လိုရှာဖွေရပါမလဲ။ရပါ့မလား။
စဉ်းစားစရာတွေ အများကြီးပါ။
ဒီဝန်ထမ်းအပေါ် တော်တော်များများ ကိစ္စ တွေမှာ အားကိုးနေရရင် ခင်ဗျားတို့ ခံစားလိုက်ရမယ့် စိတ်ပိုင်းဆိုင်ရာပြသနာ
တွေကဖေါ်ပြဖို့တောင်ခဲယင်းပါတယ်။ ရှောင်လွှဲလို့ မရနိုင်ပါဘူး။
တဘက်ကကြည့်ပြန်ရင်လည်း ဝန်ထမ်းတယောက် ဟာသူ့ဘဝ အသက်မွေးဝမ်းကြောင်းမှု အတွက် ပိုကောင်းတဲ့ အလုပ်အကိုင်တခု ရှာဖွေရမှာဖြစ်သလို
သူအလုပ်ထွက်ရတဲ့ ထဲမှာ လက်ရှိအလုပ်ပေါ် မှာ အဆင်မပြေငြီးငွေ့လာတာ စိတ်ပျက်လာတ (ခင်ဗျားကို) လည်းဖြစ်နိုင်ပါတယ်။
ဗြိတိသျှ လေကြောင်းလိုင်း Virgin Air ရဲ့ ဘောစ့် Richard Branson ကပြောဘူးပါတယ်
ဝန်ထမ်းတွေကို သင်တန်းပေး လေ့ကျင့်ယုံနဲ့ မရပါဘူးတဲ့ ။သူတို့ကို ခင်ဗျားဘယ်လောက် ပြောဆို ဆက်ဆံ လုပ်ကိုင် (ဘက်ပေါင်းစုံ) ပေးသလဲဆိုတာ ပေါ်မူတည်ပါတယ်တဲ့။
ဆရာ ကျနော် အလုပ်ထွက်တော့မယ် လို့ ပြောလာ တာနဲ့ စိတ်ဆိုးတာ ဒေါသထွက်တာ စိတ်ပျက်လက်ပျက် ဖြစ်တာတွေက တော့ သဘာဝ အရဖြစ်လာမှာပါ။
ဒါပေမယ့် အဲ့လို မဖြစ်အောင်နေစေခြင်ပါတယ်။
ဘာလုပ်သင့်တယ်ဆိုတာကတော့ ………..
၁။စိတ်အေးအေး ထားနိုင်အောင်ကြိုးစားပါ။
မိမိစိတ်ကိုလျော့ပြီး သူ့ဘဝအတွက် နောက်ထက် အလှည့်အပြောင်းကောင်းတခု ပေါ်လာတာဘဲလို့ နားလည်ပျော်ရွင်ပေးပါ။ ခင်ဗျားသာတကယ်ကောင်း တဲ့ သူတယောက်ဆိုရင် သူပြောင်းမယ် နောက်ကုမ္ပဏီရဲ့ အကြောင်းတွေ သူရဲ့ နောက်လုပ်အစီအစဉ်တွေကို မေးမြန်းသင့်ပါတယ်။အကြံပေးရပါမယ်။ ခေါင်းဆောင်တွေအတွက်အရေး ကြီးတာက ဒီလိုကိစ္စမျိုးဟာ ဝန်ထမ်းတွေကြားမှာ လျင်မြန်စွာပြန့်နှံ့ လွယ်တာကြောင့် အခြားဝန်ထမ်း
တွေရဲ့အမြင်မမှားရလေအောင် သတိထားဖြေ
ရှင်းရပါမယ်။
၂။ပုဂ္ဂိလ်ရေးမပါ ပါစေနဲ့။
သူတို့ အလုပ်ထွက်တာ ခင်ဗျား တယောက်တည်း ကြောင့်(မျှော်လင့်ရတာပါဘဲ) တော့မဟုတ်လောက် ပါဘူး။ အခြားသူတယောက်အတွက် ပိုကောင်းတဲ့ အခွင့်အရေးရလာမှာမျိုးကို ကိုယ်က အဆင်မပြေ ဖြစ်နေလို့မရပါဘူး။ သူတို့ ကိုယ်တိုင်က ခင်ဗျား ကြောင့်သာ ထွက်တာမျိုးဆိုလည်း ဘယ်သူမှ ဘာမှ လုပ်လို့ မရပါဘူး။
၃။ ရိုးသားပွင့်လင်းစွာပြောဆိုဆွေးနွေးပါ။
ပွင့်ပွင့်လင်းလင်းပြောကြတာကောင်းပါတယ်။
လုပ်ငန်းခွင်မှာ ဘာအဆင်မပြေတာမျိုးရှိသလဲ။ဘာတွေ ပြုပြင်ဖို့ လိုသလဲဆိုတာမျိုးတွေ ဆွေးနွေးပါ
ဝန်ထမ်းအတွက် ထွက်မှာသေချာနေပြီးဆိုတော့ ပြောခြင်တာပြောလို့ ရနေတဲ့အချိန်ကောင်းပါ။ သူ့ကို အလုပ်ထွက်အင်တာဗျူးလုပ်တာမျိုးမဖြစ်စေဘဲ သူ့ရဲ့အကြံဉာဏ်ကိုယူတာမျိုး ဖြစ်စေရပါမယ်
၎။သူ့ရဲ့အတွေ့အကြုံကောင်းတွေကို ကျန်တဲ့အချိန် လေးမှာ မျှဝေဖို့ ပြောပါ။
ဒီအပြုအမူက ကိုယ့်အနေနဲ့ သူလုပ်ခဲ့တဲ့ တာဝန် တွေအပေါ် အသိအမှတ်ပြုလေးစားကြောင်း ပြရာရောက်သလို ကိုယ့်ရဲ့ပုံရိပ်ကိုလည်း မြင့်တက်စေပါတယ်။
၅။ကျန်တဲ့ ဝန်ထမ်းတွေအားလုံးကို အခြေအနေ မှန်ကို ပြောပြပါ။
မိမိအနေနဲ့ သင်တော်တဲ့ တယောက်အမြန်ဆုံး အစား ထိုးမယ့်ကြောင်း ဒီကြားထဲမှာ လိုအပ်နေတဲ့ကွက်လပ်တွေကို ဘယ်လို ပူးပေါင်း ဖြေရှင်းဆောင်ရွက်ရမလဲဆိုတာတွေကို ပွင့်လင်းစွာအားလုံးနဲ့ ဆွေးနွေးတိုင်ပင်ပါ။ ကျန်သူများကိုလည်း ကိုယ်က အလေးထားကြောင်း ပြသပေးပါ။
ဒီဝန်ထမ်းနုတ်ထွက်မှု ရှောရှောရှူရှူ ဖြစ် ပြီး ကုမ္ပဏီအတွက် အခြားနောက်ဆက်တွဲ ပြသနာ တွေမပေါ်ရလေအောင် လိုက်နာဆောင်ရွက်ရမှာ တွေရှိပါတယ်။
၁။အရင်လုပ်ကိုင်ခဲ့တဲ့မှတ်တမ်း တွေကို စနင်တကျ သိမ်းဆည်းပါ။နောက်လူလာတော့ပိုအဆင်ပြေ
ချောမွေ့လွယ်ကူစေပါတယ်။
၂။အရေးကြီး အားကိုးရမယ့်ကိစ္စမျိုးတွေမှာ တယောက်ထည်းလုပ်ကိုင်စေတာမျိုး မလုပ်ပါနဲ့။
လူဖြန့်ထားပါ။ တယောက်မဟုတ် တယောက် သိနေအောင်လုပ်ထားပါ။ဒါဆို ဘယ်သူထွက်ထွက် ပြသနာမရှိနိုင်တော့ပါဘူး။
မဖြစ်မနေ အလုပ်ထွက်ကြပြီဆိုရင်လည်း ထွက်ရတဲ့ အကြောင်း အောက်ပါမေးခွန်းမျိုးတွေ မေးထားသင့်ပါတယ်။ လူကိုယ်တိုင်တွေပြီးဖြစ်စေ ဖုန်းနဲ့ အေးအေးဆေးဆေး ဆက်ပြီးဖြစ်စေပေါ့။
သူတို့ ရဲ့ ဘယ်အတိုင်းအတာအထိ ပွင့်လင်းစွာဖြေ ပေးသလဲအပေါ်မူတည်ပြီး ခင်ဗျားနောက်ဆက်လုပ်ရမယ့် ပြုပြင်ရမယ့် အရာတွေ တွေ့လာမှာပါ။
အလုပါထွက် ရတဲ့အကြောင်းမေးခွန်းမျိုးနဲ့
ဆက်နေစေချင်ရင် မေးရမယ့် မေးခွန်းမျိုး ဆို ပြီးခွဲခြားထားပါတယ်။
အလုပ်ထွက်ရင်မေးရမှာတွေကတော့
၁။အလုပ် အသစ်ကြောင့်ထွက်မယ်ဆိုရင် ဟိုက ဘယ်လို အဆင့်အတန်းမျိုး ပေးလို့လဲ။ဒီမှာ မရနိုင်လို့ လား
၂။ဒါဟာ တခုတည်းသေားအကြောင်းအရာလား။
၃။ ထွက်မယ်လို့မဆုံးဖြတ်ခင်မှာ တခြားသူတွေကို ရော မတိုင်ပင်ဖြစ်ဘူးလား။
၎။လက်ရှိ အလုပ်မှာ မကြိုက်ဆုံးအရာကဘာလဲ။
၅။မင်းရခဲ့တဲ့ လစာ ခံစားခွင့် ဆုကြေးတွေကို ရော ကျေနပ်ရဲ့လား
၆။မင်းကို ဘယ်လောက်အထိ လက်ရှိအလုပ် က မျှော်မှန်း ချက်ထား ထားတယ်ဆိုတာ ရှင်းရှင်းလင်း လင်း သိနားလည် ရဲ့လား ။
ဆိုတာမျိုးတွေမေးထားသင့်ပါတယ်။
အလုပ်မထွက်တော့ဘူး ဆက်နေဖြစ်မယ်လို့ ဆုံးဖြတ်မယ်ဆို လည်း အောက်ပါမေးခွန်းတွေ မေးမြန်းရပါမယ်။
၁။ဒီမှာ ဆက်နေဖြစ်တယ်ဆိုရင် မင်းရဲ့ အကြိုက်ဆုံး အလုပ်ရဲ့ အကြောင်းအရာ ကဘာလဲ။
၂။မင်း သူငယ်ချင်းတယောက် ဒီကုမ္ပဏီမှာ အလုပ် လုပ် ချင်ကြောင်းပြောလာရင် ဘာကြောင့် လုပ်သင့်တယ်လို့ ပြောမလဲ။
၃။မင်းလုပ်နေရတဲ့ အလုပ်နဲ့ မင်းရဲ့ကျွမ်းကျင်မှု စိတ်ဝင်စားမှု ထပ်တူကျရဲ့လား
၎။ ကုမ္ပဏီဖက်ကရော မင်းရဲ့အရည်းအချင်းတွေကို အားလုံးးအသုံးချမှု ရှိရဲ့လား ။ဘာတွေလုပ်ပေးနိုင်ဦးမလဲ။
၅။မင်းရဲ့ အကြံဉာဏ်တွေ အမြင်တွေကို ကုမ္ပဏီဘက်က လေးစား တန်ဖိုးထားရဲ့လား။
၆။မင်းကို အလုပ်ခွင်ပြုပြင်ပြောင်းလဲရေးလုပ်ခွင့်
ပေးရင် စပြီး ပြောင်းချင်တဲ့ အကြောင်းအရာ တခုက ဘာလဲ။
၇။ဘာကြောင့် မင်းအလုပ်ထွက်ဖို့ စိတ်ကူးဖြစ်လာရတာလဲ
ဆိုတာမျိုးတွေ မေးမြန်းသင့်ပါတယ်။
…နှစ်ဘက်လုံး ပြုပြင် ပြောင်းလဲနိုင် ကြပါစေ။
Writer-ကောင်းငြိမ်းစိုး
Ref:ကျောက်သင်ပုန်း
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment