Friday, August 26, 2016

လုပ်ရမဲ့အလုပ်တွေဘာလို့မပြီးတာလဲ

အထက်ကပေးထားတဲ့ တာဝန်တွေ မပြီးသေးဘူး!!
ကျောင်းက လုပ်ခိုင်း တဲ့ Assignment တွေ မပြီးသေးဘူး!!
စာမေးပွဲက နီးနေပြီ စာတွေက မလုပ်ရသေးဘူး!!

စသဖြင့် လူတော်တော်များများက ကိုယ်လုပ်ရမယ့်အရာတွေကို အချိန်မီမပြီး စီးတတ်ကြပါဘူး။ ဘာဖြစ်လို့ မပြီးတာလဲလို့ မေးခွန်းထုတ်လိုက် ရင်တော့ အောက်မှာဖော်ပြထားတဲ့ အကြောင်းရင်းလေးတွေကြောင့်
မပြီးတတ်တာပါလို့ပဲ ပြောရပါမယ်။

(၁) လုံလောက်တဲ့ ထက်သန်စိတ်မရှိလို့

တစ်ခုခုကို မပြီးဘဲဖြစ်နေ တာ အဓိကအကြောင်းရင်းက လုံလောက်တဲ့ ထက်သန်စိတ်မရှိလို့ပါပဲ။ ထက်သန်စိတ်မရှိခြင်းကပျင်းရိခြင်းကို ဦး တည်နိုင်ပြီး အလုပ်တွေကို မပြီးပြတ်ဘဲ ဖြစ်စေနိုင်ပါတယ်။ 

သိထားရမှာ တစ်ခုက ထက် သန် စိတ်ရှိမှ အလုပ်လုပ်မယ်ဆိုရင် ကိုယ်ပြီးမြောက် ရမယ့် ကိစ္စတော်တော် များများ က မပြီးတော့ဘဲ နေပါမယ်။ အလုပ်ဆိုတာ စိတ်ပါမှ လုပ်လို့မဖြစ်ပါဘူး။ တာဝန်သိစိတ်၊ တာဝန်ယူစိတ် ကို အခြေခံပြီး အလုပ်လုပ်မှပဲ အလုပ်ဖြစ်နိုင်ပါမယ်။

(၂) ဦးစားပေးမသတ်မှတ်လို့

စာအုပ်တစ်အုပ် ပြီးအောင်ဖတ်မယ် ဆုံးဖြတ်ထားတဲ့အချိန်မှာ တီဗီကြည့်မိ တာမျိုး။ Assignment တစ်ခု ပြီးအောင်လုပ်ရမယ့် အချိန်မှာ သူငယ်ချင်းနောက် ပါသွားတတ်တာမျိုး။ ဒီလိုမျိုး ဦးစားပေး ရမယ့် ကိစ္စတွေကို ဦးစားမပေးဘဲ ဟိုလုပ်ဒီလုပ် လုပ်တတ်တဲ့အကျင့်တွေကြောင့်လည်း အလုပ်တွေ နှောင့်နှေး ရတတ်ပါတယ်။

(၃) အချိန်ဆွဲတတ်လို့

ပြင်ဆင်ရမယ့်ထဲမှာ အချိန်ဆွဲတတ်တဲ့အကျင့်က ထိပ်ဆုံးက ပါပါတယ်။ သတ်မှတ်ထားတဲ့ရက်မရောက်သေးဘူးဆို ဟိုရွှေ့ဒီရွှေ့လုပ်တတ်ပြီး၊ အနားနီးကပ်မှ ဖုတ်ပူမီးတိုက်လုပ်တတ်တာ ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ ကိုယ့်ကို ဖိအားတွေများစေနိုင်သလို၊ ကိုယ့်အလုပ်ရဲ့အရည်အသွေးတွေ လည်း လျော့ကျသွားတတ်ပါတယ်။ ဒီအကျင့်ကို ပြင်ဖို့ အကောင်းဆုံးနည်း လမ်းကတော့ ဘာလုပ်လုပ် အခုချက်ချင်းလုပ်တတ်တဲ့ အကျင့် မွေးမြူဖို့ပါပဲ။

(၄) အစီအစဉ်သေချာမချလို့

ဘာပြီးရင် ဘာလုပ်မယ်။ ဘယ်နေ့မှာ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေကို စနစ်တကျ ချမှတ်ထားရင် အလုပ်မပြီးဘူးဆိုတာ မရှိပါဘူး။ လုပ်ရမယ့် အလုပ်တွေ ကို အချိန်မှီပြီးစီးချင်တယ်ဆိုရင်တော့ စနစ်ကျတဲ့ အစီစဉ်လေးတွေ ရှိဖို့ လိုပါမယ်။

(၅) ပျင်းနေလို့

နိဂုံးချုပ်ရရင်တော့ လုပ်ရမယ့် အလုပ်တွေ ပြီးရမယ့်အချိန်မှာ မပြီးစီးတာ ပျင်းနေ တဲ့ အကျင့်ကြောင့်ပါပဲ။

ရွှေညာမောင် (Focus Youth)

Credit>>>Focus Youth E-magazine


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths