Tuesday, February 23, 2016

တစ်ခါကျရှုံးခဲ့ဘူးတဲ့အောင်မြင်သူများ



၁) မိုက်ကယ်ဂျော်ဒန် (Michael Jordan)

ကမ္ဘာကျော်ဘတ်စကတ်ဘောကစားသမားကြီးဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်ဟာ သူ့ရဲ့ အထက်တန်းကျောင်း ဘတ်စကတ်ဘောအသင်းကနေ အပယ်ခံရပြီးတဲ့နောက်မှာ အခန်းတံခါးပိတ်ပြီး တစ်ယောက်ထဲ ငိုကြွေးခဲ့ရဖူးပါတယ်…

၂) စတိဗ်ဂျော့ (Steve Jobs)

ကမ္ဘာကျော် Apple ကုမ္ပဏီကြီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ စတိဗ်ဂျော့ဟာ အသက် ၃၀ အရွယ်မှာ သူစတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ သူ့ကိုဖယ်ရှားခံလိုက်ရတဲ့အတွက် ဝမ်းနည်းအားငယ်ပြီး ယူကျုံးမရခံစားခဲ့ရဖူးပါတယ်…

၃) ဝေါ့ဒစ္စနေး (Walt Disney)

ဆန်းကြယ်ထူးခြားတဲ့ ဇာတ်ကောင်တွေကို ဖန်တီးလေ့ရှိတဲ့ ကမ္ဘာကျော်ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်… animation ကာတွန်းဇာတ်ကောင်တွေကို ရှေ့ဆောင်တီထွင်သူ… Disneyland ကို တည်ထောင်သူ ဝေါ့ဒစ္စနေးဟာ သတင်းစာတိုက်တစ်ခုကနေ “စိတ်ကူးစိတ်သန်းမကောင်းခြင်း” နဲ့ “ပင်ကိုယ်အတွေးအခေါ်မရှိခြင်း” ဆိုတဲ့အကြောင်းပြချက်တွေနဲ့ အလုပ်ထုတ်ခံခဲ့ရဖူးပါတယ်…

၎) ဘီတဲလ်စ် (The Beatles)

ကမ္ဘာကျော်တေးဂီတအဖွဲ့ဖြစ်တဲ့ ဘီတဲလ်စ်ဟာ Decca တေးထုတ်လုပ်ရေးကနေ “သူတို့ရဲ့အသံကိုမကြိုက်ဘူး” “ရှိုးပွဲတွေမှာ သူတို့ရဲ့အနာဂတ်မရှိဘူး…” လို့ပြောဆိုပြီး ငြင်းပယ်ခံခဲ့ရဖူးပါတယ်..
.
၅) အမ်မီနမ် (Eminem)

ကမ္ဘာကျော် Rapper တစ်ဦးဖြစ်တဲ့ အမ်မီနမ်ဟာ ကျောင်းပညာရေးတစ်ပိုင်းတစ်စသာသင်ခဲ့ရပြီး မူးယစ်ဆေးဝါးစွဲနေတဲ့ဘဝက ရုန်းကန်ခဲ့ရပါတယ်… ကိုယ့်ကိုယ်သတ်သေဖို့ကြိုးစားခဲ့ဖူးပြီး ချွတ်ချုံကျတဲ့အထိ ငွေကြေးအခက်အခဲတွေရင်ဆိုင်ခဲ့ရဖူးပါတယ်….

၆) အော်ပရာဝင်းဖရေး (Oprah Winfrey)

အမေရိကန်နဲ့နာမည်ကျော် “The Oprah Winfrey Show” တင်ဆက်သူဖြစ်တဲ့ အော်ပရာဝင်းဖရေးဟာ သူမရဲ့အလုပ်မှာ သတင်းကြေညာသူအဖြစ် ရာထူးလျှော့ချခြင်းခံခဲ့ရဖူးပါတယ်… အကြောင်းပြချက်က သူမဟာ ရုပ်မြင်သံကြားအစီအစဉ်တွေအတွက် မသင့်လျှော်လို့ဖြစ်ပါတယ်…

၇) အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein)

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်းဟာ
အသက် ၄ နှစ်အရွယ်အထိ စကားမပြောတတ်သေးပါဘူး… သူ့ဆရာတွေကလည်း သူ့ကို ဥာဏ်ရည်မမီသူအဖြစ် သုံးသပ်ခဲ့ကြပါတယ်…

၈) ချာလီချက်ပလင် (Charlie Chaplin)

ကမ္ဘာကျော်ဟာသသရုပ်ဆောင်ကြီးဖြစ်တဲ့ ချာလီချက်ပလင်ဟာ
အစောပိုင်းမှာ ဟောလီးဝုဒ်ကရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ငြင်းပယ်မှုကိုခံခဲ့ရဖူးပါတယ်… အကြောင်းကတော့ သူ့သရုပ်ဆောင်ချက်တွေဟာ အဓိပ္ပာယ်မဲ့တဲ့ ပေါက်ကရလုပ်ဆောင်ချက်တွေဖြစ်နေတယ်လို့ ဆိုပါတယ်….

၉) အေဗရာဟမ်လင်ကွန်း
(Abraham Lincoln)

ကမ္ဘာကျော် အမေရိကန်သမ္မတကြီးဖြစ်တဲ့ လင်ကွန်းဟာ
အလုပ်ပြုတ်ခဲ့ဖူး၊ စီးပွားရေးမှာ အရှုံးပေါ်ခဲ့ဖူး၊ စိတ်ဓာတ်အကြီးအကျယ် ကျဆင်းပြိုလဲခဲ့ဖူးသူဖြစ်ပြီး နိုင်ငံရေးလောကမှာလည်း အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ လွဲချော်ခဲ့ အငြင်းပယ်ခံခဲ့ရသူတစ်ဦးဖြစ်ခဲ့ပါတယ်…

Credit to နှိုင်းရင့် နွေ



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths