သစ်ပင်ပေါက်ကလေးတွေဟာ သစ်ပင်ကြီးတွေ အောက်ရောက်နေတဲ့အခါ လောင်းရိပ်မိပြီး ရှင်သန်ဖွံ့ ဖြိုးမှု အားနည်းသွားကြပါတယ်။
လောင်းရိပ်မိတဲ့ အရာ တော်တော်များများဟာ ရှင်သန်မှုထက် ကျရှုံးမှု များသွားတာ တွေ့ ရပါလိမ့်မယ်။ ဒီ့အတွက်လည်း လောင်းရိပ်လို့ ဆိုရင် လူတွေဟာ ကြောက်ရွံ့ တတ်ကြပါတယ်။
သို့ သော် မေတ္တာနဲ့ မိုးထားတဲ့ လောင်းရိပ်ကတော့ သိပ်ကို အေးမြပါတယ်။ ခွန်အားတွေလည်း မျှဝေပေးပါသေးတယ်။ မေတ္တာခြုံရင် လုံတယ်ဆိုသလိုပေါ့၊ မေတ္တာလောင်းရိပ်ဟာ အရာတိုင်းကိုလည်း လုံခြုံမှုပေးပါသေးတယ်။
မေတ္တာလောင်းရိပ်ကို မိဘတွေနဲ့ သားသမီးတွေကြားမှာ ဖြစ်ပေါ်ပါတယ်။ ဆရာသမားတွေနဲ့ တပည့်သားသမီးတွေကြားမှာလည်း ဖြစ်ပေါ်ပါသေးတယ်။ စစ်မှန်တဲ့ မေတ္တာ အရိပ်အောက်မှာ နေထိုင်ရခြင်းဟာ ငြိမ်းအေးသော ဘ၀ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။
အခြားသော လောင်းရိပ်တွေနဲ့  ဆန့် ကျင့်ဘက်ဖြစ်တဲ့ မေတ္တာလောင်းရိပ်အောက်မှာ နေထိုင် ရှင်သန်ဖို့ သာ ကြိုးစားကြပါ။ မည့်သည့်အခါမှ စွန့် ပစ်သွားဖို့ လည်း မကြိုးစားပါနဲ့ ။ မေတ္တာလောင်းရိပ်အောက်မှာ နေထိုင်ရတဲ့ အချိန်တွေဆိုတာ အကန့် အသတ်နဲ့ ရှိတယ်ဆိုတာလည်း သိထားစေချင်ပါတယ်။
အောင်မြင်ကျော်ကြားတဲ့ လူတွေဟာ မေတ္တာလောင်းရိပ်အောက်မှာ အေးချမ်းစွာ နေထိုင်သွားခဲ့ဖူးသူများ ဖြစ်ပြီး မေတ္တာလောင်းရိပ်ရဲ့ တန်ဖိုးကိုလည်း အမြဲနားလည်းခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မေတ္တာလောင်းရိပ်တန်ဖိုးကို နားလည်နိုင်ကြပါစေ။
Credit: True Man
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment